Friday, January 17, 2020

KIA အဖွဲ့ထောင်ထားသည့် နင်းမိုင်းဟောင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး၊ နှစ်ဦးမိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့


Image may contain: 1 person, sitting
KIA အဖွဲ့ထောင်ထားသည့် နင်းမိုင်းဟောင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး၊ နှစ်ဦးမိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းဖော်ပြထားသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မရူကျေးရွာနေ ဒေါ်လဆီးခေါ်၊ ဒေါ်လဆီးလုနှင့် ဒေါ်စုစလတို့ သုံးဦးသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဟင်းသီး ဟင်းရွက်များ ခူးရန် တောထဲသို့ သွားရောက်စဉ် ကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့် အကွာသို့ အရောက်၌ KIA အဖွဲ့မှ ထောင်ထားသည့် မိုင်းဟောင်း တစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ဒေါ်လဆီးလုသည် မိုင်းစထိမှန် ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာများအား နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ကူညီဆောင်ရွက်ပေးပြီး ဗန်းမော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းလည်း သိရသည်။

The Ladies News
KIA အဖွဲ့ထောင်ထားသည့် နင်းမိုင်းဟောင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး၊ နှစ်ဦးမိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့
---- --- ---

KIA အဖွဲ့ထောင်ထားသည့် နင်းမိုင်းဟောင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး၊ နှစ်ဦးမိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းဖော်ပြထားသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မရူကျေးရွာနေ ဒေါ်လဆီးခေါ်၊ ဒေါ်လဆီးလုနှင့် ဒေါ်စုစလတို့ သုံးဦးသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဟင်းသီး ဟင်းရွက်များ ခူးရန် တောထဲသို့ သွားရောက်စဉ် ကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့် အကွာသို့ အရောက်၌ KIA အဖွဲ့မှ ထောင်ထားသည့် မိုင်းဟောင်း တစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ဒေါ်လဆီးလုသည် မိုင်းစထိမှန် ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးတွင် မိုင်းစထိိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာများအား နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ကူညီဆောင်ရွက်ပေးပြီး ဗန်းမော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းလည်း သိရသည်။

The Ladies News

No comments:

Post a Comment

My Blog List