Thursday, January 16, 2020

မြိတ်မြို့၌ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးကွင်းဆက်မှ ကော့သောင်းမြို့၌လက်နက်နှင့်ဆေးဝါးများထပ်မံဖမ်းမိ

No photo description available.

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ၏ကွင်းဆက်အရ ကော့သောင်းမြို့၌လည်း လက်နက်နှင့်ဆေးဝါးများကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်သားများသည် ဇန်နဝါရီလ ၁၃ ရက်၊ ည ၁၁ နာရီခွဲ၌ သက်သေများနှင့်အတူ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ကျွဲကူးရေပေါ်လွန်းကျင်းတွင် ဆိုက်ကပ်ထားသော စက်လှေအား ရှာဖွေရာခဲ့ကြသည်။
စက်လှေပေါ်တွင် တောင်ကုတ်မြို့နယ်၊ ဝက်ကြိတ်ကျေးရွာအုပ်စု၊ မှိုဟင်းတိုးကျေးရွာနေ သိန်းကျော်နိုင်(ခ)မောင်ရေ ၂၉ နှစ်နှင့် ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်နေ မျိုးဝင်း ၄၈ နှစ်တို့အားတွေ့ရှိပြီး စက်လှေပေါ်တွင်သိုဝှက်ထားသော ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၉၆၀၀၀ သိန်းရှိကတ်တမင်းအလေးချိန် ၄၉၀ ကီလို နှင့် တန်ဖိုးငွေကျပ် ၈၀၄၀၀ သိန်းရှိ ICE အလေးချိန် ၂၀၁ ကီလို တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြချက်အရ သိရသည်။
ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများ၏ပိုင်ရှင်ဖြစ်သူ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်နေ မြင့်ဇော် ၄၃ နှစ်ဆိုသူကိုလည်း ဇန်နဝါရီလ ၁၄ ရက်၊ နံနက်အစောပိုင်းတွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ ---- တည်းခိုခန်း၊ အခန်းအမှတ်(----)၌ ဘောစေ့ဖြင့်ပစ်ရသော ဂတ်စ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည် ၁ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်သွယ်ရေးစက်များနှင့် မြန်မာငွေ ၈.၅ သိန်းကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ယင်းအတွက်ကြောင့် ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိထားသော သိန်းကျော်နိုင်(ခ)မောင်ရေ ၂၉ နှစ်၊ မျိုးဝင်း ၄၈ နှစ်နှင့် မြင့်ဇော် ၄၃ နှစ်တို့ (၃)ဦးကို အရေးယူထားပြီး နောက်ဆက်တွဲကိုမေးမြန်းစစ်ဆေးနေကြောင်း သိရသည်။
Image may contain: one or more people and people standing
အကုန်သိသတင်းဌာန
Unicode Version
မြိတ်မြို့၌ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးကွင်းဆက်မှ ကော့သောင်းမြို့၌လက်နက်နှင့်ဆေးဝါးများထပ်မံဖမ်းမိ
--------- အကုန်သိသတင်းဌာန ---------

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ၏ကွင်းဆက်အရ ကော့သောင်းမြို့၌လည်း လက်နက်နှင့်ဆေးဝါးများကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်သားများသည် ဇန်နဝါရီလ ၁၃ ရက်၊ ည ၁၁ နာရီခွဲ၌ သက်သေများနှင့်အတူ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ကျွဲကူးရေပေါ်လွန်းကျင်းတွင် ဆိုက်ကပ်ထားသော စက်လှေအား ရှာဖွေရာခဲ့ကြသည်။
စက်လှေပေါ်တွင် တောင်ကုတ်မြို့နယ်၊ ဝက်ကြိတ်ကျေးရွာအုပ်စု၊ မှိုဟင်းတိုးကျေးရွာနေ သိန်းကျော်နိုင်(ခ)မောင်ရေ ၂၉ နှစ်နှင့် ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်နေ မျိုးဝင်း ၄၈ နှစ်တို့အားတွေ့ရှိပြီး စက်လှေပေါ်တွင်သိုဝှက်ထားသော ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၆၀၀၀ သိန်းရှိကတ်တမင်းအလေးချိန် ၄၉၀ ကီလို နှင့် တန်ဖိုးငွေကျပ် ၈၀၄၀၀ သိန်းရှိ ICE အလေးချိန် ၂၀၁ ကီလို တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြချက်အရ သိရသည်။
ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများ၏ပိုင်ရှင်ဖြစ်သူ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်နေ မြင့်ဇော် ၄၃ နှစ်ဆိုသူကိုလည်း ဇန်နဝါရီလ ၁၄ ရက်၊ နံနက်အစောပိုင်းတွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ ---- တည်းခိုခန်း၊ အခန်းအမှတ်(----)၌ ဘောစေ့ဖြင့်ပစ်ရသော ဂတ်စ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည် ၁ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်သွယ်ရေးစက်များနှင့် မြန်မာငွေ ၈.၅ သိန်းကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ယင်းအတွက်ကြောင့် ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိထားသော သိန်းကျော်နိုင်(ခ)မောင်ရေ ၂၉ နှစ်၊ မျိုးဝင်း ၄၈ နှစ်နှင့် မြင့်ဇော် ၄၃ နှစ်တို့ (၃)ဦးကို အရေးယူထားပြီး နောက်ဆက်တွဲကိုမေးမြန်းစစ်ဆေးနေကြောင်း သိရသည်။

No comments:

Post a Comment

My Blog List