Thursday, January 16, 2020

ကချင်ပြည်နယ်ထဲ လုပ်ငန်းရှင်တွေဆီကနေ KIA က အခွန်ကောက်နေ


Image may contain: 2 people, people smiling, people standing, outdoor and nature
ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO အဖွဲ့က ကချင်ပြည်နယ်ထဲက စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ အခွန်ကောက်ခံတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရကိုရော KIA ကိုပါ အခွန်ပေးနေတာတွေကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA/ KIO က ကချင်ပြည်နယ်ထဲက စီးပွားရေး လုပ်ငန်းတွေဆီကနေ အခွန်ကောက်ခံနေတာဟာ KIA/ KIO လက်နက်ကိုင်အဖွဲ့အစည်းအတွက် အသုံးပြုနေတာဖြစ်တယ်လို့ ကေအိုင်အိုပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မနေ့က ရက်စွဲနဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ လုပ်ငန်းရှင်တွေ၊ အရောင်းအဝယ် လုပ်ကိုင်ကြသူတွေထံ KIO က အခွန်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် စာရွက်တွေ လိုက်လံဝေငှထားကြောင်း ဒါ့အပြင် ဖုန်းဆက်အကြောင်းကြားတာမျိုးတွေရှိကြောင်း သိရပါတယ်။

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ပြည်သူတွေ အနေနဲ့ အကြောက်တရားနဲ့ နေထိုင်နေကြရပြီး အစိုးရအခွန်ကို ထမ်းဆောင်ရသလို တစ်ဖက်မှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အနိုင်ကျင့်ပြီး ကောက်ခံတာတွေကိုလည်း ပေးဆောင်နေရတာ မှန်ကန်ကြောင်း မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။

အစိုးရကောက်ခံတဲ့ အခွန်ငွေတွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်တာတွေရှိပေမယ့် အခုလို တိုင်းရင်းသား လက်နက်ကိုင်တွေ ကောက်ခံတဲ့ငွေတွေဟာ ဒေသအတွက် အကျိုးဖြစ်ထွန်းမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

KIA/ KIO ရဲ့ ကချင်ပြည်နယ်မှာ အခွန်ကောက်ခံမှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်အဖွဲ့အစည်းတွေ အနေနဲ့ တားမြစ်မှုမရှိဘူးလို့လည်း သိရပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။
- Unicode
~~~~~~~~~~~~~

ကချင်ပြည်နယ်ထဲ လုပ်ငန်းရှင်တွေဆီကနေ KIA က အခွန်ကောက်နေ
~~~~~~~~~~
■ ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO အဖွဲ့က ကချင်ပြည်နယ်ထဲက စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ အခွန်ကောက်ခံတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရကိုရော KIA ကိုပါ အခွန်ပေးနေတာတွေကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA/ KIO က ကချင်ပြည်နယ်ထဲက စီးပွားရေး လုပ်ငန်းတွေဆီကနေ အခွန်ကောက်ခံနေတာဟာ KIA/ KIO လက်နက်ကိုင်အဖွဲ့အစည်းအတွက် အသုံးပြုနေတာဖြစ်တယ်လို့ ကေအိုင်အိုပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မနေ့က ရက်စွဲနဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ လုပ်ငန်းရှင်တွေ၊ အရောင်းအဝယ် လုပ်ကိုင်ကြသူတွေထံ KIO က အခွန်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် စာရွက်တွေ လိုက်လံဝေငှထားကြောင်း ဒါ့အပြင် ဖုန်းဆက်အကြောင်းကြားတာမျိုးတွေရှိကြောင်း သိရပါတယ်။

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ပြည်သူတွေ အနေနဲ့ အကြောက်တရားနဲ့ နေထိုင်နေကြရပြီး အစိုးရအခွန်ကို ထမ်းဆောင်ရသလို တစ်ဖက်မှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အနိုင်ကျင့်ပြီး ကောက်ခံတာတွေကိုလည်း ပေးဆောင်နေရတာ မှန်ကန်ကြောင်း မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။

အစိုးရကောက်ခံတဲ့ အခွန်ငွေတွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်တာတွေရှိပေမယ့် အခုလို တိုင်းရင်းသား လက်နက်ကိုင်တွေ ကောက်ခံတဲ့ငွေတွေဟာ ဒေသအတွက် အကျိုးဖြစ်ထွန်းမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

KIA/ KIO ရဲ့ ကချင်ပြည်နယ်မှာ အခွန်ကောက်ခံမှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်အဖွဲ့အစည်းတွေ အနေနဲ့ တားမြစ်မှုမရှိဘူးလို့လည်း သိရပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။
- Zawgyi
~~~~~~~~~~~~~

Photo: Kan Thar/RFA

(ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်)

No comments:

Post a Comment

My Blog List