Thursday, January 09, 2020

YBS ယာဉ်များကို တိုင်ကြားမှုထက် အရေးယူခဲ့သည့်အမှုက ပိုများဟုဆို


Image may contain: 4 people, people standing and text
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်များအား သယ်ယူပို့ဆောင်ပေးနေသော YBS ယာဉ်လိုင်းများကို၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြည်သူများ၏ တိုင်ကြား မှုမှာ ၂၀၀ နီးပါးရှိသော်လည်း ချလန်ဖြတ်အရေးယူခဲ့သည့် အမှုပေါင်းမှာတစ်ထောင် ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောသည်။
"ချလန်ဖြတ်အရေးယူခဲ့တာက ၁လအတွင်းမှာ ၁၀၀၃ မှု အရေးယူထားတယ်။ တိုင် ကြားမှုက ၁၈၄ မှုပဲရှိပါတယ်။ အရင်ကဆို တိုင်ကြားမှုကများတယ်။ စစ်ဆေးမှုက နည်းတယ်။ အခုကျွန်တော်တို့ရဲ့ စစ်ဆေးဖမ်းဆီးမှုက ပိုများနေတယ်"ဟု ၎င်းက ပြောသည်။
YBS ယာဉ်များကို ၂၀၁၉ ခုနှစ်အတွင်းက ချလန်ဖြတ်စစ်ဆေးရေးအဖွဲ့များမှ အရေး ယူဆောင်ရွက်ခဲ့သည့် အမှုပေါင်းမျိုးစုံရှိခဲ့ပြီး ပြည်သူများအားယာဉ်စီးခ ပိုမိုကောက် ခံမှုကြောင့် YBSယာဉ်လိုင်းများကို တိုင်ကြားသည့် အမှုပေါင်းမှာ ဒီဇင်ဘာလအတွင်း ၂၈ မှုရှိခဲ့သည့်အတွက် အရေးယူထားသည်ဟုဆိုသည်။
YBS ယာဉ်အများစုမှာ စပယ်ယာများမပါတော့သည့်အတွက် စပယ်ယာများပါရှိသည့် မီနီဘတ်စ်ယာဉ်များတွင် ယာဉ်စီးခတိုးကောက်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုသည်။
"အခုလဲ ကျူးကျော်မှုတွေ ရှိနေပါသေးတယ်။ ကတ်စနစ်သွားရင်တောင် တိုင်ကြားမှု တွေလာဦးမှာပါ။ YRTA သည် စည်းကမ်းထိန်းသိမ်းမှုကိုလည်း ပစ်မထားပါဘူး။ လုပ် လဲ လုပ်နေပါတယ်။ သို့သော်ရှိနေသော ပြစ်မှုများအပေါ်မှာတော့ ကျွန်တော်တို့ အားနည်းမှုလို့ယူဆပြီး ပြုပြင်သွားပါမယ်"ဟု ဦးလှအောင်ကပြောသည်။
လက်ရှိ အစိုးရလက်ထက်တွင် (မထသ) စနစ်ကိုရပ်စဲပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှစ၍ YBS စနစ်ကိုပြောင်းလဲခဲ့ရာ ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ၃နှစ်ပြည့် မြောက်မည်ဖြစ်သည်။
လက်ရှိတွင် YBS ယာဉ်လိုင်းများကို Airport Shuttle Bus၊ City Transit နှင့်ယာဉ် လိုင်းနံပါတ်ဖြင့် ယာဉ်လိုင်းပေါင်း ၁၀၀ မှ လမ်းကြောင်းပေါင်း ၁၃၅ လမ်းကြောင်းဖြင့်ခရီးသွားပြည်သူ ၁ ဒဿမ ၈ သန်းကို ယာဉ်အစီးရေ ၄၃၀၀ ခန့်နှင့် ပြေးဆွဲဝန် ဆောင်မှုပေးလျှက် ရှိကြောင်းသိရသည်။
(Zawgyi)

YBS ယာဉ်များကို တိုင်ကြားမှုထက် အရေးယူခဲ့သည့်အမှုက ပိုများဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်များအား သယ်ယူပို့ဆောင်ပေးနေသော YBS ယာဉ်လိုင်းများကို၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြည်သူများ၏ တိုင်ကြား မှုမှာ ၂၀၀ နီးပါးရှိသော်လည်း ချလန်ဖြတ်အရေးယူခဲ့သည့် အမှုပေါင်းမှာတစ်ထောင် ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောသည်။

"ချလန်ဖြတ်အရေးယူခဲ့တာက ၁လအတွင်းမှာ ၁၀၀၃ မှု အရေးယူထားတယ်။ တိုင် ကြားမှုက ၁၈၄ မှုပဲရှိပါတယ်။ အရင်ကဆို တိုင်ကြားမှုကများတယ်။ စစ်ဆေးမှုက နည်းတယ်။ အခုကျွန်တော်တို့ရဲ့ စစ်ဆေးဖမ်းဆီးမှုက ပိုများနေတယ်"ဟု ၎င်းက ပြောသည်။

YBS ယာဉ်များကို ၂၀၁၉ ခုနှစ်အတွင်းက ချလန်ဖြတ်စစ်ဆေးရေးအဖွဲ့များမှ အရေး ယူဆောင်ရွက်ခဲ့သည့် အမှုပေါင်းမျိုးစုံရှိခဲ့ပြီး ပြည်သူများအားယာဉ်စီးခ ပိုမိုကောက် ခံမှုကြောင့် YBSယာဉ်လိုင်းများကို တိုင်ကြားသည့် အမှုပေါင်းမှာ ဒီဇင်ဘာလအတွင်း ၂၈ မှုရှိခဲ့သည့်အတွက် အရေးယူထားသည်ဟုဆိုသည်။

YBS ယာဉ်အများစုမှာ စပယ်ယာများမပါတော့သည့်အတွက် စပယ်ယာများပါရှိသည့် မီနီဘတ်စ်ယာဉ်များတွင် ယာဉ်စီးခတိုးကောက်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုသည်။

"အခုလဲ ကျူးကျော်မှုတွေ ရှိနေပါသေးတယ်။ ကတ်စနစ်သွားရင်တောင် တိုင်ကြားမှု တွေလာဦးမှာပါ။ YRTA သည် စည်းကမ်းထိန်းသိမ်းမှုကိုလည်း ပစ်မထားပါဘူး။ လုပ် လဲ လုပ်နေပါတယ်။ သို့သော်ရှိနေသော ပြစ်မှုများအပေါ်မှာတော့ ကျွန်တော်တို့ အားနည်းမှုလို့ယူဆပြီး ပြုပြင်သွားပါမယ်"ဟု ဦးလှအောင်ကပြောသည်။

လက်ရှိ အစိုးရလက်ထက်တွင် (မထသ) စနစ်ကိုရပ်စဲပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှစ၍ YBS စနစ်ကိုပြောင်းလဲခဲ့ရာ ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ၃နှစ်ပြည့် မြောက်မည်ဖြစ်သည်။

လက်ရှိတွင် YBS ယာဉ်လိုင်းများကို Airport Shuttle Bus၊ City Transit နှင့်ယာဉ် လိုင်းနံပါတ်ဖြင့် ယာဉ်လိုင်းပေါင်း ၁၀၀ မှ လမ်းကြောင်းပေါင်း ၁၃၅ လမ်းကြောင်းဖြင့်
ခရီးသွားပြည်သူ ၁ ဒဿမ ၈ သန်းကို ယာဉ်အစီးရေ ၄၃၀၀ ခန့်နှင့် ပြေးဆွဲဝန် ဆောင်မှုပေးလျှက် ရှိကြောင်းသိရသည်။

No comments:

Post a Comment

My Blog List