Thursday, January 16, 2020

တရုတ်သမ္မတ၏ နှစ်ရက်ကြာခရီးစဉ်အတွင်း တရုတ်သံရုံးရှေ့တွင်မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးဆန္ဒပြမည်

Image may contain: 1 person, smiling, closeup
မြန်မာနိုင်ငံသို့ နှစ်ရက်ကြာလာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ် အတွင်း ဇန်နဝါရီလ၁၈ရက်နေ့တွင် တရုတ်သံရုံးရှေ့တွင်မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအတွက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

ခရီးစဉ်အတွင်းဆန္ဒထုတ်ဖော်ရန်စီစဉ်ရခြင်းနှင့်ပတ်သတ်၍ဦးဆောင်ဆန္ဒထုတ်ဖော်မည့်ကိုမြတ်ကျော်က"တရုတ်သမ္မတလာရောက်တာကိုကြိုဆိုပါတယ်တရုတ်သမ္မတအနေနဲ့ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကိုအလေးထားသောအားဖြင့်မြန်မာပြည်သူတွေမလိုလားတဲ့စီမံကိန်းကိုရပ်ဆိုင်းပေးဖို့လိုပါတယ်"ဟုပြောသည်။

ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကပြောကြားခဲ့သော ရွေးကောက်ပွဲဂတိကဝတ်တစ်ခုဖြစ်သော မြစ်ဆုံစီမံကိန်းကိုပြည်သူကိုအသိပေးမည်ဟုပြောကြားခဲ့ခြင်းနှင့်ပတ်သတ်၍"ဒါဟာဒေါ်အောင်ဆန်းစုကြည်ရဲ့ဂတိကဝတ်ပျက်ကွက်မှုလို့ပြောလို့ရပါတယ်မဲဆွယ်ကာလမှာပြောခဲ့တဲ့စကားကိုအစိုးရဖြစ်ပြီးတဲ့အချိန်မှာအကောင်အထည်မဖော်နိုင်တာကတော့မသင့်တော်ပါဘူး နောင်ဆိုရင်ဒီလိုကိစ္စတွေကိုအထူးဂရုပြုပြီးဆောင်ရွက်သင့်တယ်လို့အကြံပြုချင်ပါတယ်"ဟုဆက်လက်ပြောကြားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်ကိုယ်တိုင်၂၀၀၉ ခုနှစ်ဒုတိယသမ္မတသက်တမ်းအတွင်းကလက်မှတ်ရေးထိုးခဲ့သော မြစ်ဆုံစီမံကိန်းနှင့်ပတ်သတ်၍ ယခု ၎င်း၏ခရီးစဉ်တွင်ဆွေးနွေးသွားဖွယ်ရှိကြောင်းလေ့လာသူများကသုံးသက်လျက်ရှိသည်။
ထူးမြတ်
The Speaker

No comments:

Post a Comment

My Blog List