Thursday, January 16, 2020

ထိုင်းတွင် ဝူဟန်နမိုးနီးယားရောဂါပိုးကူးစက်ခံထားရသူကိုတွေ့ရှိပြီးနောက် ပိုမိုကျယ်ပြန့်စွာပြန့်ပွားနေနိုင်ကြောင်း WHO သတိပေး

Image may contain: 4 people, people smiling, people sittingImage may contain: 7 people, people standing

တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ဖြစ်ပွားနေသော အမည်မသိ Coronavirus တစ်မျိုးကူးစက်ခံထားရသည့် အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံ၌တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပိုမိုကျယ်ပြန့်သည့်နေရာများသို့ ပြန့်ပွားရောက်ရှိနေနိုင်ကြောင်း သတိပေးလိုက်သည်ဟု သိရသည်။
တရုတ်နိုင်ငံပြင်ပတွင် ရောဂါပိုးကူးစက်ခံထားရသူကို ပထမဆုံးတွေ့ရှိခြင်းဖြစ်ပြီး အဆိုပါတရုတ်အမျိုးသမီးကို သီးသန့်ခွဲခြားစောင့်ကြည့်လျက်ရှိသည်ဟု ထိုင်းအာဏာပိုင်များက ဆိုခဲ့သည်။ ရောဂါပိုးအသစ်သည် SARS နှင့် MERS ရောဂါများနှင့်ဆင်တူသည်ဟု WHO မှအကြီးအကဲတစ်ဦးဖြစ်သည့်ဒေါက်တာ Maria D Van Kerkhove က ဆိုထားသည်။ ကုလသမဂ္ဂက ရောဂါပိုးကြိုတင်ကာကွယ်ရေးနှင့်ပြန့်ပွားမှုမရှိအောင်ထိန်းချုပ်ရန် ကမ္ဘာတစ်ဝန်းမှဆေးရုံများကို လမ်းညွှန်ထားသည်။ တရုတ်နှစ်သစ်ကူးနီးကပ်လာသည်နှင့်အမျှ တရုတ်ခရီးသွားအများစုသည် ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်လိမ့်မည်ဟုမျှော်မှန်းရသည့်အတွက် WHO က ထိုင်းအာဏာပိုင်များအား သတိထားစောင့်ကြည့်ရန် တိုက်တွန်းထားသည်ဟု သိရသည်။
(AP,15.1.2020) အေးယုနိုင်

No comments:

Post a Comment

My Blog List