Friday, January 17, 2020

ဂမ်ဘီယာသမ္မတဟောင်း ပြန်လာရေးအတွက် လူပေါင်း ထောင်ချီ ဆန္ဒဖော်ထုတ်

Image may contain: 2 people, crowd and outdoor
တိုင်းပြည်မှ ထွက်ခွာသွားသည့် ဂမ်ဘီယာနိုင်ငံ သမ္မတဟောင်း ယာယာဂျမ်မေး(Yahya Jammeh) ပြန်လာရေးအတွက် ယင်းကိုထောက်ခံသူများ ထောင်နှင့်ချီ၍ ဂမ်ဘီယာနိုင်ငံ၏ မြို့တော် ဘန်ဂျူးလ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
သူပြန်လာမည့်ကိစ္စနှင့်ပတ်သက်၍ အာမခံကြောင်း အနောက်အာဖရိကနိုင်ငံက တိုက်တွန်းသည့် အသံဖိုင်ကို ယာယာဂျာမေးဆီသို့ပို့ပြီးနောက် ယမန်နေ့(ဇန်နဝါရီ ၁၆)ရက်နေ့က ထိုသို့ ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။
ဂျာမေးသည် ဂမ်ဘီယာနိုင်ငံကို ၂၂ နှစ်ကြာမျှ အုပ်ချုပ်ခဲ့ပြီး ၂၀၁ရခုနှစ် ဇန်နဝါရီတွင် ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ အဒမဘားရိုး(Adama Barrow)ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
သမ္မတသက်တမ်းပြည့် ၅ နှစ်အထိမနေပဲ ၃ နှစ်သာနေမည်ဟူ၍ မဲဆွယ်စဉ်က ကတိပေးခဲ့ခြင်းကို ဖောက်ဖျက်၍ လက်ရှိ သမ္မတသက်တမ်း ၅ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း အဒမဘားရိုးက ကြေညာခဲ့ပြီးနောက်ဝယ် လူပေါင်း ထောင်ချီပါဝင်သည့် ဆန္ဒဖော်ထုတ်မှုများပေါ်ပေါက်ခဲ့ပြီး၊ သမ္မတဟောင်း ယာယာဂျမ်မေးအား ပြန်ခေါ်သည့် ဆန္ဒဖော်ထုတ်မှုများလည်း ပြုလုပ်လာကြသည်။
”ကျွန်တော်တို့ ရာနှုန်းပြည့် သူ့ကိုုလိုချင်ပါတယ်။ သူ့အတွက် အသက်စွန့်ဖို့အသင့်ပါပဲ”ဟု ယာယာဂျမ်မေးကို ထောက်ခံသူ အသက် ၂၆နှစ်အရွယ် အစ္စမီလာက AFP သတင်းဌာနသို့ပြောသည်။
”ဂျမ်မေး ဂမ်ဘီယာက ထွက်မသွားခင်ကတည်းက ၃ နှစ်ပြည့်ရင် ပြန်လာဖို့ သဘောတူထားခဲ့တာရှိပါတယ်”ဟုလည်း သူကပြောသည်။
အဒမဘားရိုးရာထူးမှနှုတ်ထွက်ရန်တောင်းဆိုသည့် ဆန္ဒဖော်ထုတ်ပွဲများကို ဇန်နဝါရီ ၁၉ နှင့် ၂၀ ရက်များတွင် ပြုလုုပ်ရန် စီစဉ်ထားကြသည်။ ပြီးခဲ့သည့်လအတွင်းကလည်း လူပေါင်းထောင်သောင်းချီပါဝင်သည့် ဆန္ဒဖော်ထုတ်ပွဲများကို ဘန်ဂျူးလ်မြို့တွင် ပြုလုုပ်ခဲ့ကြသေးသည်။
ဘားရိုးကို ထောက်ခံသူများကလည်း တန်ပြန်ဆန္ဒဖော်ထုတ်မှုများပြုလုုပ်ခဲ့ကြသည်။
သို့ရာတွင် ယာယာဂျာမေးအနေဖြင့် ခွင့်ပြုချက်မရပဲ တိုင်းပြည်သို့ပြန်လာပါက သူ၏လုံခြုံရေးအတွက် အာမမခံနိုင်ကြောင်း လက်ရှိ အစိုးရပြောခွင့်ရှိပုဂ္ဂိုလ်တစ်ဦးက ဇန်နဝါရီ ၁၂ ရက်နေ့က ဘီဘီစီ သတင်းဌာနသို့ပြောကြားခဲ့ကြောင်းသိရသည်။
ယာယာဂျာမေးသည် ဂမ်ဘီယာနိုင်ငံ၏ ဒုတိယမြောက် သမ္မတဖြစ်ပြီး၊ ၁၉၉၆ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုသော် သူသည် အီကွေတိုုးရီးယဲလ် ဂီနီယာနိုင်ငံတွင် နေထိုင်လျှက်ရှိသည်။ ဘားရိုးအစိုုးရအဖွဲ့ကမူ ဂျာမေးသည် နိုင်ငံဘဏ္ဍာငွေများအား ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း စွပ်စွဲပြောဆိုထားသည်။
Image may contain: 4 people, people standing and outdoor
Image may contain: 2 people, people smiling, people standing and outdoor
Image may contain: 1 person, smiling
Surce: Aljazeera
Ref: Thousands rally in The Gambia for ex-leader Yahya Jammeh's return
Photo: AFP Photo/ROMAIN CHANSON, DWO Wally
Popular News Journal
(Zawgyi)
ဂမ်ဘီယာသမ္မတဟောင်း ပြန်လာရေးအတွက် လူပေါင်း ထောင်ချီ ဆန္ဒဖော်ထုတ်
ဘန်ဂျူးလ်(ဂမ်ဘီယာ)၊ ဇန်နဝါရီ ၁၇
တိုင်းပြည်မှ ထွက်ခွာသွားသည့် ဂမ်ဘီယာနိုင်ငံ သမ္မတဟောင်း ယာယာဂျမ်မေး(Yahya Jammeh) ပြန်လာရေးအတွက် ယင်းကိုထောက်ခံသူများ ထောင်နှင့်ချီ၍ ဂမ်ဘီယာနိုင်ငံ၏ မြို့တော် ဘန်ဂျူးလ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
သူပြန်လာမည့်ကိစ္စနှင့်ပတ်သက်၍ အာမခံကြောင်း အနောက်အာဖရိကနိုင်ငံက တိုက်တွန်းသည့် အသံဖိုင်ကို ယာယာဂျာမေးဆီသို့ပို့ပြီးနောက် ယမန်နေ့(ဇန်နဝါရီ ၁၆)ရက်နေ့က ထိုသို့ ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။
ဂျာမေးသည် ဂမ်ဘီယာနိုင်ငံကို ၂၂ နှစ်ကြာမျှ အုပ်ချုပ်ခဲ့ပြီး ၂၀၁၇ခုနှစ် ဇန်နဝါရီတွင် ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ အဒမဘားရိုး(Adama Barrow)ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
သမ္မတသက်တမ်းပြည့် ၅ နှစ်အထိမနေပဲ ၃ နှစ်သာနေမည်ဟူ၍ မဲဆွယ်စဉ်က ကတိပေးခဲ့ခြင်းကို ဖောက်ဖျက်၍ လက်ရှိ သမ္မတသက်တမ်း ၅ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း အဒမဘားရိုးက ကြေညာခဲ့ပြီးနောက်ဝယ် လူပေါင်း ထောင်ချီပါဝင်သည့် ဆန္ဒဖော်ထုတ်မှုများပေါ်ပေါက်ခဲ့ပြီး၊ သမ္မတဟောင်း ယာယာဂျမ်မေးအား ပြန်ခေါ်သည့် ဆန္ဒဖော်ထုတ်မှုများလည်း ပြုလုပ်လာကြသည်။
”ကျွန်တော်တို့ ရာနှုန်းပြည့် သူ့ကိုလိုချင်ပါတယ်။ သူ့အတွက် အသက်စွန့်ဖို့အသင့်ပါပဲ”ဟု ယာယာဂျမ်မေးကို ထောက်ခံသူ အသက် ၂၆နှစ်အရွယ် အစ္စမီလာက AFP သတင်းဌာနသို့ပြောသည်။
”ဂျမ်မေး ဂမ်ဘီယာက ထွက်မသွားခင်ကတည်းက ၃ နှစ်ပြည့်ရင် ပြန်လာဖို့ သဘောတူထားခဲ့တာရှိပါတယ်”ဟုလည်း သူကပြောသည်။
အဒမဘားရိုးရာထူးမှနှုတ်ထွက်ရန်တောင်းဆိုသည့် ဆန္ဒဖော်ထုတ်ပွဲများကို ဇန်နဝါရီ ၁၉ နှင့် ၂၀ ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားကြသည်။ ပြီးခဲ့သည့်လအတွင်းကလည်း လူပေါင်းထောင်သောင်းချီပါဝင်သည့် ဆန္ဒဖော်ထုတ်ပွဲများကို ဘန်ဂျူးလ်မြို့တွင် ပြုလုပ်ခဲ့ကြသေးသည်။
ဘားရိုးကို ထောက်ခံသူများကလည်း တန်ပြန်ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြသည်။
သို့ရာတွင် ယာယာဂျာမေးအနေဖြင့် ခွင့်ပြုချက်မရပဲ တိုင်းပြည်သို့ပြန်လာပါက သူ၏လုံခြုံရေးအတွက် အာမမခံနိုင်ကြောင်း လက်ရှိ အစိုးရပြောခွင့်ရှိပုဂ္ဂိုလ်တစ်ဦးက ဇန်နဝါရီ ၁၂ ရက်နေ့က ဘီဘီစီ သတင်းဌာနသို့ပြောကြားခဲ့ကြောင်းသိရသည်။
ယာယာဂျာမေးသည် ဂမ်ဘီယာနိုင်ငံ၏ ဒုတိယမြောက် သမ္မတဖြစ်ပြီး၊ ၁၉၉၆ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုသော် သူသည် အီကွေတိုးရီးယဲလ် ဂီနီယာနိုင်ငံတွင် နေထိုင်လျှက်ရှိသည်။ ဘားရိုးအစိုးရအဖွဲ့ကမူ ဂျာမေးသည် နိုင်ငံဘဏ္ဍာငွေများအား ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း စွပ်စွဲပြောဆိုထားသည်။
Surce: Aljazeera
Ref: Thousands rally in The Gambia for ex-leader Yahya Jammeh's return
Photo: AFP Photo/ROMAIN CHANSON, DWO Wally

No comments:

Post a Comment

My Blog List