Thursday, January 16, 2020

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဖခင်ဖြစ်သူ၏ရုပ်ထုဖြစ်၍ ဖြေရှင်းပေးရန်မသင့်တော် ပြည်ထောင်စုဝန်ကြီးနှင့်သာဖြေရှင်းကြရန် နိုင်ငံတော်အတိုင်ပင်ခံ ကရင်နီလူငယ်များကိုပြောကြား

Image may contain: 6 people, people sitting and indoor

နိုင်ငံတော်အတိုင်ပင်ခံနှင့် ကရင်နီလူငယ်များ ယနေ့နေ့လယ်ပိုင်းက လွိုင်ကော်ရှိပြည်နယ်အစိုးရဧည့်ရိပ်သာတွင်တွေ့ဆုံကြရာတွင် ကရင်နီလူငယ်များတင်ပြလာသည့်အထဲမှ လူငယ်ရေးရာကိစ္စများနှင့်စပ်လျဉ်းပြီး လုပ်ဆောင်ပေးနိုင်သည်ကိုလုပ်ဆောင်ပေးမည်ဟု ပြောကြားခဲ့သည့်အပြင် တပ်သိမ်းမြေနှင့်ပတ်သက်၍ တရားစွဲခံထားရသော တောင်သူများကိစ္စ ဖြေရှင်းပေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPFထံမှသိရသည်။

တွေ့ဆုံမှုတွင် နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သည့် အစိုးရအဖွဲ့နှင့် ကရင်နီလူငယ်များဖြစ်ကြသည့် ခူရီးရယ်၊ခွန်းသောမက်စ်၊ခူးတူရယ်၊ခွန်းမျိုးလှိုင်းဝင်း၊ဆရာဗညား၊ခွန်းကာစ်ပါးရယ်၊ဟယ်လင် တို့ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ခွန်းမျိုးလှိုင်းဝင်းက ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ထုကိစ္စဆွေးနွေးမှုအပေါ် နိုင်ငံတော်အတိုင်ပင်ခံက " နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ဖခင်ဖြစ်တဲ့အတွက် သူ့ရဲ့မိသားစုဝင်ဖြစ်တဲ့အတွက် ဒီကိစ္စမှာ သူကိုယ်တိုင်ဦးဆောင်ပြီး မဖြေရှင်းလိုဘူး။ ဖြေရှင်းဖို့လည်း မသင့်တော်ဘူးလို့ မှတ်ယူတဲ့အတွက် ပြည်ထောင်စုဝန်ကြီးကိုပဲ လွှဲချလိုက်တယ်။ ဒီကိစ္စကို ကျွန်တော်တို့ ကရင်နီလူငယ်နဲ့ပြည်ထောင်စုဝန်ကြီးနဲ့ ထပ်မံတွေ့ဆုံညှိနှိုင်းပြီး အဖြေရှာဖို့အတွက် ဖြေရှင်းဖို့အတွက် တာဝန်ပေးခဲ့တယ်" ဟု ဆိုသည်။
ဆွေးနွေးခဲ့သည့် တောင်သူလယ်သမားများအရေးကိစ္စနှင့် ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကိုတာဝန်ပေးထားပြီး ရှေ့နေချုပ်ရုံးနှင့်တိုင်ပင်ကာ အမြန်ဆုံးဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံကပြောကြောင်းပြောပြသည်။
လူငယ်ရေးရာကိစ္စအပေါ် နိုင်ငံတော်အတိုင်ပင်ခံက လုပ်ဆောင်ပေးနိုင်သည်ကိုလုပ်ဆောင်ပေးမည်ဟုပြောကာ တိတိကျကျပြောမသွားကြောင်း ခွန်းမျိုးလှိုင်းဝင်းက ပြောပြသည်။
Image may contain: 8 people, people sitting
Image may contain: 1 person, standing
ကိုမင်း/Myanmat Harp

No comments:

Post a Comment

My Blog List