Thursday, January 16, 2020

မတ်လကုန်အထိ စာမေးပွဲစစ်ဆေးမှုကို ကန့်ကွက်ကြောင်းလက်မှတ်ကောက်ခံ

Image may contain: 2 people, people smiling, people standingImage may contain: 9 people, people smiling, people sitting
ပညာရေးဝန်ကြီးဌာနက မတ်လကုန်အထိ စာမေးပွဲစစ်ဆေးခြင်းကို ကန့်ကွက်သည့်လက်မှတ်ကောက်ခံမှု ကန်ပိန်းကို ယနေ့ ညနေပိုင်းက လှည်းတန်းစင်တာရှေ့တွင် ပြုလုပ်ခဲ့သည်။

ထိုသို့လက်မှတ်ကောက်ခံခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များအပြင် အခြားတိုင်းနှင့်ပြည်နယ် များတွင်ပါ ကန့်ကွက်ကြောင်းလက်မှတ်ကောက်ခံမှု ကန်ပိန်းကို လှုပ်ရှားမှုတစ်ခုအနေဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖြိုးဝေအောင်က ပြောသည်။
“ပညာရေးဝန်ကြီးဌာနက မတ်လကုန်အထိ ကျောင်းဖွင့်ကာလသတ်မှတ်လိုက်တဲ့အပေါ်မှာ မိဘတွေ၊ ကျောင်းသား၊ကျောင်းသူတွေရဲ့အခက်အခဲတွေ ရင်ဆိုင်ရမယ့်ပြဿနာတွေရှိနေတဲ့အတွက် ပြန်လည်ပြုပြင် ပြောင်းလဲပေးဖို့အတွက် လက်မှတ်ထိုးတဲ့ ကန်ပိန်းလုပ်တာဖြစ်ပါတယ် ”ဟု ၎င်းကပြောသည်။
ကောက်ခံရရှိသည့် လက်မှတ်များကိုစုပေါင်း၍ စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်ကြောင်း ပညာရေး ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဟု သိရသည်။
ပညာရေးဝန်ကြီးဌာနက မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်မှုကို ကန့်ကွက်သည့်အနေနှင့် ဆရာသမဂ္ဂများနှင့် ပညာရေးကဏ္ဍမှ ကျောင်းသားသမဂ္ဂအသီးသီးတို့က ၁၀ ရက်တာ ဖဲကြိုးစိမ်း လှုပ်ရှားမှုများ ပြုလုပ်၍ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဇန်နဝါရီ ၁၄ ရက် ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Image may contain: 4 people, people standing
Image may contain: 5 people, people sitting
Image may contain: 5 people, people standing and outdoor

သတင်း - ထိုက်သူဇော်/စံတော်ချိန်
ဓာတ်ပုံ - ကျော်ကျော်/စံတော်ချိန်

(Unicode Version)
#LatestNews
မတ်လကုန်အထိ စာမေးပွဲစစ်ဆေးမှုကို ကန့်ကွက်ကြောင်းလက်မှတ်ကောက်ခံ
ပညာရေးဝန်ကြီးဌာနက မတ်လကုန်အထိ စာမေးပွဲစစ်ဆေးခြင်းကို ကန့်ကွက်သည့်လက်မှတ်ကောက်ခံမှု ကန်ပိန်းကို ယနေ့ ညနေပိုင်းက လှည်းတန်းစင်တာရှေ့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့လက်မှတ်ကောက်ခံခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များအပြင် အခြားတိုင်းနှင့်ပြည်နယ် များတွင်ပါ ကန့်ကွက်ကြောင်းလက်မှတ်ကောက်ခံမှု ကန်ပိန်းကို လှုပ်ရှားမှုတစ်ခုအနေဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖြိုးဝေအောင်က ပြောသည်။
“ပညာရေးဝန်ကြီးဌာနက မတ်လကုန်အထိ ကျောင်းဖွင့်ကာလသတ်မှတ်လိုက်တဲ့အပေါ်မှာ မိဘတွေ၊ ကျောင်းသား၊ကျောင်းသူတွေရဲ့အခက်အခဲတွေ ရင်ဆိုင်ရမယ့်ပြဿနာတွေရှိနေတဲ့အတွက် ပြန်လည်ပြုပြင် ပြောင်းလဲပေးဖို့အတွက် လက်မှတ်ထိုးတဲ့ ကန်ပိန်းလုပ်တာဖြစ်ပါတယ် ”ဟု ၎င်းကပြောသည်။
ကောက်ခံရရှိသည့် လက်မှတ်များကိုစုပေါင်း၍ စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်ကြောင်း ပညာရေး ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဟု သိရသည်။
ပညာရေးဝန်ကြီးဌာနက မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်မှုကို ကန့်ကွက်သည့်အနေနှင့် ဆရာသမဂ္ဂများနှင့် ပညာရေးကဏ္ဍမှ ကျောင်းသားသမဂ္ဂအသီးသီးတို့က ၁၀ ရက်တာ ဖဲကြိုးစိမ်း လှုပ်ရှားမှုများ ပြုလုပ်၍ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဇန်နဝါရီ ၁၄ ရက် ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သတင်း - ထိုက်သူဇော်/စံတော်ချိန်
ဓာတ်ပုံ - ကျော်ကျော်/စံတော်ချိန်

No comments:

Post a Comment

My Blog List