Thursday, January 16, 2020

မြို့နယ်သုံးခုရှိ စျေးများမှ ကြက်သားနမူနာ ၅၆ မျိုး စမ်းသပ်ခဲ့ရာဆေးယဉ်ပါးသော ဆယ်မိုနဲလားပိုးတွေ့ရှိ

No photo description available.
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးခုတွင်ရှိသော စျေးများမှ ကြက်သားနမူနာပေါင်း ၅၆ မျိုးကို ၀ယ်ယူ စမ်းသပ်ခဲ့ရာ ဆေးယဉ်ပါးသော ဆယ်မိုနဲလားပိုးတွေ့ရှိရကြောင်း ဆေးသုတေသနဦးစီးဌာနတွင် ကျင်းပသည့် ၄၈ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးသုတေသနညီလာခံမှ သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ် စသည့် မြို့နယ်သုံးခုမှ ကြက်သားအစိမ်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ သုတေသီများက ၀ယ်ယူပြီး ယင်းဦးစီးဌာန၊ အစားအသောက် အဏုဇီဝဗေဒ ဓာတ်ခွဲဌာနစိတ်တွင်ရှိသော ဓာတ်ခွဲခန်းတွင် စမ်းသပ်ခဲ့ရာ ယင်းကဲ့သို့သော ဆေးယဉ်ပါးသည့် ဆယ်မိုနဲလားပိုးကို တွေ့ရှိရခြင်းဖြစ်ကြောင်း စာတမ်းရှင် ဒေါက်တာ နန္ဒာထွန်းက စာတမ်းဖတ်ကြားတင်သွင်းခဲ့သည်။
“အဲ့ဒီမြို့နယ်သုံးခုက ဈေးတွေကနေ ဗမာကြက် နမူနာ ၂၈ မျိုး၊ အသားတိုးမွေးမြူရေးကြက် နမူနာ ၂၈ မျိုး စုစုပေါင်း ကြက်သားအစိမ်း နမူနာ ၅၆ မျိုးကို ဆိုင်ပေါင်း ၂၈ ဆိုင်ကနေ ၀ယ်ယူပြီး ကျွန်မတို့ဌာနက ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်”ဟု ယင်းကပြောသည်။
ကမ္ဘာတစ်၀န်းတွင် တိုက်ဖွိုက်မဖြစ်စေရန်လုပ်ဆောင်ရင်း နောက်ဆက်တွဲအနေဖြင့် ဖြစ်တည်လာတတ်သော ဆယ်မိုနဲလားပိုးဟာ အစာအဆိပ်သင့်သော အခြေအနေတစ်ရပ်ဖြစ်လာပြီး ၎င်းပိုး ကူးစက်ထားသော အသားများကို စားမိရာကနေလည်း ဆက်နွယ်နေလျက်ရှိကြောင်း၊ဆေးယဉ်ပါးသော ဆယ်မိုနဲလားပိုးများသည် ကြက်ငှက် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစကသောဖြစ်ရပ်များသည် ပြင်းထန်သော ကျန်းမာရေး ပြသနာတစ်ရပ်ဖြစ်လာခဲ့သည့်အတွက်အဆိုပါ ပိုးနဲ့ပတ်သက်ပြီး လေ့လာစမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စမ်းသပ်မှုတွင် ကြက်သားအစိမ်း နမူနာ ၅၆ မျိုးမှ ဆယ်မိုနဲလားပိုး ၅၉ ရာခိုင်နှုန်း၊ အသားတိုး မွေးမြူရေးကြက် နမူနာ ၂၈ မျိုးမှ ဆယ်မိုနဲလားပိုး ၆၀ ဒသမ ၇ ရာခိုင်နှုန်း၊ ဗမာကြက် နမူနာ ၂၈ မျိုးမှ ဆယ်မိုနဲလားပိုး ၅၇ ဒသမ ၁ ရာခိုင်နှုန်း စမ်းသပ်တွေ့ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့စမ်းသပ်တွေ့ရှိသောဆယ်မိုနဲလားပိုး စုစုပေါင်း ၃၃ ခုမှ ပဋိဇီဝဆေးယဉ်ပါးမှု အခြေအနေများကိုလည်း စမ်းသပ်စစ်ဆေးခဲ့ရာ Amikacin နှင့် Cefttriazone ဆေး တို့မှာ ၁၀၀ ရာခိုင်နှုန်း၊ Ciftazidine ဆေးမှာ ၉၇ ရာခိုင်နှုန်းအထိ ဆယ်မိုနဲလားပိုးကို သတ်နိုင်ကြောင်း တွေ့ရှိရပြီး Ampicillin ဆေးနှင့် Tetracycline ဆေးကို ၆၃ ဒသမ ၆ ရာခိုင်နှုန်း၊ လီဗို Levofloxacin ဆေးကို ၂၄ ဒသမ ၂ ရာခိုင်နှုန်း၊ Ciprofloxacin ဆေး ကို ၂၁ ဒသမ ၂ ရာခိုင်နှုန်း၊ Amoxicillin နဲ့ Clavulanic Acid ဆေးတို့ကို ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ Azithoromycin ဆေးကို ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ Chloramphenicol ဆေးကို ၃ ဒသမ ၁ ရာခိုင်နှုန်း ဆေးယဉ်ပါးကြောင်းသိရသည်။
၎င်းအပြင်စုစုပေါင်း ဆယ်မိုနဲလားပိုး ၃၃ ကောင်ကို စမ်းသပ်ရာတွင် ၄၂ ဒသမ ၄ ရာခိုင်နှုန်းသည် ပဋိဇီဝဆေး သုံးမျိုးနှင့်အထက် ဆေးယဉ်ပါးနေကြောင်းကိုလည်း တွေ့ရှိခဲ့ကြောင်းသိရသည်။

No comments:

Post a Comment

My Blog List