Tuesday, January 14, 2020

အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်းမှာ ခေတ်အဆက်ဆက်တွင်ရှိခဲ့ဟု ဆို

Image may contain: car and outdoorImage may contain: 1 person, sitting and indoor

အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်းမှာ ခေတ်အဆက်ဆက်တွင်ရှိခဲ့ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးက ပြောသည်။

လုပ်သက်၂၅ နှစ်နှင့်အထက်နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသူများ၊ ညွှန်ကြားရေးမှူးချုပ်နှင့်အထက်ကို ပထမအဆင့်အနေဖြင့် ကားတင်သွင့်ပြုမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အောက်ခြေဝန်ထမ်းများအထိ ကားတင်သွင်းခွင့်ပြုမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားခြင်းအပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ သမ္မတကြီးဦးနေဝင်းလက်ထက်တုန်းကလည်း ဒီလိုမော်တော်ယာဉ်တွေကိုတာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဝန်ကြီးတွေ၊ ညွှန်ကြားရေးမှူးတွေ၊ ညွှန်ချုပ်တွေကိုအဆင့်ဆင့်ချပေးထားတာပဲ။ ဦးသန်းရွှေလက်ထက်မှာလည်း တွေ့ရတယ်။ ဦးသိန်းစိန်လက်ထက်မှာလည်း တွေ့ရတယ်။ အဲဒီဟာလေးတွေက ခေတ်အဆက်ဆက်က လုပ်ခဲ့တဲ့အကြောင်းအရာလေးတွေပေါ့။ NLD အစိုးရလက်ထက်ရောက်မှ ဒီမူဝါဒအသစ်ချမှတ်ပေးတဲ့ ပုံစံတော့မမြင်ဖူးဘူး။ သေချာပြန်ပြီးလေ့လာသုံးသပ်ကြည့်တဲ့အခါမှာ ၂၅ နှစ်တာလုပ်ခဲ့တဲ့ပြည်သူတွေ၊ ဝန်ထမ်းတွေပေါ့။ အဲဒီဝန်ထမ်းတွေကို ပင်စင်ယူရင်သော်လည်းကောင်း၊ အပြောင်းအလဲလုပ်ရင်သော်လည်းကောင်း၊ နောက်ပြီး ၂၅ နှစ်မှာ ပြည်သူ့ဝန်ကိုထမ်းခဲ့တဲ့သူတွေကို နိုင်ငံတော်ကခံစားခွင့်အနေနဲ့ အခွင့်အရေးတစ်ခုအနေနဲ့ နိုင်ငံတော်က ဒီလိုစီမံပြီးချပေးတယ်လို့မြင်တယ်။ ကန့်ကွက်ဖို့လည်းမရှိပါဘူး”ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးက ပြောသည်။
အခွန်ပေးဆောင်ပြီး မော်တော်ယာဉ်တင်သွင်းလာသည့်အဖွဲ့အစည်းများမှ ယင်းကြေညာချက်ကို ကန့်ကွက်မှုများရှိနေပြီး နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြထားကြောင်း သိရသည်။
ပြည်တွင်း၌ လက်ရှိတပ်ဆင်ပြီးထုတ်လုပ်တင်သွင်းလာသည့်ကားများသည် နိုင်ငံတော်သို့အခွန် ၁၀ ရာခိုင်နှုန်းသာ ပေးဆောင်ရကြောင်း သိရသည်။
စုသက်နှင်း(အကုန်သိသတင်းဌာန) 
Unicode Version
အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်းမှာ ခေတ်အဆက်ဆက်တွင်ရှိခဲ့ဟု ဆို
-------- စုသက်နှင်း(အကုန်သိသတင်းဌာန) --------

အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်းမှာ ခေတ်အဆက်ဆက်တွင်ရှိခဲ့ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးက ပြောသည်။
လုပ်သက်၂၅ နှစ်နှင့်အထက်နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသူများ၊ ညွှန်ကြားရေးမှူးချုပ်နှင့်အထက်ကို ပထမအဆင့်အနေဖြင့် ကားတင်သွင့်ပြုမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အောက်ခြေဝန်ထမ်းများအထိ ကားတင်သွင်းခွင့်ပြုမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားခြင်းအပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ သမ္မတကြီးဦးနေဝင်းလက်ထက်တုန်းကလည်း ဒီလိုမော်တော်ယာဉ်တွေကိုတာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဝန်ကြီးတွေ၊ ညွှန်ကြားရေးမှူးတွေ၊ ညွှန်ချုပ်တွေကိုအဆင့်ဆင့်ချပေးထားတာပဲ။ ဦးသန်းရွှေလက်ထက်မှာလည်း တွေ့ရတယ်။ ဦးသိန်းစိန်လက်ထက်မှာလည်း တွေ့ရတယ်။ အဲဒီဟာလေးတွေက ခေတ်အဆက်ဆက်က လုပ်ခဲ့တဲ့အကြောင်းအရာလေးတွေပေါ့။ NLD အစိုးရလက်ထက်ရောက်မှ ဒီမူဝါဒအသစ်ချမှတ်ပေးတဲ့ ပုံစံတော့မမြင်ဖူးဘူး။ သေချာပြန်ပြီးလေ့လာသုံးသပ်ကြည့်တဲ့အခါမှာ ၂၅ နှစ်တာလုပ်ခဲ့တဲ့ပြည်သူတွေ၊ ဝန်ထမ်းတွေပေါ့။ အဲဒီဝန်ထမ်းတွေကို ပင်စင်ယူရင်သော်လည်းကောင်း၊ အပြောင်းအလဲလုပ်ရင်သော်လည်းကောင်း၊ နောက်ပြီး ၂၅ နှစ်မှာ ပြည်သူ့ဝန်ကိုထမ်းခဲ့တဲ့သူတွေကို နိုင်ငံတော်ကခံစားခွင့်အနေနဲ့ အခွင့်အရေးတစ်ခုအနေနဲ့ နိုင်ငံတော်က ဒီလိုစီမံပြီးချပေးတယ်လို့မြင်တယ်။ ကန့်ကွက်ဖို့လည်းမရှိပါဘူး”ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးက ပြောသည်။
အခွန်ပေးဆောင်ပြီးမော်တော်ယာဉ်တင်သွင်းလာသည့်အဖွဲ့အစည်းများမှ ယင်းကြေညာချက်ကို ကန့်ကွက်မှုများရှိနေပြီး နိုင်ငံတော်သမ္မတရုံးနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြထားကြောင်း သိရသည်။
ပြည်တွင်း၌လက်ရှိတပ်ဆင်ပြီးထုတ်လုပ်တင်သွင်းလာသည့်ကားများသည် နိုင်ငံတော်သို့အခွန် ၁၀ ရာခိုင်နှုန်းသာ ပေးဆောင်ရကြောင်း သိရသည်။

No comments:

Post a Comment

My Blog List