Friday, January 17, 2020

မိုးကောင်း၌ နဝမတန်းကျောင်းသားတစ်ဦး ချောင်းအတွင်းရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံး

Image may contain: one or more people, tree, sky, grass, motorcycle, cloud, outdoor and nature
ကချင်ပြည်နယ် မိုးကောင်းမြို့၌ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက နဝမတန်းကျောင်းသားတစ်ဦး ချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ မိုးကောင်းမြို့၊ အလယ်ရပ်ကွက်နေ နဝမတန်းကျောင်းသား မောင်မိုးကိုဝင်း(၁၆ နှစ်)သည် ဇန်နဝါရီ ၁၆ ရက် ညနေ ၄ နာရီခန့်က သူငယ်ချင်းနှစ်ဦးနှင့်အတူ ဘောလုံးကစားပြီး နန့်ကောင်းချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလဂျွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဝင်းနိုင်(ကချင်မြေ)
{Myanmar Digital News 

No comments:

Post a Comment

My Blog List