Friday, January 17, 2020

ရန်ကုန်ရှိ တရုတ်သံရုံးအနီး ဆန္ဒပြခွင့် အာဏာပိုင်များ ပိတ်ပင်၊ သံရုံးအနီး လုံခြုံရေးတင်းကျပ်စွာချထား

Image may contain: sky, tree and outdoorImage may contain: tree, shoes, plant and outdoor
တရုတ်သမ္မတရှီကျင့်ပင်၏ မြန်မာနိုင်ငံခရီးစဉ် စတင်သော ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တရုတ်သံရုံးအနီး ပြုလုပ်မည့် တရုတ်စီမံကိန်းများ ဆန့်ကျင်သော ဆန္ဒပြပွဲကို အာဏာပိုင်များက ပိတ်ပင်လိုက်ပြီး သံရုံးအနီးတွင် ယမန်နေ့ညပိုင်းမှစတင်၍ လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ ၂ ရက်တာ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ပင် ခရီးစဉ်အချိန်နှင့်တိုက်ဆိုင်၍ မြစ်ဆုံစီမံကိန်း အပြီးတိုင်းဖျက်သိမ်းရေးနှင့် မြန်မာ့သယံဇာတများ ပရမ်းပတာ မထုတ်ယူရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြရန် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေး အဖွဲ့ ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး လူမှုအဖွဲ့အစည်း တို့က စီစဉ်ခဲ့ပြီး ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ထံ တရားဝင် လျှောက်ထားခဲ့ကြောင်း၊ သို့ရာတွင် အာဏာပိုင်များက တရုတ်သံရုံးပတ်ဝန်းကျင်တွင် ဆန္ဒပြခွင့်မပြုဘဲ မြို့တော်ခန်းမရှေ့သို့ သွားရောက် ဆန္ဒပြရန် ညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။
"ခရိုင်မှူးက ခေါ်ညှိတယ်။ တရုတ်သံရုံးအနီးမှာတော့ ဆန္ဒပြခွင့်မပြုဘူး။ မြို့တော်ခန်းမရှေ့မှာ သွားလုပ်ပါလို့ ပြောတယ်။ အဲဒီတော့ ကျနော်တို့ကလည်း တရုတ်သံရုံးကိုတော့ စာမှဖြစ်မယ်။ အဲဒီတော့ နောက်ဆုံးညှိလိုက်တာ ဇန်နဝါရီလ ၁၈ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့၊ ဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒပြပွဲ ၂ နာရီစမယ်။ ပြီးရင် တရုတ်သံရုံးကို လမ်းလျှောက်ပြီး ကျနော်တို့ သဘောထား စာ သွားပေးမယ်။ ဒါကိုလည်း အာဏာပိုင်တွေဘက်က သဘောတူတယ်" ဟု ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဦးအောင်စိုးက ပြောသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ညပိုင်းမှ စတင်ပြီး ရန်ကုန်တရုတ်သံရုံးရှေ့တွင် လုံထိန်းရဲများ တင်းကျပ်စွာ ချထားပြီး လမ်းပိတ်ရာတွင် အသုံးပြုသည့် သံဆူးကြိုးဘယ်ရီယာများစွာကို အသင့်ပြင်ထားသည်။ ရန်ကုန်ခေတ်သစ်၏ သွားရောက် ကြည့်ရှုမှုအရ တရုတ်သံရုံးပတ်ပတ်လည်တွင် လုံထိန်းရဲကား ၉ စီးထက်မနည်းရှိနေပြီး အင်အား ၁၀၀ ဝန်းကျင်ခန့်ချထားသည်ကို တွေ့ရှိရသည်။
ရဲတပ်ဖွဲ့ထံသို့ ဆန္ဒပြပွဲ ကျင်းပရန် တရားဝင် အကြောင်းကြားရာတွင် လူဦးရေ ၂၀၀ ဟု ဖော်ပြ အကြောင်းကြားထားကြောင်း သိရှိရသည်။
တရုတ်သမ္မတရှီကျင့်ပင်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၇ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ ၂ ရက်တာ လာရောက်လည်ပတ်မည်ဖြစ်သည်။
Image may contain: 1 person, tree, sky, car and outdoor
Image may contain: tree, sky, car and outdoor
Image may contain: outdoor
Photo By ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List