Thursday, January 16, 2020

ရန်ကုန်တိုင်းအတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန် ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးခဲ့ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော

Image may contain: 1 person, standing and text
ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပြည်သူများ စိတ်ပျက်နေသော မထသစနစ်ကို ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တွန်းအားပေးခဲ့ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ယနေ့(ဇန်နဝါရီ ၁၆ ရက်)မနက်ပိုင်းက ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်းဖြစ်သည်။
"အစိုးရသစ်စတင်တာဝန်ယူတဲ့အချိန်မှာ ပြည်သူတွေက မထသ စနစ်ကို စိတ်ပျက်နေကြတဲ့ အခြေအနေဖြစ်ပါတယ်။ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ ဝန်ဆောင်မှု ညံ့ဖျင်းမှုတွေအပေါ် မှာ ပြည်သူတွေအပေါ် ရိုက်ခတ်မှုတွေ ရှိနေခဲ့တာပါ။ ဒီအခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းအစိုးရကို တွန်းအားပေးလာပါတယ်။ ပြုပြင်ပြောင်းလဲဖို့အတွက်လမ်းညွှန်မှုတွေ ပြုလာခဲ့ပါတယ်" ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်ဘတ်စကားစနစ် စတင်ပြောင်းလဲခဲ့ရာတွင် လွယ်ကူသည့် အခြေအနေမဟုတ်ဘဲ အခက်အခဲများရှိခဲ့ကြောင်း၊ ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့ အခြေအနေဖြစ်လာကြောင်း ထို့ကြောင့် ပြည်သူများနှင့်အတူ အသင်းအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများကို ကျေးဇူးတင်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
"အခုပြောင်းလဲခဲ့တဲ့ စနစ်မှာ ပြည့်စုံလုံလောက်တဲ့ အခြေအနေတော့မဟုတ်သေးပါဘူး၊ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဆိုတာကလည်း ဘယ်တော့မှ ပြည့်စုံလုံလောက်တယ်ဆိုတာမရှိပါဘူး။ တိုးတက်လာတဲ့ နည်းပညာတွေအပေါ် အမီလိုက်ရင်းနဲ့ပဲ ပြုပြင်ပြောင်းလဲရမှာပါ" ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ကားလမ်း၊ ရထားလမ်း ၊ ရေလမ်းကြောင်းများကို ပေါင်းစည်းပြေးဆွဲနိုင်ရန် စီစဉ်နေပြီး ဖွံ့ဖြိုးမှုအရှိန်ကို တိုးတက်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ရရှိထားသည့် အနေအထားကို ပြုပြင် ပြောင်းလဲမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
Image may contain: 1 person, flower
Image may contain: 4 people, people smiling, people standing
Image may contain: 4 people, people standing and text
Image may contain: 3 people, people smiling, people standing and text
Image may contain: 3 people, people smiling, people standing
Image may contain: 7 people, people standing and indoor
Image may contain: 3 people, crowd, table and indoor
Image may contain: 7 people, people sitting and indoor
Image may contain: one or more people and indoor
Image may contain: 4 people, people standing
Image may contain: 2 people, people on stage, people standing and indoor
Image may contain: 5 people, crowd
သတင်း - ကျော်သက်အောင်/ စံတော်ချိန်
ဓာတ်ပုံ - ကျော်ကျော်/စံတော်ချိန်
(Unicode Version)
ရန်ကုန်တိုင်းအတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန် ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးခဲ့ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပြည်သူများ စိတ်ပျက်နေသော မထသစနစ်ကို ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တွန်းအားပေးခဲ့ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ယနေ့(ဇန်နဝါရီ ၁၆ ရက်)မနက်ပိုင်းက ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်းဖြစ်သည်။
"အစိုးရသစ်စတင်တာဝန်ယူတဲ့အချိန်မှာ ပြည်သူတွေက မထသ စနစ်ကို စိတ်ပျက်နေကြတဲ့ အခြေအနေဖြစ်ပါတယ်။ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ ဝန်ဆောင်မှု ညံ့ဖျင်းမှုတွေအပေါ် မှာ ပြည်သူတွေအပေါ် ရိုက်ခတ်မှုတွေ ရှိနေခဲ့တာပါ။ ဒီအခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းအစိုးရကို တွန်းအားပေးလာပါတယ်။ ပြုပြင်ပြောင်းလဲဖို့အတွက်လမ်းညွှန်မှုတွေ ပြုလာခဲ့ပါတယ်" ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်ဘတ်စကားစနစ် စတင်ပြောင်းလဲခဲ့ရာတွင် လွယ်ကူသည့် အခြေအနေမဟုတ်ဘဲ အခက်အခဲများရှိခဲ့ကြောင်း၊ ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့ အခြေအနေဖြစ်လာကြောင်း ထို့ကြောင့် ပြည်သူများနှင့်အတူ အသင်းအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများကို ကျေးဇူးတင်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
"အခုပြောင်းလဲခဲ့တဲ့ စနစ်မှာ ပြည့်စုံလုံလောက်တဲ့ အခြေအနေတော့မဟုတ်သေးပါဘူး၊ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဆိုတာကလည်း ဘယ်တော့မှ ပြည့်စုံလုံလောက်တယ်ဆိုတာမရှိပါဘူး။ တိုးတက်လာတဲ့ နည်းပညာတွေအပေါ် အမီလိုက်ရင်းနဲ့ပဲ ပြုပြင်ပြောင်းလဲရမှာပါ" ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ကားလမ်း၊ ရထားလမ်း ၊ ရေလမ်းကြောင်းများကို ပေါင်းစည်းပြေးဆွဲနိုင်ရန် စီစဉ်နေပြီး ဖွံ့ဖြိုးမှုအရှိန်ကို တိုးတက်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ရရှိထားသည့် အနေအထားကို ပြုပြင် ပြောင်းလဲမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
သတင်း - ကျော်သက်အောင်/ စံတော်ချိန်
ဓာတ်ပုံ - ကျော်ကျော်/စံတော်ချိန်

No comments:

Post a Comment

My Blog List