Thursday, January 16, 2020

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေက ကမ္ဘာစစ်ဖြစ်လာနိုင်ကြောင်း ရုရှား သမ္မတ ပူတင်သတိပေး

Image may contain: 1 person, suit
အရှေ့အလယ်ပိုင်း ဒေသ ပဋိပက္ခတွေက ကမ္ဘာစစ်ပွဲအသွင် ပြောင်းလာနိုင်ဖွယ်ရှိတယ်လို့ ရုရှား သမ္မတ ပူတင် သတိပေးပြောဆိုလိုက်ပါတယ်။ 

ရုရှား သမ္မတ ပူတင် ဟာ ဒီကနေ့ နံနက်ပိုင်းက မော်စကိုနိုင်ငံမှာကျင်းပတဲ့ ရုရှား ဖက်ဒရယ် အစည်းအဝေးမှာ အခုလိုမျိုး သတိပေးပြာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အရေးတစ်ကြီးဆွေးနွေးဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ငါးနိုင်ငံကြား တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း ရုရှား သမ္မတက ပြောပါတယ်။ 
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေက နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အခြေအနေမျိုး ကူးပြောင်းလာနိုင်ကြောင်း ရုရှား သမ္မတက ဆိုပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ ငါးနိုင်ငံအနေနဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အကြောင်းတရားတွေကို ဖယ်ရှားပစ်ရမယ်လို့ ရုရှားသမ္မတက ပြောပါတယ်။ 
ရုရှားနိုင်ငံဟာ လက်ရှိမှာအခြားဘယ်နိုင်ငံကမှ မပိုင်ဆိုင်သေးတဲ့ နောက်ဆုံးပေါ် လက်နက်တွေ ပိုင်ဆိုင်ထားကြောင်း၊ ရုရှားနိုင်ငံအနေနဲ့ လက်နက်ထုတ်လုပ်နိုင်စွမ်း ထပ်မံတိုးတက်လာနိုင်ဖွယ်ရှိကြောင်း ရုရှား သမ္မတပူတင်က ပြောပါတယ်။
ကောင်းထက် (အကုန်သိ သတင်းဌာန)
<<< Unicode Version >>>
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေက ကမ္ဘာစစ်ဖြစ်လာနိုင်ကြောင်း ရုရှား သမ္မတ ပူတင်သတိပေး
---- ကောင်းထက် (အကုန်သိ သတင်းဌာန) ----
အရှေ့အလယ်ပိုင်း ဒေသ ပဋိပက္ခတွေက ကမ္ဘာစစ်ပွဲအသွင် ပြောင်းလာနိုင်ဖွယ်ရှိတယ်လို့ ရုရှား သမ္မတ ပူတင် သတိပေးပြောဆိုလိုက်ပါတယ်။ ရုရှား သမ္မတ ပူတင် ဟာ ဒီကနေ့ နံနက်ပိုင်းက မော်စကိုနိုင်ငံမှာကျင်းပတဲ့ ရုရှား ဖက်ဒရယ် အစည်းအဝေးမှာ အခုလိုမျိုး သတိပေးပြာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အရေးတစ်ကြီးဆွေးနွေးဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ငါးနိုင်ငံကြား တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း ရုရှား သမ္မတက ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေက နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အခြေအနေမျိုး ကူးပြောင်းလာနိုင်ကြောင်း ရုရှား သမ္မတက ဆိုပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ ငါးနိုင်ငံအနေနဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အကြောင်းတရားတွေကို ဖယ်ရှားပစ်ရမယ်လို့ ရုရှားသမ္မတက ပြောပါတယ်။ ရုရှားနိုင်ငံဟာ လက်ရှိမှာအခြားဘယ်နိုင်ငံကမှ မပိုင်ဆိုင်သေးတဲ့ နောက်ဆုံးပေါ် လက်နက်တွေ ပိုင်ဆိုင်ထားကြောင်း၊ ရုရှားနိုင်ငံအနေနဲ့ လက်နက်ထုတ်လုပ်နိုင်စွမ်း ထပ်မံတိုးတက်လာနိုင်ဖွယ်ရှိကြောင်း ရုရှား သမ္မတပူတင်က ပြောပါတယ်။

No comments:

Post a Comment

My Blog List