ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျီးလေကျေးရွာမှ ရွာသားအချို့အား စစ်ဆေးမေးမြန်းစဉ်တွင် ရိုက်နှက်မှုများ ရှိကြောင်း AA အဖွဲ့က ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျီးလေရွာအတွင်းသို့ AA အဖွဲ့၏ လှုပ်ရှားစစ်ကြောင်း တစ်ကြောင်း ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်ရခြင်းမှာ ၎င်းရွာအတွင်းရှိ ရန်သူ့သတင်းပေးအချို့အား တွေ့ဆုံရန်နှင့် သတိပေးရန် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း အဆိုပါ ရန်သူ့သတင်းပေးအချို့မှာ ထွက်ပြေးသွား ခဲ့ကြောင်း၊ ထို့နောက် ကျန်ခဲ့သူ ရွာသူရွာသားများအား စစ်ဆေးမေးမြန်း စဉ်အတွင်း ၎င်းရွာသား အချို့အား မိမိတို့တပ်ဖွဲ့ဝင်များမှ ရိုက်နှက်ခြင်း၊ ထုထောင်းခြင်း အနည်းငယ်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူ တပ်မှူးနှင့် တပ်ဖွဲ့ဝင်များကို သေချာစွာစစ်ဆေးခဲ့ပြီး လိုအပ်သည်ထက် ပိုမိုရိုက်နှက်ခဲ့သူများကိ ု စည်းကမ်းနှင့် အညီ အပြစ်ပေး အရေးယူသွားမည်ဟုလည်း ဖော်ပြထားသည်။
ခူမီးချင်းမျိုးနွယ်စုများေ ရးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (KACC) ၏ ထုတ်ပြန်ချက်ထဲတွင် AA အဖွဲ့ ကျီးလေရွာအတွင်း အခြေပြုနေစဉ် အတွင်း AA တပ်ဖွဲ့ဝင် တစ်ဦးသည် ကျေးရွာရှိ ချင်းအမျိုးသမီးငယ် တစ်ဦးအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ အဓမ္မ သိမ်းပိုက်ရန် ကြိုးစားလာသဖြင့် ကျေးရွာ လူကြီးမိဘများက ကန့်ကွက်တားဆီး သည်ကို အကြောင်းပြုကာ ကျေးရွာရှိ တာဝန်ရှိလူကြီးများအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည်ဟု ဖော်ပြထားသည်။
AA အဖွဲ့ကမူ ခူမီးချင်းမျိုးနွယ်စုများေ ရးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မ တီ (KACC) ၏ ထုတ်ပြန်ချက်မှာ မိမိတို့ အဖွဲ့အစည်းအပေါ် အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့့် ရေးသားထားသော စွပ်စွဲချက်ပြီး လုံးဝဟုတ်မှန်ခြင်း မရှိကြောင်းငြင်းဆိုသည်။
အဆိုပါအမျိုးသမီးမှာ ထွက်ပြေး လွတ်မြောက်သွားသော ရန်သူ့ သတင်းပေးဟု သံသယရှိသူ၏ သမီးဖြစ်ပြီး သူမအား စစ်ဆေးမေးမြန်း ရာတွင် အနည်းငယ် ရိုက်နှက်ခဲ့ခြင်းမှာ ဟုတ်မှန်သော်လည်း လက်နက်ဖြင့် ခြိမ်းခြောက်ကာ အဓမ္မသိမ်းပိုက်ရန် ကြိုးစားခဲ့ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ရန် လုပ်ဆောင်ခဲ့ခြင်းများ လုံးဝမရှိခဲ့ပါဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA သည် ပလက်ဝမြို့နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားသည်မှာ ၂ လ ကျော်ကြာပြီဖြစ်ပြီး ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါ။ ထို့အပြင် ပလက်ဝ ဒေသခံ ၁၅ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
အောင်ရဲနောင်
The Ladies News
ပလက်ဝ ဒေသခံရွာသားများကို ရိုက်နှက်ခဲ့ကြောင်း AA ဝန်ခံ
--- --- ---
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျီးလေကျေးရွာမှ ရွာသားအချို့အား စစ်ဆေးမေးမြန်းစဉ်တွင် ရိုက်နှက်မှုများ ရှိကြောင်း AA အဖွဲ့က ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျီးလေရွာအတွင်းသို့ AA အဖွဲ့၏ လှုပ်ရှားစစ်ကြောင်း တစ်ကြောင်း ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်ရခြင်းမှာ ၎င်းရွာအတွင်းရှိ ရန်သူ့သတင်းပေးအချို့အား တွေ့ဆုံရန်နှင့် သတိပေးရန် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း အဆိုပါ ရန်သူ့သတင်းပေးအချို့မှာ ထွက်ပြေးသွား ခဲ့ကြောင်း၊ ထို့နောက် ကျန်ခဲ့သူ ရွာသူရွာသားများအား စစ်ဆေးမေးမြန်း စဉ်အတွင်း ၎င်းရွာသား အချို့အား မိမိတို့တပ်ဖွဲ့ဝင်များမှ ရိုက်နှက်ခြင်း၊ ထုထောင်းခြင်း အနည်းငယ်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူ တပ်မှူးနှင့် တပ်ဖွဲ့ဝင်များကို သေချာစွာစစ်ဆေးခဲ့ပြီး လိုအပ်သည်ထက် ပိုမိုရိုက်နှက်ခဲ့သူများကိ ု စည်းကမ်းနှင့် အညီ အပြစ်ပေး အရေးယူသွားမည်ဟုလည်း ဖော်ပြထားသည်။
ခူမီးချင်းမျိုးနွယ်စုများရ ေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (KACC) ၏ ထုတ်ပြန်ချက်ထဲတွင် AA အဖွဲ့ ကျီးလေရွာအတွင်း အခြေပြုနေစဉ် အတွင်း AA တပ်ဖွဲ့ဝင် တစ်ဦးသည် ကျေးရွာရှိ ချင်းအမျိုးသမီးငယ် တစ်ဦးအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ အဓမ္မ သိမ်းပိုက်ရန် ကြိုးစားလာသဖြင့် ကျေးရွာ လူကြီးမိဘများက ကန့်ကွက်တားဆီး သည်ကို အကြောင်းပြုကာ ကျေးရွာရှိ တာဝန်ရှိလူကြီးများအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည်ဟု ဖော်ပြထားသည်။
AA အဖွဲ့ကမူ ခူမီးချင်းမျိုးနွယ်စုများရ ေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော် မတီ (KACC) ၏ ထုတ်ပြန်ချက်မှာ မိမိတို့ အဖွဲ့အစည်းအပေါ် အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့့် ရေးသားထားသော စွပ်စွဲချက်ပြီး လုံးဝဟုတ်မှန်ခြင်း မရှိကြောင်းငြင်းဆိုသည်။
အဆိုပါအမျိုးသမီးမှာ ထွက်ပြေး လွတ်မြောက်သွားသော ရန်သူ့ သတင်းပေးဟု သံသယရှိသူ၏ သမီးဖြစ်ပြီး သူမအား စစ်ဆေးမေးမြန်း ရာတွင် အနည်းငယ် ရိုက်နှက်ခဲ့ခြင်းမှာ ဟုတ်မှန်သော်လည်း လက်နက်ဖြင့် ခြိမ်းခြောက်ကာ အဓမ္မသိမ်းပိုက်ရန် ကြိုးစားခဲ့ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ရန် လုပ်ဆောင်ခဲ့ခြင်းများ လုံးဝမရှိခဲ့ပါဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA သည် ပလက်ဝမြို့နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားသည်မှာ ၂ လ ကျော်ကြာပြီဖြစ်ပြီး ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါ။ ထို့အပြင် ပလက်ဝ ဒေသခံ ၁၅ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
အောင်ရဲနောင်
The Ladies News
No comments:
Post a Comment