Friday, January 17, 2020

တရုတ်သမ္မတခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းနှင့် ရခိုင်ပြည်နယ်ပြဿနာကိစ္စများ ထည့်သွင်းဆွေးနွေးဖွယ်ရှိဟုဆို


Image may contain: 7 people, people smiling, people standing

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
သမ်မတရှီကငြ့ျဖငြျသညျ နိုငျငံတောျသမ်မတ ဦးဝငျမွငျ့၊ နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား နိုင်ငံရေးခေါင်းဆောင်များအားလည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းက ပြောသည်။

ခရီးစဉ်အတွင်း နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးကဏ္ဍများနှင့်သက်ဆိုင်သော သဘောတူစာချုပ် အများအပြားကို လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

သမ္မတ ရှီကျင့့်ဖျင်သည် ခရီးစဉ်အတွင်း ခါးပတ်လမ်းမစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့်လုပ်ငန်းများ တုံ့ဆိုင်းနေသည်ကို ပြန်လည်လှုပ်နှိုးနိုင်ရန် ကြိုးစားမည်ဖြစ်ပြီး ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းကိစ္စ၊ ရခိုင်ပြည်နယ် ဒုက္ခသည်ပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

“ခါးပတ်လမ်းမအောက်ကစီမံကိန်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ကတိကဝတ်ပြုထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ကို သမ္မတ ရှီက NLD အစိုုးရဆီက အာမခံချက်လိုချင်ပုံရပါတယ်”ဟု ဟောင်ကောင် City တက္ကသိုလ်၊ အာရှနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ ဒေါက်တာ Renaud Egreteau က ပြောသည်။

သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီးက ထုတ်ပြန်ပြောဆိုရာတွင် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်များအကြား နီးနီးကပ်ကပ် ပြောဆိုဆက်သွယ်နေဆဲဖြစ်ကြောင်း ပြောသည်။

ခါးပတ်လမ်းမ၏ အခြေခံအဆောက်အဦစီမံကိန်း ၂ ခုဖြစ်သည့် ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းများရှိရာ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA လက်နက်ကိုင်များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့်အပြင် ဘင်္ဂါလီဒုက္ခသည်ပြဿနာလည်းရှိနေသည်။


“တရုတ်နဲ့ မြန်မာကြားမှာ ဘာပြဿနာမှမရှိဘူး။ ပြဿနာက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာဖြစ်နေတာ။ တရုတ်က ကြားဝင်ညှိနှိုင်းပေးမှာ အသေအချာပဲ။ ဒါကတော့ ရှင်းတယ်”ဟု အရှေ့တောင်အာရှလေ့လာရေး သုတေသီတဦးဖြစ်သူ ဝမ်ဒူဟွာက ပြောသည်။

ဒုက္ခသည်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရအပေါ် ၀ိုင်းဝန်းဝေဖန်ပြစ်တင်နေချိန်တွင် တရုတ်သည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာဘက်မှရပ်တည်ပေးသည့် တခုတည်းသော အင်အားကြီးနိုင်ငံဖြစ်သည်။

“သမ္မတရှီရဲ့ ခရီးစဉ်မှာ မျှော်လင့်ချက်များစွာရှိသလို တရုတ်အနေနဲ့ ရခိုင်ပြည်နယ်အရေးမှာ မြန်မာအပေါ် လုံးဝထောက်ခံကြောင်းပြသရင်း ရပျတနျ့နတေဲ့ တရုတျ-မွနျမာစီးပှားရေးစငျ်ကြံလမ်းစီမံကိန်းတွေကို တွန်းအားသစ်တွေပေးမယ့်သဘောဖြစ်ပါတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသူ David Mathieson က ပြောသည်။

“အနောက်အုပ်စုနိုင်ငံတွေက မြန်မာအစိုးရအပေါ် ဖိအားပေးနေခြင်းကို တရုတ်က သိပ်အရေးမစိုက်ဘူး။ သူ့ရဲ့ မဟာဗျူဟာအကျိုးစီးပွားအတွက် NLD အစိုးရအပေါ် ထောက်ခံကြောင်းပြသခဲ့တယ်။ အခုအချိန်မှာ
ကုန်သွယ်ရေး၊ အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ဖို့ ဒီထောက်ခံမှုကို ပြန်အသုံးချတော့မှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

အရှေ့တောင်အာရှဒေသအပေါ်ထားရှိသည့် တရုတ်၏ရည်မှန်းချက်များအတွက်ရခိုင်ပြည်နယ် ဒုက္ခသည်ပြဿနာသည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လျက်ရှိသောလည်း နှစ်နိုင်ငံဆက်ဆံရေးမှာ ပြီးခဲ့သည့်နှစ်များအတွင်း ခိုင်မာအားကောင်းလာနေသည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဘက်ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ဥသျှောင်တဦး မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာ ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းမှာ နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်သစ် စိုက်ထူခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးသံအရာရှိက ပြောသည်။

ယခု ရှီကျင့်ဖျင်၏ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သော တရုတ်သမ္မတမှာ ကျန်ဇီမင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်က လာရောက်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်သည် ၂၀၀၉ ခုနှစ်အတွင်းက ဒုသမ္မတအဖြစ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။

ဝီရ
Ref; SCMP
တရုတ်သမ္မတခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းနှင့် ရခိုင်ပြည်နယ်ပြဿနာကိစ္စများ ထည့်သွင်းဆွေးနွေးဖွယ်ရှိဟုဆို
------ ------ ------ ----- -----

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

သမ္မတရှီကျင့်ဖျင်သည် နိုင်ငံတော်သမ္မတ ဦးဝင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား နိုင်ငံရေးခေါင်းဆောင်များအားလည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းက ပြောသည်။

ခရီးစဉ်အတွင်း နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးကဏ္ဍများနှင့်သက်ဆိုင်သော သဘောတူစာချုပ် အများအပြားကို လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

သမ္မတ ရှီကျင့်ဖျင်သည် ခရီးစဉ်အတွင်း ခါးပတ်လမ်းမစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့်လုပ်ငန်းများ တုံ့ဆိုင်းနေသည်ကို ပြန်လည်လှုပ်နှိုးနိုင်ရန် ကြိုးစားမည်ဖြစ်ပြီး ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းကိစ္စ၊ ရခိုင်ပြည်နယ် ဒုက္ခသည်ပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

“ခါးပတ်လမ်းမအောက်ကစီမံကိန်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ကတိကဝတ်ပြုထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ကို သမ္မတ ရှီက NLD အစိုးရဆီက အာမခံချက်လိုချင်ပုံရပါတယ်”ဟု ဟောင်ကောင် City တက္ကသိုလ်၊ အာရှနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ ဒေါက်တာ Renaud Egreteau က ပြောသည်။

သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီးက ထုတ်ပြန်ပြောဆိုရာတွင် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်များအကြား နီးနီးကပ်ကပ် ပြောဆိုဆက်သွယ်နေဆဲဖြစ်ကြောင်း ပြောသည်။

ခါးပတ်လမ်းမ၏ အခြေခံအဆောက်အဦစီမံကိန်း ၂ ခုဖြစ်သည့် ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းများရှိရာ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA လက်နက်ကိုင်များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့်အပြင် ဘင်္ဂါလီဒုက္ခသည်ပြဿနာလည်းရှိေနသည်။

သို့ဖြစ်၍ ဒုက္ခသည်ပြဿနာနှင့်ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ကြားဝင်စေ့စပ်ပေးခြင်းသည် တရုတ်အစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်တခုဖြစ်လျက်ရှိသည်။

“တရုတ်နဲ့ မြန်မာကြားမှာ ဘာပြဿနာမှမရှိဘူး။ ပြဿနာက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာဖြစ်နေတာ။ တရုတ်က ကြားဝင်ညှိနှိုင်းပေးမှာ အသေအချာပဲ။ ဒါကတော့ ရှင်းတယ်”ဟု အရှေ့တောင်အာရှလေ့လာရေး သုတေသီတဦးဖြစ်သူ ဝမ်ဒူဟွာက ပြောသည်။

ဒုက္ခသည်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရအပေါ် ဝိုင်းဝန်းဝေဖန်ပြစ်တင်နေချိန်တွင် တရုတ်သည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာဘက်မှရပ်တည်ပေးသည့် တခုတည်းသော အင်အားကြီးနိုင်ငံဖြစ်သည်။

“သမ္မတရှီရဲ့ ခရီးစဉ်မှာ မျှော်လင့်ချက်များစွာရှိသလို တရုတ်အနေနဲ့ ရခိုင်ပြည်နယ်အရေးမှာ မြန်မာအပေါ် လုံးဝထောက်ခံကြောင်းပြသရင်း ရပ်တန့်နေတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းစီမံကိန်းတွေကို တွန်းအားသစ်တွေပေးမယ့်သဘောြဖစ်ပါတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသူ David Mathieson က ပြောသည်။

“အနောက်အုပ်စုနိုင်ငံတွေက မြန်မာအစိုးရအပေါ် ဖိအားပေးနေခြင်းကို တရုတ်က သိပ်အရေးမစိုက်ဘူး။ သူ့ရဲ့ မဟာဗျူဟာအကျိုးစီးပွားအတွက် NLD အစိုးရအပေါ် ထောက်ခံကြောင်းပြသခဲ့တယ်။ အခုအချိန်မှာ
ကုန်သွယ်ရေး၊ အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ဖို့ ဒီထောက်ခံမှုကို ပြန်အသုံးချတော့မှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

အေရွ႕ေတာင္အာရွေဒသအေပၚထားရွိသည့် တရုတ်၏ရည်မှန်းချက်များအတွက် ရခိုင်ပြည်နယ် ဒုက္ခသည်ပြဿနာသည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လျက်ရှိသောလည်း နှစ်နိုင်ငံဆက်ဆံရေးမှာ ပြီးခဲ့သည့်နှစ်များအတွင်း ခိုင်မာအားကောင်းလာနေသည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဘက်ဖြစ်သည္။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ဥေသျှာင်တဦး မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာ ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းမှာ နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်သစ် စိုက်ထူခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးသံအရာရှိက ပြောသည်။

ယခု ရှီကျင့်ဖျင်၏ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သော တရုတ်သမ္မတမှာ ကျန်ဇီမင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်က လာရောက်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်သည် ၂၀၀၉ ခုနှစ်အတွင်းက ဒုသမ္မတအဖြစ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။

၀ီရ
Ref; SCMP

No comments:

Post a Comment

My Blog List