Monday, January 13, 2020

ထိုင်ဝမ်ရွေးကောက်ပွဲ လက်ရှိသမ္မတ ချိုင်အင်းဝမ် အနိုင်ရ


ထိုင်ဝမ်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ချိုင်အင်းဝမ်က  ပြိုင်ဘက် ကူမင်တန်ပါတီက ဟန်ကို့ယွီကို အနိုင်ရသွားပါတယ်။

 ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ဟာ တရုတ်ပြည်မကြီးနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ ပြိုင်ဘက် ကူမင်တန်ပါတီက ဟန်ကို့ယွီကို မဲ ၂ ဒသမ ၆သန်း အသာနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
တရုတ်ပြည်မကြီးအစိုးရနဲ့ ဆက်ဆံရေး တင်းမာနေပြီး အစိုးရဆန့်ကျင်ရေး လချီ ဆန္ဒပြ နေတဲ့ ဟောင်ကောင်အတွက် ထိုင်ဝမ်ဟာ မျှော်လင့်ချက် လမ်းစအဖြစ် ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က စွဲကိုင် မဲဆွယ်ခဲ့တာပါ။ 
ဟောင်ကောင်ဒေသခံတွေကတော့ ထိုင်ဝမ်ဟာ စနေနေ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး သူတို့ ထင်ကြေးပေး မျှော်မှန်းထားပြီးသားလို့ ပြောပါတယ်။
ထိုင်ဝမ်သားတွေဟာ ဟောင်ကောင်က အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဟောင်ကောင် ကျောင်းသားတယောက်က ပြောပါတယ်။
တကယ်လို့သာ ထိုင်ဝမ်ဟာ တရုတ်ကွန်မြူနစ်ပါတီက အားကောင်းတဲ့ ထိုးဖောက်မှုကို ခံရရင် ဒီနေ့ ဟောင်ကောင်သားတွေလို ထူးမခြားနား ဇာတ်သိမ်းရမှာကို ကြောက်နေကြပုံ ပေါ်တယ်လို့ ဟောင်ကောင် ကျောင်းသား ကဲနက်ချောင်က ပြောပါတယ်။
ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်ပြီး ဟောင်ကောင်လိုပဲ တနိုင်ငံ စနစ် နှစ်မျိုး မူဝါဒနဲ့ အုပ်ချုပ်ခံသင့်တယ်လို့ တရုတ်ပြည်မကြီးရဲ့ မြို့တော်ပေကျင်းက မြို့ခံတွေက ဇန်နဝါရီ ၁၂ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တရုတ်အစိုးရဟာ တရုတ်တနိုင်ငံတည်း မူဝါဒကို ပြောင်းလဲမှာ မဟုတ်တဲ့အပြင်  ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကိုလည်း ဆန့်ကျင်တယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
DVB

No comments:

Post a Comment

My Blog List