မြန်မာနိုင်ငံ ကိုယ်ပိုင်ကျောင်းများ အသင်းချုပ် (MPSF) ၊ အပြည်ပြည်ဆိုင်ရာ ကိုယ်ပိုင်ကျောင်းများ အသင်း (PISA) နှင့် နေအုပ်ဖောင်ဒေးရှင်းတို့ပူး ပေါင်း၍ ကျင်းပသော ၂၀၂၀ မြန်မာကျောင်းသားများပွဲတော ် (STUDENTS FESTIVAL MYANMAR 2020) ကို ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော် ပါဝင်ခဲ့သည်။
'ဒီပွဲကျင်းပရတာကတော့ မြန်မာနိုင်ငံမှာ ကျောင်း အမျိုးအစား လေးမျိုးမှာ အခြေခံပညာ၊ ဘုန်းတော်ကြီး၊ ကိုယ်ပိုင်ကျောင်း၊ နိုင်ငံတကာကျောင်းတွေရဲ့ ကျောင်း သားအားလုံး စည်းစည်းလုံးလုံးနဲ့ ပထမဆုံး ဆောင်ရွက်တဲ့ပွဲလေးပါ။ ကလေးတွေ ဗဟုသုတတွေ အများကြီး ရရှိဖို့၊ ပူးပေါင်းဆောင်ရွက်တတ်ဖို့ တိုးတက်ပြောင်းလဲလာတဲ့ ပညာရေးစနစ်ကို နားလည်လာဖို့ ဒါလေးတွေ ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်ပါတယ်။ကျောင်းသား ၊ ကျောင်းသူ ၁၀၀၀ ကျော် ပါဝင်တယ်။ ကျောင်းတွေအတွက် အစည်းအဝေးမှာ ခွဲတမ်းသတ်မှတ်တာကတော့ ကိုယ်ပိုင်ကျောင်းက ဦးရေ ၃၅၀၊ နိုင်ငံတကာကျောင်းတွေက ၃၅၀၊ အခြေခံပညာကျောင်းတွေက ၂၅၀၊ ဘက ကျောင်းတွေက ၅၀ သတ်မှတ်ထားတာပါ။ အဲဒီအတိုင်း အရေအတွက် အတိအကျတော့ မဟုတ်ပါဘူး။ ဘက ကျောင်းကလည်း ၁၀၀ နီးပါးလာကြတယ်။ အားလုံးမျှတယ်လို့ ပြောရမှာပါ'ဟု အဆို ပါပွဲတော်ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဆရာဦးငြိမ်းချမ်းက ပြောဆိုသည်။
ယင်းပွဲတော်တွင် Grade 7, 8,9 နှင့် 10 အထိ တက်ရောက်နေကြသော အစိုးရကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၅၀၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၅၀၊ နိုင်ငံတကာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၅၀ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျော င်းများမှ ကျောင်းသား၊ ကျောင်းသူ ၅၀ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ခန့် ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားသော်လည်း ကျောင်းအမျိုးအစား အားလုံးမျှတစွာ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ကြေ ာင်း သိရသည်။
အဆိုပါပွဲတော်သို့ ကျောင်းသား၊ ကျောင်းသူများအတွက် ဇုန်ငါးခု စီစဉ်ပေးထားပြီး ASEAN Zone တွင် အာဆီယံနိုင်ငံများ၏ သံရုံးများမှ ကိုယ်တိုင်ပါဝင်ပြီး အာဆီယံနိုင်ငံအလိုက် ၎င်းတို့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဒေသထွက်ပစ္စည်းများ၊ ရိုးရာပစ္စည်းများ ၊ ရိုးရာအက ဖျော်ဖြေမှုများ ပါဝင်ခဲ့ကြောင်း ၊ STEM Zone တွင်မူ သချင်္ာ၊ အင်ဂျင်နီယာ၊ နည်းပညာစသည့် လေ့လာစရာများ ပါဝင်ကာ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပါဝင်ပြီး ပရိုဂရမ်များရေးရသည့် အစီအစဉ်များကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပွဲတော်၌ ပါဝင်သည့် Education Zone တွင် လေ့လာစရာ ဓာတ်ငွေ့ထုတ်ဖော်ပုံများ၊ ပညာရေးဆိုင်ရာ ဗဟုသုတ၊ ဇီဝ၊ ဓာတု၊ ရူပနှင့် ပတ်သက်သည်များကို ခင်းကျင်းပြသထားပြီး DIY Zone တွင် အနုပညာပစ္စည်းများ၊ လက်လုပ်ပစ္စည်းလေးများကို ကိုယ်တိုင်ပါဝင်လုပ်ခြင်းမျ ား၊ စွန့်ပစ်ပစ္စည်းများမှတစ်ဆင် ့ ပြန်လည်အသုံးပြု နိုင်ရန် သတင်းစာစက္ကူများမှ အိတ်လေးများလုပ်ခြင်းတို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။
Culinary Zone တွင် အုန်းနို့ခေါက်ဆွဲ ၊ အစုံသုပ်၊ ကျောက်ပန်းတောင်း မုန့်ပျားသလက်နှင့် မုန့်လက်ကောက်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ ငါးပိထောင်းနှင့် ရခိုင်သုပ်၊ ဆီထမင်းနှင့် မုန့်ဖက်ထုပ်၊ မုန့်လုံးရေပေါ်၊ မုန့်ဟင်းခါးစသည့် မြန်မာ့ရိုးရာ စားသောက်စရာ ဆိုင်ခန်း စုစုပေါင်း ၁၀ ခန်း ပါဝင်ပြီး ယင်းဆိုင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် ပါဝင်ကာ ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင် း သိရသည်။
၂၀၂၀ မြန်မာကျောင်းသားများပွဲတော ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခြဲ့ ကပြီး လာမည့်နှစ်တွင် ကျင်းပမည့် ပွဲတော်ကို ပညာရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ပေးသွားမ ည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
လာမည့် ပညာသင်နှစ်တွင် မြန်မာကျောင်းသားများ ပွဲတော်ကို နိုဝင်ဘာလလောက်တွင် ကျင်းပနိုင်ရန် ရည်မှန်းထားပြီး ပွဲတော်ကိုနှစ်ရက် သို့မဟုတ် သုံးရက်အထိ ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
သတင်း - အိဟေမာ
(Unicode Version)
ပထမအကြိမ် မြန်မာကျောင်းသားများပွဲတော ် စိန်ရတုခန်းမ၌ ကျင်းပ
မြန်မာနိုင်ငံ ကိုယ်ပိုင်ကျောင်းများ အသင်းချုပ် (MPSF) ၊ အပြည်ပြည်ဆိုင်ရာ ကိုယ်ပိုင်ကျောင်းများ အသင်း (PISA) နှင့် နေအုပ်ဖောင်ဒေးရှင်းတို့ပူး ပေါင်း၍ ကျင်းပသော ၂၀၂၀ မြန်မာကျောင်းသားများပွဲတော ် (STUDENTS FESTIVAL MYANMAR 2020) ကို ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော် ပါဝင်ခဲ့သည်။
'ဒီပွဲကျင်းပရတာကတော့ မြန်မာနိုင်ငံမှာ ကျောင်း အမျိုးအစား လေးမျိုးမှာ အခြေခံပညာ၊ ဘုန်းတော်ကြီး၊ ကိုယ်ပိုင်ကျောင်း၊ နိုင်ငံတကာကျောင်းတွေရဲ့ ကျောင်း သားအားလုံး စည်းစည်းလုံးလုံးနဲ့ ပထမဆုံး ဆောင်ရွက်တဲ့ပွဲလေးပါ။ ကလေးတွေ ဗဟုသုတတွေ အများကြီး ရရှိဖို့၊ ပူးပေါင်းဆောင်ရွက်တတ်ဖို့ တိုးတက်ပြောင်းလဲလာတဲ့ ပညာရေးစနစ်ကို နားလည်လာဖို့ ဒါလေးတွေ ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်ပါတယ်။ကျောင်းသား ၊ ကျောင်းသူ ၁၀၀၀ ကျော် ပါဝင်တယ်။ ကျောင်းတွေအတွက် အစည်းအဝေးမှာ ခွဲတမ်းသတ်မှတ်တာကတော့ ကိုယ်ပိုင်ကျောင်းက ဦးရေ ၃၅၀၊ နိုင်ငံတကာကျောင်းတွေက ၃၅၀၊ အခြေခံပညာကျောင်းတွေက ၂၅၀၊ ဘက ကျောင်းတွေက ၅၀ သတ်မှတ်ထားတာပါ။ အဲဒီအတိုင်း အရေအတွက် အတိအကျတော့ မဟုတ်ပါဘူး။ ဘက ကျောင်းကလည်း ၁၀၀ နီးပါးလာကြတယ်။ အားလုံးမျှတယ်လို့ ပြောရမှာပါ'ဟု အဆို ပါပွဲတော်ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဆရာဦးငြိမ်းချမ်းက ပြောဆိုသည်။
ယင်းပွဲတော်တွင် Grade 7, 8,9 နှင့် 10 အထိ တက်ရောက်နေကြသော အစိုးရကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၅၀၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၅၀၊ နိုင်ငံတကာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၅၀ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျော င်းများမှ ကျောင်းသား၊ ကျောင်းသူ ၅၀ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ခန့် ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားသော်လည်း ကျောင်းအမျိုးအစား အားလုံးမျှတစွာ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ကြ ောင်း သိရသည်။
အဆိုပါပွဲတော်သို့ ကျောင်းသား၊ ကျောင်းသူများအတွက် ဇုန်ငါးခု စီစဉ်ပေးထားပြီး ASEAN Zone တွင် အာဆီယံနိုင်ငံများ၏ သံရုံးများမှ ကိုယ်တိုင်ပါဝင်ပြီး အာဆီယံနိုင်ငံအလိုက် ၎င်းတို့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဒေသထွက်ပစ္စည်းများ၊ ရိုးရာပစ္စည်းများ ၊ ရိုးရာအက ဖျော်ဖြေမှုများ ပါဝင်ခဲ့ကြောင်း ၊ STEM Zone တွင်မူ သင်္ချာ၊ အင်ဂျင်နီယာ၊ နည်းပညာစသည့် လေ့လာစရာများ ပါဝင်ကာ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပါဝင်ပြီး ပရိုဂရမ်များရေးရသည့် အစီအစဉ်များကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပွဲတော်၌ ပါဝင်သည့် Education Zone တွင် လေ့လာစရာ ဓာတ်ငွေ့ထုတ်ဖော်ပုံများ၊ ပညာရေးဆိုင်ရာ ဗဟုသုတ၊ ဇီ၀၊ ဓာတု၊ ရူပနှင့် ပတ်သက်သည်များကို ခင်းကျင်းပြသထားပြီး DIY Zone တွင် အနုပညာပစ္စည်းများ၊ လက်လုပ်ပစ္စည်းလေးများကို ကိုယ်တိုင်ပါဝင်လုပ်ခြင်းမျ ား၊ စွန့်ပစ်ပစ္စည်းများမှတစ်ဆင ့် ပြန်လည်အသုံးပြု နိုင်ရန် သတင်းစာစက္ကူများမှ အိတ်လေးများလုပ်ခြင်းတို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။
Culinary Zone တွင် အုန်းနို့ခေါက်ဆွဲ ၊ အစုံသုပ်၊ ကျောက်ပန်းတောင်း မုန့်ပျားသလက်နှင့် မုန့်လက်ကောက်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ ငါးပိထောင်းနှင့် ရခိုင်သုပ်၊ ဆီထမင်းနှင့် မုန့်ဖက်ထုပ်၊ မုန့်လုံးရေပေါ်၊ မုန့်ဟင်းခါးစသည့် မြန်မာ့ရိုးရာ စားသောက်စရာ ဆိုင်ခန်း စုစုပေါင်း ၁၀ ခန်း ပါဝင်ပြီး ယင်းဆိုင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် ပါဝင်ကာ ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင် း သိရသည်။
၂၀၂၀ မြန်မာကျောင်းသားများပွဲတော ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့က ြပြီး လာမည့်နှစ်တွင် ကျင်းပမည့် ပွဲတော်ကို ပညာရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ပေးသွားမ ည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
လာမည့် ပညာသင်နှစ်တွင် မြန်မာကျောင်းသားများ ပွဲတော်ကို နိုဝင်ဘာလလောက်တွင် ကျင်းပနိုင်ရန် ရည်မှန်းထားပြီး ပွဲတော်ကိုနှစ်ရက် သို့မဟုတ် သုံးရက်အထိ ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
သတင်း - အိဟေမာ
No comments:
Post a Comment