Friday, January 17, 2020

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု တရုတ်မီဒီယာများ သုံးသပ်

Image may contain: 1 person, smiling, textImage may contain: one or more people
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အခုလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ မြန်မာနိုင်ငံကို တရားဝင် အလည်အပတ်ခရီး လာရောက် မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်မီဒီယာတွေက မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန် ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်မြင့်လာနိုင်တယ်လို့ သုံးသပ် ရေးသားခဲ့ကြပါတယ်။

ချိုင်းနားဒေးလီး သတင်းဌာနက သမ္မတရှီရဲ့ အခုခရီးစဉ်မှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ပြန် လည်ဖော်ဆောင်ဖို့ ရည်မှန်းထားပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဆွေးနွေးသွားမှာဖြစ်တယ်လို့ ရေးသား ထားပါတယ်။ သမ္မတရှီကျင့်ဖျင် လက်မှတ်ရေးထိုးထားတဲ့ ဆောင်းပါး Writing a New Chapter in Our Millennia-Old Pauk-Phaw Friendship ကို ကိုးကားပြီးတော့ နှစ်ပေါင်းထောင်ချီ တည်တံ့လာခဲ့တဲ့ ဆွေမျိုးပေါက်ဖော် ရင်းနှီးမှုကို တိုးတက်ကောင်းမွန်စေနိုင်မယ်လို့လည်း သုံးသပ်ထားပါတယ်။ အဲဒီဆောင်းပါးကို အခုလ ၁၆ ရက်နေ့ထုတ် မြန်မာ့ နိုင်ငံပိုင် သတင်းစာ The Global New Light of Myanmar မှာ ဖော်ပြခဲ့ပါတယ်။
ဆင်ဟွာ သတင်းဌာနကလည်း သမ္မတရှီရဲ့ ခရီးစဉ်မှာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို စာမျက်နှာသစ် ဖွင့်လှစ်စေနိုင် မယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီခရီးစဉ်မှာ နှစ်နိုင်ငံလုံးအနေနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ ရှေးရှုလုပ် ဆောင်သွားကြမှာဖြစ်သလို အနာဂတ်ချင်း မျှဝေထားတဲ့ တရုတ်-မြန်မာ အသိုင်းအဝိုင်းတစ်ခု ထူထောင်ဖို့ အားထုတ်သွား မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း မှာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ယုံကြည်မှု အပြန်အလှန် ထောက်ပံ့မှုတွေကို အခြေခံတဲ့ နှစ်နိုင်ငံဆက်ဆံရေး ဟာ ပိုမိုကျယ်ပြန့်တိုးတက်လာခဲ့ပြီး အရွယ်အစားမတူညီတဲ့ နိုင်ငံနှစ်နိုင်ငံကြားမှာ သဟဇာတဖြစ်တဲ့ ပူးတွဲတည်ရှိမှုနဲ့ နှစ်ဦး နှစ်ဖက်လုံး အကျိုးရှိစေမယ့် ပုံစံတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်လို့လည်း ဆင်ဟွာကဆိုပါတယ်။
ဂလိုဘယ်တိုင်းမ် သတင်းဌာနကလည်း သမ္မတရှီ ခရီးစဉ်မတိုင်မီ နေပြည်တော် တစ်ခွင် ကားနဲ့ လှည့်ပတ်ကြည့်ရာမှာ သမ္မတရှီရဲ့ ခရီးစဉ်ကို နွေးနွေးထွေးထွေး ကြိုဆိုတဲ့ စာတန်းတွေ၊ တရုတ်-မြန်မာ ခင်မင်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်ရေး တွေ ရှေ့ဆက်ဖို့ စာတန်းတွေကို မြို့ရဲ့ အဓိကလမ်းမကြီးတွေမှာ တွေ့မြင်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာ ပြည်သူတွေအနေနဲ့ ဒီခရီးစဉ်အပေါ်မှာ စိတ်ဝင်စားမှု မြင့်တက်နေကြပြီး တရုတ်နိုင်ငံနဲ့ BRI စီမံကိန်းတွေအပေါ်မှာ အလေး ထားမှုတွေကို ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးပြောဆိုနေကြတယ်လို့လည်း ဂလိုဘယ်တိုင်းမ် သတင်းထောက်က ရေးထားပါ တယ်။
ဆောက်သ်ချိုင်းနား မောနင်းပို့စ် သတင်းဌာနကလည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ခင်မင်ရင်းနှီးတဲ့ အင်အားကြီး အိမ်နီးချင်းနိုင်ငံဖြစ်လာပြီလို့ ရေးသားဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ သမ္မတအဖြစ် ၂၀၀၁ ခုနှစ် သမ္မတ ကျန်ဇီမင်းရဲ့ ခရီးစဉ်နောက်ပိုင်း ၁၉ နှစ် ကြာပြီးတော့မှ အခု ခရီးစဉ် ဖြစ်ပေါ်လာခဲ့ပေမယ့် ဒီခရီးစဉ်နှစ်ခုကြားမှာ တရုတ်နိုင်ငံဟာ ထိုင်း နိုင်ငံကိုကျော်ဖြတ်ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့တယ်လို့လည်း သုံးသပ်ပြထားပါတယ်။ စာရင်း တွေအရ မြန်မာ-တရုတ် နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှုဟာ ၂၀၁၉ ခုနှစ် ပထမ ၁၁ လမှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။
သမ္မတရှီရဲ့ Writing a New Chapter in Our Millennia-Old Pauk-Phaw Friendship ဆောင်းပါးထဲမှာလည်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေဟာ တရုတ်မီးဖိုချောင်တွေဆီကို ပိုမိုဝင်ရောက်လာနေသလို အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာတယ်လို့လည်း ဖော်ပြ ထားပါတယ်။
“နှစ်နိုင်ငံပြည်သူတွေ ပိုပြီး အကျိုးဖြစ်ထွန်းစေဖို့ ကျွန်တော်တို့အနေနဲ့ လက်တွေ့ကျပြီး အပြန်အလှန် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်သွယ်ရေး၊ လျှပ်စစ်၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေးနဲ့ အသက် မွေး ဝမ်းကျောင်း ကဏ္ဍတွေမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားဖို့ လိုအပ်တယ်”လို့လည်း သမ္မတရှီက ရေးသား ထားပါတယ်။
Image may contain: ocean, text, water and outdoor
Image may contain: 2 people, people smiling, wedding
No photo description available.


No comments:

Post a Comment

My Blog List