Thursday, January 16, 2020

တိုင်ရင်းသားအချင်းချင်း ညီညွတ်ဖို့ ပြေလည်ဖို့ဆိုရင် အားလုံး တန်းတူညီမျှမှုလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

Image may contain: 1 person, outdoor
နိုင်ငံတွင် တိုင်ရင်းသားအချင်းချင်း ညီညွတ်မှု ရှိရန်အတွက် နှစ်ဖက်စလုံးတွင် တန်းတူညီညီမျှမျှ ရှိရမည်ဖြစ်ကြောင်း တစ်ဖက်က အခွင့် အရေး အများကြီး ရနေပါက နှစ်ဦးသည် ညီညီမျှမျှ မိတ်ဆွေမဖြစ်နိုင်ကြောင်း တိုင်ရင်းသားအချင်းချင်း ညီညွတ်ရန် ပြေလည်ရန်အတွက် အားလုံး တန်းတူညီမျှမှု လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဇန်နဝါရီ်လ ၁၅ ရက်က ကျင်းပပြုလုပ်သည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ နိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်လို့ နိုင်ငံတည်တံ့ ခိုင်မြဲဖို့ အေးချမ်းသာယာဖို့ တိုးတက် ဖို့ ဆိုလို့ရှိရင် တိုင်းရင်းသားများ အချင်းချင်း ညီညွတ်မှု ရှိဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ညီညွတ်မှု ဆိုတာဟာ ငြိမ်းချမ်းရေးလိုပဲ။ ညီညွတ်မှု ရှိဖို့ဆိုလို့ရှိရင် တန်းတူ ညီမျှမှု ရှိရပါမယ်။ မိတ်ဆွေနှစ်ဦးဆိုတာ မိတ်ဆွေလို့ ခေါ်ဆိုနိုင်ဖို့အတွက် နှစ်ဖက်စလုံးမှာ ညီညီမျှမျှ ရှိရမယ်။ တစ်ဖက်ကလည်း သိပ်အများကြီး အခွင့်အရေး ရနေလို့ရှိရင် နှစ်ဦးဟာ ညီညီမျှမျှ မိတ်ဆွေ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်မတို့ နိုင်ငံဟာ တကယ်ပဲ တိုင်းရင်းသားများ အချင်းချင်းမှာ ညီညွတ်ဖို့ ပြေလည်ဖို့ဆိုလို့ရှိရင် တန်းတူညီမျှမှု ရဖို့လိုပါတယ်။ တန်းတူ ညီမျှမှု ရသင့်သလို ရနေတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ခိုင်မာလာဖို့ လိုအပ်တယ်” ဟု အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားအပြီး မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူထု တွေ့ဆုံပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပြီး အဆိုပါ ကယားပြည်နယ်နေ့ ပွဲတော်ကို ၁ဝ ရက်တိုင် ကျင်းပ သွားမည်ဖြစ်သည်။
Image may contain: 2 people, people standing and crowd
Image may contain: 5 people, people sitting and crowd
Image may contain: one or more people, text that says '(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အခွမ်းအနား'
Image may contain: 6 people, people standing and outdoor
Image may contain: one or more people
အဖြူရောင်
<Zawgyi>
တိုင်ရင်းသားအချင်းချင်း ညီညွတ်ဖို့ ပြေလည်ဖို့ဆိုရင် အားလုံး တန်းတူညီမျှမှုလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား


နိုင်ငံတွင် တိုင်ရင်းသားအချင်းချင်း ညီညွတ်မှု ရှိရန်အတွက် နှစ်ဖက်စလုံးတွင် တန်းတူညီညီမျှမျှ ရှိရမည်ဖြစ်ကြောင်း တစ်ဖက်က အခွင့် အရေး အများကြီး ရနေပါက နှစ်ဦးသည် ညီညီမျှမျှ မိတ်ဆွေမဖြစ်နိုင်ကြောင်း တိုင်ရင်းသားအချင်းချင်း ညီညွတ်ရန် ပြေလည်ရန်အတွက် အားလုံး တန်းတူညီမျှမှု လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဇန်နဝါရီ်လ ၁၅ ရက်က ကျင်းပပြုလုပ်သည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့ နိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်လို့ နိုင်ငံတည်တံ့ ခိုင်မြဲဖို့ အေးချမ်းသာယာဖို့ တိုးတက် ဖို့ ဆိုလို့ရှိရင် တိုင်းရင်းသားများ အချင်းချင်း ညီညွတ်မှုရှိဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ညီညွတ်မှု ဆိုတာဟာ ငြိမ်းချမ်းရေးလိုပဲ။ ညီညွတ်မှု ရှိဖို့ဆိုလို့ရှိရင် တန်းတူ ညီမျှမှု ရှိရပါမယ်။ မိတ်ဆွေနှစ်ဦးဆိုတာ မိတ်ဆွေလို့ ခေါ်ဆိုနိုင်ဖို့အတွက် နှစ်ဖက်စလုံးမှာ ညီညီမျှမျှ ရှိရမယ်။ တစ်ဖက်ကလည်း သိပ်အများကြီး အခွင့်အရေး ရနေလို့ရှိရင် နှစ်ဦးဟာ ညီညီမျှမျှ မိတ်ဆွေ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်မတို့ နိုင်ငံဟာ တကယ်ပဲ တိုင်းရင်းသားများ အချင်းချင်းမှာ ညီညွတ်ဖို့ ပြေလည်ဖို့ဆိုလို့ရှိရင် တန်းတူညီမျှမှု ရဖို့လိုပါတယ်။ တန်းတူ ညီမျှမှု ရသင့်သလို ရနေတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ခိုင်မာလာဖို့ လိုအပ်တယ်” ဟု အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားအပြီး မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူထု တွေ့ဆုံပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပြီး အဆိုပါ ကယားပြည်နယ်နေ့ ပွဲတော်ကို ၁ဝ ရက်တိုင် ကျင်းပ သွားမည်ဖြစ်သည်။
အဖြူရောင်

No comments:

Post a Comment

My Blog List