ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် စပါးကိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ မီးလင်းရေးနှောင့်နှေးကျန့်ကြာနေသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းကြပ်မတ်ကူညီပေးရန် ဒေသခံများကတောင်းဆိုလိုက်သည်။
သာယာကုန်းကျေးရွာမီးလင်းရေးကိစ္စသည်လွန်ခဲ့သော ၈ နှစ်ခန့်က ရွာသူရွာသားများက ကိုယ်ထူကိုယ်ထ စတင်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၈ -၁၉ခုနှစ်ရန်ကုန်တိုင်းဒေသကြီး အစိုးရရံပုံငွေ ဖြင့်မီးလင်းရေးဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကျထားခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လက်တွေ့အခြေအနေတွင် အိမ်ထောင်စုပေါင်း ၅၂စုရှိသည့်အနက်
၁၅အိမ်သာ မီးလင်းလျက်ဂှိနေကြောင်း၊ ယင်းအပြင် ၂၅.၁၂.၁၉ရက်တွင် မြို့နယ်လျှပ်စစ်ဌာနမှ ဦးစီးမှုးနုှတ်ခိုင်းသည်ဟုဆိုကာ စိုက်ထူထားသည့်ဓာတ်တိုင်များ လာရောက်နှုတ်ယူသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကာ မနှုတ်စေချင်ပါက တစ်အိမ်လျှင် ငွေကျပ် လေးသိန်းခွဲပေးရမည်ဖြစ်ကြောင်း တောင်းယူသည့်ကိစ္စများဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများကပြောသည်။
"မရှိဆင်းရဲသား တွေဆီက ဓါးမြတိုက်သလို တောင်းနေတာတော့ ကျွန်မတို့လည်း မပေးနိုင်တော့မပေးဘူးပေါ့။ ဘယ်သူ့သွားတိုင်ရမှန်းလဲမသိဘူး ဖြစ်နေတာပေါ့" ဟု ဒေသခံတစ်ဦးဖြစ်သူ ဒေါ်သန်းနွဲ့ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မှုမရခဲ့သလို၊ တိုက်ကြီးမြို့နယ် လှျှပ်စစ်ဦးစီးမှုးဦးအောင်ကျော်မြင့်ထံ ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း ဆက်သွယ်မှုမရခဲ့ပေ။
ကိုဖူးသစ်
<Zawgyi>
ကျေးရွာမီးလင်းရေး ကြန့်ကြာအောင်လုပ်ပြီး ဒေသခံများထံမှ ပိုက်ဆံတောင်းနေသဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ်လ ၁၂
ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် စပါးကိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ မီးလင်းရေးနှောင့်နှေးကျန့်ကြာနေသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းကြပ်မတ်ကူညီပေးရန် ဒေသခံများကတောင်းဆိုလိုက်သည်။
"မီးလင်းရေးကကြာနေပါပြီ။ အခုပိုဆိုးလာတာက ပြည်ထောင်စု ဘတ်ဂျက်ရံ ပုံငွေချထားပေးပြီး ကျွန်တော်တို့ဒေသခံတွေဆီက တစ်အိမ်ထောင် ဘယ်လောက်ပေးရမယ်ဆိုပြီး မြို့နယ်လျှပ်စစ်တာဝန်ရှိသူအချို့ကတောင်းနေတယ်။ ကျွန်တော်တို့ကတောင်သူလယ်သမားတွေဆိုတော့ စပါဈေးကလည်းမရ၊ ငွေပိုငွေလျှံကလည်းမရှိတော့ သူတို့တောင်းသမျှမပေးနိုင်ပါဘူး။ အဲဒီတော့ မီးလည်းမလင်းတော့ဘူးပေါ့။ ကျွန်တော်တို့ဒေသခံအများစုကတော့ ဒီကိစ္စအမြန်ဆုံးဖြစ်မြောက်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုအစိုးရအဖွဲ့တာဝန်ရှိသူများအနေနဲ့ အကူအညီပေးစေချင်ပါတယ်။ နှောင့်နှေးကြန့်ကြာမှုတွေအမြန်ဆုံးပျောက်ကွယ်သွားအောင် ထိန်းသိမ်းကြပ်မတ်ပေးစေချင်ပါတယ်" ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးစစ်ထွန်းကပြောသည်။
သာယာကုန်းကျေးရွာမီးလင်းရေးကိစ္စသည်လွန်ခဲ့သော ၈ နှစ်ခန့်က ရွာသူရွာသားများက ကိုယ်ထူကိုယ်ထ စတင်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၈ -၁၉ခုနှစ်ရန်ကုန်တိုင်းဒေသကြီး အစိုးရရံပုံငွေ ဖြင့်မီးလင်းရေးဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကျထားခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လက်တွေ့အခြေအနေတွင် အိမ်ထောင်စုပေါင်း ၅၂စုရှိသည့်အနက်
၁၅အိမ်သာ မီးလင်းလျက်ဂှိနေကြောင်း၊ ယင်းအပြင် ၂၅.၁၂.၁၉ရက်တွင် မြို့နယ်လျှပ်စစ်ဌာနမှ ဦးစီးမှုးနုှတ်ခိုင်းသည်ဟုဆိုကာ စိုက်ထူထားသည့်ဓာတ်တိုင်များ လာရောက်နှုတ်ယူသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကာ မနှုတ်စေချင်ပါက တစ်အိမ်လျှင် ငွေကျပ် လေးသိန်းခွဲပေးရမည်ဖြစ်ကြောင်း တောင်းယူသည့်ကိစ္စများဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများကပြောသည်။
"မရှိဆင်းရဲသား တွေဆီက ဓါးမြတိုက်သလို တောင်းနေတာတော့ ကျွန်မတို့လည်း မပေးနိုင်တော့မပေးဘူးပေါ့။ ဘယ်သူ့သွားတိုင်ရမှန်းလဲမသိဘူး ဖြစ်နေတာပေါ့" ဟု ဒေသခံတစ်ဦးဖြစ်သူ ဒေါ်သန်းနွဲ့ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မှုမရခဲ့သလို၊ တိုက်ကြီးမြို့နယ် လျှှပ်စစ်ဦးစီးမှုးဦးအောင်ကျော်မြင့်ထံ ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း ဆက်သွယ်မှုမရခဲ့ပေ။
ကိုဖူးသစ်
No comments:
Post a Comment