Monday, January 13, 2020

သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေ ချိုးဖောက်ပြီး မန္တလေးတက္ကသိုလ် Food Court တည်ဆောက်မှု အရေးယူပေးရေး ဒုတိယအကြိမ် သပိတ်မှောက်နေ

Image may contain: one or more people, tree, shoes, sky, table and outdoor
နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေ ချိုးဖောက်ပြီး မန္တလေးတက္ကသိုလ် Food Court တည်ဆောက်မှုနှင့်ပတ်သက်၍ အရေးယူပေးရေး မန္တလေးတက္ကသိုလ်ကျောင်းသားများက ဒုတိယအကြိမ် သပိတ်မှောက်နေပြီး မန္တလေးတက္ကသိုလ် သပိတ်ကျောင်းသူကျောင်းသားများအနေဖြင့် တောင်းဆိုချက် ၄ ချက် မရမချင်း ဆန္ဒပြမည်ဖြစ်ကြောင်း သပိတ်မှောက်ဦးဆောင်မူကော်မတီအဖွဲ့ဝင်မယမင်းသူကပြောသည်။

“ သပိတ်လူပ်ရှားမူတွေ ပြန်လည်စတင်ခဲ့တယ်။တောင်းဆိုချက် ၄ ချက် မရမချင်းကတော့ သပိတ်တိုက်ပွဲကို ဆက်လက်လုပ်ဆောင်သွားမယ်။ဘယ်တော့မှရပ်မှာမဟုတ်ဘူး။ဒီတောင်းဆိုချက်ရပြီးမှ ပဲသပိတ်ပြန်လှန်မယ်ပေါ့ ” ဟု မယမင်းသူ ကပြော သည်။
ကျောင်းသားများ၏ တောင်းဆိုချက်များမှာ နိုင်ငံတော်သမ္မတညွန်ကြားချက်နှင့်တည်ဆဲဥပဒေများဖောက်ဖျက်ကျုး လွန်သောမန္တလေးတက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့အားအမြန်ဆုံးအရေးယူပေးရေး၊ မန္တလေးတက္က သိုလ်ကိုအသုံးချ၍ ကိုယ်ကျိုးရှာသော ပါမက္ခချုပ်အားလိုမရှိ၊ တရားမျှတသော အပြီးသတ်စုံစမ်းစစ်ဆေးမှု ရလဒ်အမှန်ဆုံးထုတ်ပြန်ပေးရေး၊ ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ ဘက်လိုက်သောဖြေရှင်းမူ အလိုမရှိဆိုသည့် အချက်များဖြစ်သည်။
ကျောင်းသားများ ဆန္ဒပြချိန် ကျောင်းအာဏာပိုင်များဘက်က ကျောင်းတံခါးများ ပိတ်ထားခြင်းများ လုပ်ဆောင်နေသည်ဟု သိရှိရသည်။
“ ပင်မ အဆောင်တံခါးတွေရော့ အထဲဝင်တဲ့ လေးပတ်လေးတန်စလုံးပိတ်ထားတယ်။ ပင်မဆောင်ဝင်တဲ့လမ်းမှာပိတ်ထားတဲ့ အတွက်ကြောင့် အဲဒီအရှေ့မှာပဲသပိတ်မှောက်တယ်။ဘာမှသူတို့ မကြားရသေးဘူးရှင်။တံခါးတွေပိတ်ထားတယ်ဆိုတော့ဆရာ၊ဆရာမတွေရော့ကျောင်းသား ကျောင်းသူတွေရော့ဝင်ရေးထွက်ရေး မှအဆင်မပြေဘူး။ကျောင်းသားရေးရာတံခါးပေါက်တွေကိုလည်းလုံးဝပိတ်ထားတယ်။ဥပမာအမှတ်စာရင်း လာတောင်းတဲ့ကျောင်းသားတွေအတွက်လုံးဝအဆင်မပြေဘူး။ ဒီနေ့ဆိုရင်လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်း ရေးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရဒီတံခါးတွေ ပိတ်တယ်ပေါ့နော်။ သူတို့အနေနဲ့ အဲဒီလိုမျိုးလုပ်တ ယ်။တကယ်တန်းကျတော့လုံခြုံရေးနဲ့ စည်းကမ်းကော်မတီဥက္ကဋ္ဌကလည်းဒီမှာမရှိဘူး။ သူခရီးသွားနေတယ်။ ပြီးတော့ အစည်းအဝေးထုတ်ပြန်တဲ့စာမှာလည်းမန္တလေးတက္ကသိုလ်ရဲ့ တံဆိပ်တုန်းလည်းမပါဘူး ။လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဥက္ကဌ လက်မှတ်လည်းမပါဘူး”ဟု မယမင်းသူကပြောသည်။
ကျောင်းသားများက သပိတ်မှောက်စခန်းကိုဇန်န်ဝါရီလ ၉ ရက်နေ့ကစတင်ခဲ့ပြီး သပိတ်မှောက်ကျောင်းသားကျောင်း သူက ၁၂ ယောက်ရှိကာ သပိတ်စခန်းကို ၂၄နာရီသပိတ်ခန်းဖွင့်ထားကြောင်းသိရသည်။
Photo Credit - မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ။

No comments:

Post a Comment

My Blog List