Monday, January 13, 2020

အခြေခံပညာအတန်းများ၏ စာသင်ကာလတိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ရန်ကင်းပညာရေးကောလိပ်တွင် ပြုလုပ်

Image may contain: 2 people, people smiling, people standingImage may contain: one or more people
အခြေခံပညာအတန်းများ၏ စာသင်ကာလတိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ၁၃ရက် နံနက်ပိုင်းက ရန်ကင်းပညာရေးကောလိပ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရန်ကင်းပညာရေး ကောလိပ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကင်းပညာရေးကောလိပ် ကျောင်းဝင်းအတွင်းရှိ မြတ်ပညာခန်းမဆောင်ရှေ့တွင် ကျောင်းသားကျောင်းသူများထံသို့ ဖဲကြိုးစိမ်းများနှင့် လက်ကမ်းစာဆောင်များ ဝေငှခဲ့ကြောင်း၊ အဆိုပါဖဲကြိုးစိမ်းများကို ကျောင်းသားကျောင်းသူများ၏ ရင်ဘက်တွင်တပ်ဆင်ကာ သက်ဆိုင်ရာအတန်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်ရခြင်းမှာ ကျောင်းသားသမဂ္ဂများသည် အခြေခံဆရာ ဆရာမများနှင့် တစ်သားတည်းဝှိကြောင်းနှင့် အောက်ခြေဆန္ဒသဘောထားမပါသော ပညာရေးဝန်ကြီးဌာနအား ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း၊ "အတန်းငယ်များအား မတ်လနောက်ဆုံးပတ်တွင် စာမေးပွဲဖြေဆိုရခြင်း၊ စစ်ဆေးခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်၊ စမ်းသပ်ခံပညာရေး အလိုမရှိ" စသည့်တောင်းဆိုချက်များဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့ ဒီနေ့လုပ်ရတဲ့ အကြောင်းအရင်းကတော့ ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီးတို့ကနေ ကျောင်းသားကျောင်းသူတွေကို မတ်လအထိ ကျောင်းတက်ခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်ပါတယ်။ဖဲကြိုးစိမ်းလှုပ်ရှားမှု ရည်ရွယ်ချက်ကတော့ မတ်လအထိ ကလေးတွေကို ကျောင်းတက်ရမယ်၊ စာမေးပွဲစစ်ဆေးခိုင်းတယ်။ အဲ့လိုတွေလုပ်တဲ့အခါကျတော့ အခြေခံပညာက ဆရာ၊ ဆရာမတွေရော မြေပြင်ကအခြေအနေတွေကိုရောကို လုံးဝအကဲမခတ်ဘဲနဲ့ ဆရာ၊ ဆရာမတွေရဲ့ပြောစကားတွေ ကျောင်းသားသမဂ္ဂ‌တွေရဲ့ တိုက်တွန်းနှိုးဆော်မှုတွေကို လက်မခံပဲနဲ့ သူတို့ရဲ့ဆန္ဒတစ်ခုတည်းနဲ့ လုပ်ခဲ့တာဖြစ်တယ်။ အဲ့အတွက် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဖဲကြိုးစိမ်းကို အဆင့်ဆင့်ပြုလုပ်လာတယ် အဲ့ဒီအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကို ဆရာ၊ ဆရာမတွေရဲ့စကားသံတွေကို လက်ခံစေချင်ပါတယ် '' ဟု ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂမှ ကိုမင်းသုခန့်က ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပညာရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ်များတွင်သာမက အခြေခံပညာကျောင်းများတွင်ပါ ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာရှိ အဖွဲ့အစည်းများ၊ သမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ်ပြန်လည်သတ်မှတ်သည့်အချိန်မှသာ ရပ်နားမည်ဖြစ်ပြီး တောင်းဆိုချက်များမရခင် လှုပ်ရှားမှုများကို နေ့စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာတွင် မတ်လကုန်အထိ စာသင်ကာလသတ်မှတ်ရန် စီစဉ်နေကြောင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ဦးကိုလေးဝင်းတို့၏ ပြောကြားချက်များနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာအမှတ် စာစစ် /၁/ အချိန်စာရင်း /၁၈၄၈/၂၀၁၉ အရသိရှိရကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီထံမှ သိရှိရသည်။
ယင်းကဲ့သို့ စီစဉ်နေမှုအပေါ် ဝေဖန်ကန့်ကွက်နေကြသည့် အခြေခံပညာရှိ ဆရာ ဆရာမများ ဝန်ထမ်းများအားကိုယ်စားပြုသည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်တို့နှင့် တိုင်ပင်ဆွေးနွေးပြီးမှ အတည်ပြုရန် ၂၀၁၉ ဒီဇင်ဘာ ၃၀ တွင် အခြေခံပညာဦးစီးဌာန (ရုံးချုပ်) တွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် တွေ့ဆုံစဉ် အလေးအနက် တိုက်တွန်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဇန်နဝါရီ ၂ရက်နေ့က ပျဉ်းမနားမြို့တွင် ကျင်းပသည့် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာန တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲတွင် အခြေခံပညာစာသင်ကာလကို မတ်လကုန်အထိ တိုးမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားလိုက်ခြင်းသည် အခြေခံပညာကိုယ်စားပြု သမဂ္ဂများ၊ အဖွဲ့အစည်းများနှင့် ကျောင်းသားသမဂ္ဂများ၏ တိုက်တွန်းတောင်းဆိုမှုများကို လျစ်လျူရှု့ပြောကြားသည်ဟု ကော်မတီမှ သုံးသပ်ရှု့မြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။
ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများ၏ အခြေခံပညာရေးလုပ်ငန်းခွင်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားသမဂ္ဂများ၏ ဝေဖန်မှုများနှင့်သဘောထားများအား လျစ်လျူရှုခြင်း၊ သင်ရိုးသစ်/သင်ရိုးဟောင်း စာသင်ကာလများအား စနစ်တကျ စီမံခန့်ခွဲမှုအားနည်းခြင်း စသည်တို့ကို ကန့်ကွက်ခြင်းအားဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုများအား အဆင့်ဆင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုလုပ်ဆောင်ရာတွင် ရည်ရွယ်ချက် သဘောထားတူညီသော မည်သည့်အဖွဲ့အစည်းဖြင့်မဆို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အခြေခံပညာရေးစာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်ခြင်းအား ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပညာရေးဝန်ကြီးဌာနမှ အခြခံပညာရေးစာသင်ကာလ မတ်လကုန်အထိ သတ်မှတ်မည့်အစား အခြေခံပညာရေးရှိ ဝန်ထမ်းအဖွဲ့အစည်းများ၊ သမဂ္ဂများ အပါအဝင် ကျောင်းသားသမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ်ပြန်လည်သတ်မှတ်သည့်အချိန်မှသာ ရပ်နားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
Image may contain: 2 people, people smiling, text that says 'ELEVEN'
Image may contain: one or more people, text that says 'ELEVEN'
Image may contain: 2 people, people smiling
No photo description available.
Image may contain: 4 people, people smiling, people standing
Image may contain: 1 person
Image may contain: one or more people
Image may contain: 1 person, smiling, closeup
Image may contain: 4 people
Image may contain: one or more people
Eleven 

No comments:

Post a Comment

My Blog List