Friday, January 17, 2020

ဓနုဖြူခံတပ်မှ မြန်မာ့အမြောက်ကြီးများကို ဇေကမ္ဘာပြတိုက်တွင် ထားရှိမည်


Image may contain: 3 people, shoes, sky and outdoor
အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့သူစစ် သူကြီးမဟာဗန္ဓုလအသုံးပြုခဲ့ေသာ ဓနု ဖြူခံတပ်မှ ရှေးဟောင်း မြန်မာ့အမြောက် ကြီးများကို ဇေကမ္ဘာပြတိုက်တွင် ထားရှိ မည်ဖြစ်ကြောင်း အဆိုပါပြတိုက်မှူး ဦး ခင်ညိုက ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။
ယင်းအမြောက်ကြီးများကို တံငါ သည်များငါးရှာရင်း လွန်ခဲ့သော ၅ နှစ်ခန့် က ဧရာဝတီမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းကို မျိုးဆက်သစ် များအနေဖြင့် သမိုင်းအမွေအနှစ်ကို သိရှိ လေ့လာနိုင်ကြစေရန်ရည်ရွယ်၍ သားစဉ် မြေးဆက်ကြည့်ရှုနိုင်ရန် ဇေကမ္ဘာပြတိုက် တည်ထောင်သူ ဒေါက်တာခင်ရွှေက ဝယ် ယူစုဆောင်းထားခဲ့ခြင်းဖြစ်ေကြာင်း ဦးခင် ညိုကရှင်းပြသည်။
]]ပြတိုက်မှာက လက်ရှိ အမြောက် နှစ်လက်ရောက်နေပါပြီ။ နောက်ထပ်နှစ် လက်ထပ်ရောက်ပါမယ်။ ကျွန်တော်တို့ရဲ့ ဇေ ကမ္ဘာကုမ္ပဏီဥက္ကဋ္ဌကြီး ဒေါက်တာခင် ရွှေက ရှေးဟောင်းပစ္စည်းတွေ ပြည်ပကို တရားမဝင်ရောက်သွားမှာစိုးရိမ်လို့ ဝယ် ယူစုဆောင်းထားတာတွေ အများကြီးရှိပါ တယ်။ ပြတိုက်မှာထားရှိမယ့် ရှေးဟောင်း အမွေအနှစ်တွေဟာ ခုဆိုရင် ထောင်နဲ့ချီ ရှိနေပါပြီ}}ဟု ယင်းကပြောသည်။
ရရှိထားသော အမြောက်အရေအ တွက်မှာ လေးလက်ရှိပြီး ပြတိုက်အတွင်း ထားရှိသောအခါ စစ်သူကြီးမဟာဗန္ဓုလ၏ နောက်ဆုံးခံတပ်နှင့်ပတ်သက်၍ ဗဟုသု တရရှိစေမည့် သမိုင်းအထောက်အထား များနှင့်တကွ ဖော်ပြထားရှိမည်ဖြစ် ကြောင်းလည်း သိရသည်။
လက်ရှိ ဓနုဖြူမြို့တွင် မြန်မာ-အင်္ဂ လိပ်ပထမစစ်ပွဲတွင် မြန်မာစစ်သည်တော် များ ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ခဲ့ကြသော ခံတပ်အုတ်ရိုးအပိုင်းအစနှင့် စစ်ပွဲအတွင်း ကျဆုံးခဲ့သူ စစ်သူကြီးမဟာဗန္ဓုလ အ ထိမ်းအမှတ်နေရာများ ရှိနေသေးကြောင်း၊ အုတ်ရိုးအစိတ်အပိုင်းနှစ်ခုစလုံးမှာ အ ရှေ့နှင့်အနောက် တစ်တန်းတည်းတည်ရှိ နေပြီး ဧရာဝတီမြစ်ဘက်သို့ ထိုးထွက်နေ ကြောင်း သိရသည်။

မေငယ်

(Unicode)
ဓနုဖြူခံတပ်မှ မြန်မာ့အမြောက်ကြီးများကို ဇေကမ္ဘာပြတိုက်တွင် ထားရှိမည်
=================================================

အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့သူစစ် သူကြီးမဟာဗန္ဓုလအသုံးပြုခဲ့သော ဓနု ဖြူခံတပ်မှ ရှေးဟောင်း မြန်မာ့အမြောက် ကြီးများကို ဇေကမ္ဘာပြတိုက်တွင် ထားရှိ မည်ဖြစ်ကြောင်း အဆိုပါပြတိုက်မှူး ဦး ခင်ညိုက ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။
ယင်းအမြောက်ကြီးများကို တံငါ သည်များငါးရှာရင်း လွန်ခဲ့သော ၅ နှစ်ခန့် က ဧရာဝတီမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းကို မျိုးဆက်သစ် များအနေဖြင့် သမိုင်းအမွေအနှစ်ကို သိရှိ လေ့လာနိုင်ကြစေရန်ရည်ရွယ်၍ သားစဉ် မြေးဆက်ကြည့်ရှုနိုင်ရန် ဇေကမ္ဘာပြတိုက် တည်ထောင်သူ ဒေါက်တာခင်ရွှေက ဝယ် ယူစုဆောင်းထားခဲ့ခြင်းဖြစ်ကြောင်း ဦးခင် ညိုကရှင်းပြသည်။
]]ပြတိုက်မှာက လက်ရှိ အမြောက် နှစ်လက်ရောက်နေပါပြီ။ နောက်ထပ်နှစ် လက်ထပ်ရောက်ပါမယ်။ ကျွန်တော်တို့ရဲ့ ဇေ ကမ္ဘာကုမ္ပဏီဥက္ကဋ္ဌကြီး ဒေါက်တာခင် ရွှေက ရှေးဟောင်းပစ္စည်းတွေ ပြည်ပကို တရားမဝင်ရောက်သွားမှာစိုးရိမ်လို့ ဝယ် ယူစုဆောင်းထားတာတွေ အများကြီးရှိပါ တယ်။ ပြတိုက်မှာထားရှိမယ့် ရှေးဟောင်း အမွေအနှစ်တွေဟာ ခုဆိုရင် ထောင်နဲ့ချီ ရှိနေပါပြီ}}ဟု ယင်းကပြောသည်။
ရရှိထားသော အမြောက်အရေအ တွက်မှာ လေးလက်ရှိပြီး ပြတိုက်အတွင်း ထားရှိသောအခါ စစ်သူကြီးမဟာဗန္ဓုလ၏ နောက်ဆုံးခံတပ်နှင့်ပတ်သက်၍ ဗဟုသု တရရှိစေမည့် သမိုင်းအထောက်အထား များနှင့်တကွ ဖော်ပြထားရှိမည်ဖြစ် ကြောင်းလည်း သိရသည်။
လက်ရှိ ဓနုဖြူမြို့တွင် မြန်မာ-အင်္ဂ လိပ်ပထမစစ်ပွဲတွင် မြန်မာစစ်သည်တော် များ ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ခဲ့ကြသော ခံတပ်အုတ်ရိုးအပိုင်းအစနှင့် စစ်ပွဲအတွင်း ကျဆုံးခဲ့သူ စစ်သူကြီးမဟာဗန္ဓုလ အ ထိမ်းအမှတ်နေရာများ ရှိနေသေးကြောင်း၊ အုတ်ရိုးအစိတ်အပိုင်းနှစ်ခုစလုံးမှာ အ ရှေ့နှင့်အနောက် တစ်တန်းတည်းတည်ရှိ နေပြီး ဧရာဝတီမြစ်ဘက်သို့ ထိုးထွက်နေ ကြောင်း သိရသည်။

မေငယ်

No comments:

Post a Comment

My Blog List