Friday, January 17, 2020

မိုးအောင်ရင်အမှု ဇန်နဝါရီ ၃၁ရက်တွင် စတင်စစ်ဆေးမည်

Image may contain: 3 people, sunglasses and outdoorImage may contain: 2 people, people standing and outdoor
သရုပ်ဆောင် မိုးအောင်ရင်ကို ၎င်း၏ရည်းစားဟောင်း မခင်မြတ်နိုးက ကာမလိမ်လည်မှု၊ ပုဒ်မ ၄၁၇ဖြင့် တရားစွဲဆိုထားသည့် အမှုကို ဇန်နဝါရီ ၃၁ရက်တွင် စတင်စစ်ဆေးမည်ဟု ရန်ကင်းမြို့နယ်တရားရုံး၊ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောသည်။

အဆိုပါအမှုကို ယနေ့ (ဇန်နဝါရီ ၁၇ရက်)တွင် ရန်ကင်းမြို့နယ်တရားရုံး၌ လေးကြိမ်မြောက်ရုံးချိန်းခေါ်ယူခဲ့ပြီး သရုပ်ဆောင် မိုးအောင်ရင်နှင့် တရားလို မခင်မြတ်နိုး တို့နှစ်ဦးစလုံး လာရောက်ခဲ့သည်။
ယနေ့ ရုံးချိန်းတွင် အမှုစတင်စစ်ဆေးရန် နှစ်ဖက် အပြီးသတ် အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးက ကျေအေးလိုသည့် ဆန္ဒမရှိခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံး၊ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောသည်။
မိုးအောင်ရင်နှင့် ပတ်သက်၍ နစ်နာမှုများ ကြုံတွေ့ခဲ့ရ၍ အမှုကျေအေးရန် အစီအစဉ်မရှိကြောင်း တရားလို မခင်မြတ်နိုးကပြောသည်။
"ကျေအေးဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဆုံးရှုံးမှုကတော့ အများကြီးပဲ။ ကိုယ့်ရဲ သိက္ခာတွေရော အချိန်တွေရောအများကြီးလည်း ပေးဆပ်ခဲ့တယ်။ သူထောင်ကျသွားတုန်းကလည်း ငါသွားပြီး အလုပ်လုပ်လိုက်ရင် သူ့ကို ကြည့်ပေးမယ်သူလည်း မရှိဘူး။ ငါသွားပေးမှဖြစ်မယ်ဆိုပြီး ရုံးချိန်းတိုင်းသွားခဲ့တယ်။သူ့ရဲ့အဖေအမေကလည်း ဒီမှာ မရှိဘူး။ သမီးကိုယ်တိုင်သွားပေးပါဆိုလို့။ သားလေးကိုကြည့်ထားပေးပါလို့ ပြောတဲ့အတွက် လုပ်ပေးခဲ့တာပါ။ ဒိလိုမျိုးဖြစ်လာမယ်လို့ မထင်ခဲ့ဘူး"ဟု မခင်မြတ်နိုးက ရုံးချိန်အပြီး မီဒီယာများကို ပြောကြားခဲ့သည်။
သရုပ်ဆောင် မိုးအောင်ရင်ကို ၎င်း၏ရည်းစားဟောင်း မခင်မြတ်နိုးက ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၂ရက်တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တရားရုံး၌ ကာမလိမ်လည်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၄၁၇ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
Image may contain: tree, plant and outdoor
Image may contain: 1 person, eyeglasses
သတင်း၊ဓာတ်ပုံ- မင်းဟိန်း/စံတော်ချိန်
........................................

(Unicode Version)
#LatestNews

No comments:

Post a Comment

My Blog List