Thursday, January 16, 2020

ကိုယ့်ပြည်နယ်တိုးတက်စေလိုပါက အစိုးရကိုအားမကိုးဘဲကိုယ်တိုင်လုပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

Image may contain: 1 person, flower, plant, nature and outdoor
ပြည်နယ်များတိုးတက်စေလိုပါက အစိုးရကိုအားမကိုးဘဲကိုယ်တိုင်လုပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ကယားပြည်နယ်တွင် ဇန်နဝါရီလ ၁၅ ရက်ကကျင်းပသော ၆၈ နှစ်မြောက်ကယားပြည်နယ်နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ သမ္မတကြီးရဲ့မိန့်ခွန်းထဲမှာလည်း လွိုင်ကော်ဟာ အာဆီယံခရီးသွားအသန့်ရှင်းဆုံးအဖြစ်သတ်မှတ်ခံရတာ ကြားပြီးပြီဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လို့လုပ်နိုင်တာအားလုံးရဲ့ဝိုင်းဝန်းကြိုးစားမှုပဲ။ ကျွန်မတို့ပြည်ထောင်စုအစိုးရလည်း ပါတယ်။ ပြည်နယ်အစိုးရလည်းပါတယ်။ အထူးသဖြင့် ပြည်နယ်သူပြည်နယ်သားများပါတယ်။ ကိုယ့်ပြည်နယ်ကိုတိုးတက်စေချင်ရင်ကိုယ်ကိုယ်တိုင်လုပ်ရမယ်။ အစိုးရလုပ်ပါဆိုပြီးတော့လည်းအားမကိုးပါနဲ့။ တခြားလူလုပ်ပါဆိုပြီးလည်းအားမကိုးပါနဲ့။ ကိုယ်ကိုယ်တိုင် လုပ်ကြပါ’’ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သန့်ရှင်းသောမြို့နယ်ဖြစ်လိုပါက လူတိုင်းသည် မိမိပတ်ဝန်းကျင်ကိုသန့်ရှင်းရန်ထားရှိရမည်ဖြစ်ကာ အစိုးရတစ်ခုတည်းမှ သန့်ရှင်းအောင်ဆောင်ရွက်ခြင်းမှာ မဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏အရှေ့ပိုင်းတွင်တည်ရှိပြီး မြို့တော်မှာ လွိုင်ကော်ဖြစ်၍ လူဦးရေ ၂၈၆၆၂၇ ဦး၊ ဧရိယာ ၄၅၂၉.၆ စတုရန်းမိုင်ကျယ်ဝန်းကြောင်း သိရသည်။
Image may contain: sky, tree, cloud, plant, house and outdoor
မင်းသီဟန်(အကုန်သိသတင်းဌာန)

<<< Unicode Version >>>
ကိုယ့်ပြည်နယ်တိုးတက်စေလိုပါက အစိုးရကိုအားမကိုးဘဲကိုယ်တိုင်လုပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
-------- မင်းသီဟန်(အကုန်သိသတင်းဌာန) --------
ပြည်နယ်များတိုးတက်စေလိုပါက အစိုးရကိုအားမကိုးဘဲကိုယ်တိုင်လုပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ကယားပြည်နယ်တွင် ဇန်နဝါရီလ ၁၅ ရက်ကကျင်းပသော ၆၈ နှစ်မြောက်ကယားပြည်နယ်နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ သမ္မတကြီးရဲ့မိန့်ခွန်းထဲမှာလည်း လွိုင်ကော်ဟာ အာဆီယံခရီးသွားအသန့်ရှင်းဆုံးအဖြစ်သတ်မှတ်ခံရတာ ကြားပြီးပြီဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လို့လုပ်နိုင်တာအားလုံးရဲ့ဝိုင်းဝန်းကြိုးစားမှုပဲ။ ကျွန်မတို့ပြည်ထောင်စုအစိုးရလည်း ပါတယ်။ ပြည်နယ်အစိုးရလည်းပါတယ်။ အထူးသဖြင့် ပြည်နယ်သူပြည်နယ်သားများပါတယ်။ ကိုယ့်ပြည်နယ်ကိုတိုးတက်စေချင်ရင်ကိုယ်ကိုယ်တိုင်လုပ်ရမယ်။ အစိုးရလုပ်ပါဆိုပြီးတော့လည်းအားမကိုးပါနဲ့။ တခြားလူလုပ်ပါဆိုပြီးလည်းအားမကိုးပါနဲ့။ ကိုယ်ကိုယ်တိုင် လုပ်ကြပါ’’ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သန့်ရှင်းသောမြို့နယ်ဖြစ်လိုပါက လူတိုင်းသည် မိမိပတ်ဝန်းကျင်ကိုသန့်ရှင်းရန်ထားရှိရမည်ဖြစ်ကာ အစိုးရတစ်ခုတည်းမှ သန့်ရှင်းအောင်ဆောင်ရွက်ခြင်းမှာ မဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏အရှေ့ပိုင်းတွင်တည်ရှိပြီး မြို့တော်မှာ လွိုင်ကော်ဖြစ်၍ လူဦးရေ ၂၈၆၆၂၇ ဦး၊ ဧရိယာ ၄၅၂၉.၆ စတုရန်းမိုင်ကျယ်ဝန်းကြောင်း သိရသည်။

No comments:

Post a Comment

My Blog List