ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှညထုတ်ဝေသည့် မြို့တော်သတင်းစာသည် အရှုံးပေါ်၍ ရပ်ဆိုင်းခြင်း မဟုတ်ကြောင်း ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
"များသောအားဖြင့် ဂျာနယ်တွေ သတင်းစာတွေက မီဒီယာတွေ အသိဆုံးပဲ ရှုံးတယ်၊ ထုတ်တယ်။ အဲဒိအအတွက်ကို ဘာနဲ့ cover လုပ်ရလဲဆိုရင် ကြော်ငြာနဲ့ cover လုပ်ရတယ်။ ကျွန်တော်တို့ မြို့တော်သတင်းစာကျတော့ မြတ်တယ်။မြတ်ရင်းနဲ့ ဘာလို့ပိတ်ရလဲဆိုရင် Semi-Government သတင်းလိုဟာမျိုး ဖြစ်နေတယ်။ ဘာလို့မြတ်လဲဆိုရင် ကျွန်တော်တို့ဆီမှာ ကြော်ငြာအားကောင်းရှိတယ် ။ ဒီကြော်ငြာထဲမှာ ထည့်မှ ဒီဟာကို အတည်ပြုမယ်ဆိုတဲ့ဟာမျိုး ဘယ်သတင်းစာထဲထည့်ထည့် ပိုင်ဆိုင်မှုတွေ ကြေညာလွှာတွေ မြို့တော်သတင်းစာထဲမှာ ထည့်မှာပေါ့ ဘယ်သတင်းစာထဲမှာ ထည့်ထည့် ကျွန်တော်တို့က ယူကိုယူရမယ်ဆိုတဲ့အပိုင်းကို လက်ခံထားတယ်။ အဲ့အတွက်ကြောင့် ရပ်တာပါ။ ရှုံးလို့ မဟုတ်ဘူးပါဘူး"ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မြို့တော်သတင်းစာအား ရုပ်သံချန်နယ်တစ်ခုအဖြစ် အသွင်ပြောင်း ထူထောင်ရန်စီစဉ်နေပြီး အဆိုပါ လုပ်ငန်းစဉ်များအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးနေဆဲဖြစ်ကာ အသေးစိတ်ကို ပြောကြား၍ မရနိုင်သေးကြောင်း ၎င်းက ဆိုသည်။
"အခု အွန်လိုင်းမီဒီယာအနေနဲ့ ပြန်ပြောင်းတာပါ။ဝန်ကြီးချုပ်ကလည်း ကျွန်တော်တို့ကို Channel တစ်ခုရမယ်လို့ပြောတယ်။ ဒါကလဲ ဆွေးနွေးထားတုန်းပါပဲ။ သို့သော် ကျွန်တော်တို့သည် မီဒီယာရဲ့ ပါဖောင်းမန့်ပုံမှန်စတိုင်ကတော့ ပြောင်းသွားပါတယ်"ဟု မြို့တော်ဝန်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ထုတ်ဝေလျက်ရှိသည့် မြို့တော် သတင်းစာ (CITY NEWS)ကိုယခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ထုတ်ဝေမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် မြို့တော်သတင်းစာတွင် ထုတ်ပြန် ကြေငြာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြို့တော်သတင်းစာကို မြို့တော်ဝန် ဗိုလ်မှူးကြီးကိုလေး လက်ထက် ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ၂၉ နှစ်ခန့်တိုင် ရပ်တည်ခဲ့သည့် အစိုးရဌာနဆိုင်ရာပိုင် သတင်းစာ တစ်စောင် ဖြစ်ကြောင်း သိရသည်။
Zawgyi
ရန်ကုန်စည်ပင်ထုတ်သည့်သတင်းစာ အရှုံးပေါ်၍ ရပ်ဆိုင်းခြင်း မဟုတ်ဟုဆို
ဇန္နဝါရီ ၁၄
ဝေဝေဖြိုး

No comments:
Post a Comment