၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူများ သိသင့်သိထိုက်သည့် ၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ စစ်ဆေး တွေ့ရှိချက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ကန့်သတ်၊တားမြစ်ထားခြင်းသည် ဒီမိုကရေစီကို နောက်ကြောင်းပြန်ရာရောက်ကြေ ာင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည် ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။
ယခုလ ၆ ရက်က ရန်ကုန်မြို့ အိုလံဗစ်တာတာဝါရှိ Myanmar Press Freedom Center တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ ဘယ်ရောက် နေလဲ ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သ ည်။
"ကျွန်မတို့ ရန်ကုန် စောင့်ကြည့်အဖွဲ့အနေနဲ့ လိုအပ်တာတွေကို လုပ်ခဲ့တဲ့အခါမှာ ထင်ထင်ရှားရှား တွေ့တာက ဒီအစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်း ကော်မတီက သာလျှင် ရထားတာကို ကျွန်မတို့တွေ့ရတယ်။ ကျန်တဲ့ သက်ဆိုင်တဲ့ ကော်မတီတွေဖြစ်တဲ့ ကျန်တဲ့ လွှတ်တော်ကော်မတီတွေ တောင်းမှ မရတာကို ကျွန်မတို့တွေ့ရတယ်။ ကျွန်မတို့နိုင်ငံက ဒီမိုကရေစီ စနစ်ကို ရှင်သန်အောင် ရှေ့ကိုသွားနေတဲ့အချိန်မှာ အခု ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ ့ စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်းအပေါ်မှာ ကန့်သတ်လိုက်ခြင်း ၊တားမြစ်လိုက်ခြင်းဟာဆိုရင် ဒါဟာ ဒီမိုကရေစီကို နောက်ကြောင်း ပြန်ရာရောက်ပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး စာရင်း စစ်ချုပ် အစီရင်ခံစာသည် လွှတ်တော်သို့ ရောက်ရှိ လာသော်လည်း အစိုးရအဖွဲ့၏ တားမြစ်ချက် ကြောင့် ယနေ့အချိန်ထိ ပြည်သူ့ငွေစာရင်း ကော်မတီမှလွဲ၍ မည်သည့် လွှတ်တော် ကိုယ်စားလှယ်မှ မရရှိခြင်းကို တွေ့ရှိရသည် ဟုဆိုသည်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စာရင်းစစ်ချုပ် တစ်ဦးတည်းကသာလျှင် အစိုးရ၏ ပြည်သူ့ဘဏ္ဍာ ငွေသုံးစွဲမှု ဖြစ်စဉ်များစာရင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်သကဲ့သို့ လုပ်ငန်းဆောင်ရွက်မှု များကိုလည်း စစ်ဆေးနိုင်သောကြောင့် အစိုးရ၏ ပြည်သူ့ဘဏ္ဍာ သုံးစွဲမှုနှင့်ပတ်သက်၍ စာရင်းစစ်ချုပ် တစ်ဦးတည်းကသာလျှင် ထိန်းကျောင်းနိုင်သည့် တစ်ခုတည်းသော ယန္တယားဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထု သိရှိခွင့်ရှိသည့် ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်း မည်သည့် နေရာတွင် ရောက်နေသည်ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိ သူများနှင့် ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ အပါအဝင် အကြီးအကဲများကို မေးခွန်းထုတ်လိုသည်ဟု ဆိုသည်။
" စာရင်းစစ်ချုပ်က ငွေသုံးတဲ့ သူတွေကို စစ်မယ်။ ပြီးရင် သူ့ရဲ့တွေ့ရှိချက်ကို လွှတ်တော်ကို တင်မယ်။ အစိုးရအဖွဲ့ကိုတင်မယ်။ တပြိုင်နက်တည်း တင်ရတာနော်။စာရင်းစစ်ချုပ်က သူ့ရဲ့ အစီရင်ခံစာကို အတိအကျကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြောထားတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေမှာ အတိအကျကို ပြောထားတယ်။ အဲ့တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကျွန်မတို့ရထားတဲ့ အခွင့်အရေးကို တစ်စုံတစ်ယောက်သော သူက တားမြစ်တဲ့အတွက်၊ ကန့်သတ်တဲ့အတွက်ကြောင့် ကျွန်မတို့ ပြည်သူလူထုက ဒီအခွင့်အရေး ဆုံးရှုံးလျှက် ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့က မေးခွန်းထုတ်စရာ ပေါ်လာပါတယ်"ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
ယခုလ ၈ ရက်၌ ပြုလုပ်မည့် ၁၁ကြိမ်မြောက် တိုင်းလွှတ်တော်ပုံမှန်အစည် းအဝေးတွင် စာရင်းစစ်ချုပ်အစီရင်ခံစာမူ ရင်းအား တင် မတင်ကို စောင့်ကြည့်သွားမည်ဖြစ်ပြီး မတင်ပါက သက်သေ အထောက်အထားများနှင့် နိုင်ငံတော်သမ္မတထံ စာတင်သွားမည်ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်ငွေ ၄၆၅ ဒသမ ၇ ဘီလီယံခန့် သုံးစွဲခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့ထားသော်လည်း ယခုအချိန်ထိ လွှတ်တော်သို့ တင်သွင်းမှု မရှိသေးကြောင်း ၎င်းကဆိုသည်။
ထို့ပြင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေနှင့်လည်း စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်း ပေါ်ထွက်မလာခြင်း၏ နောက်ကွယ်တွင် လုပ်ပိုင်ခွင့် ရှိသူများ၏ တာဝန်ပျက်ကွက်မှုကြောင့် နိုင်ငံတော်အား နစ်နာစေမှုများကို ဖော်ထုတ်ရန် ဖြစ်စေ ၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ တစ်စုံတစ်ဦး တစ်ဖွဲ့အား အကျိုးရှိစေခြင်းတို့ကို ဖော်ထုတ်နိုင်ရန်ဖြစ်စေ ၊ အစီရင်ခံစာပါ ကိစ္စများနှင့် စပ်လျဉ်း၍ ကျော်စောသတင်းအဖြစ် မှတ်ယူနိုင်ရန် ဖြစ်စေ မျက်ခြေမပြတ် စောင့်ကြည့်ဖော်ထုတ် သင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့က တိုက်တွန်းထားသည်။
__________________________ ______________
(Zawgyi)
ရန်ကုန်တိုင်းစာရင်းစစ်ချုပ ် အစီရင်ခံစာမူရင်းအား ကန့်သတ်ထားခြင်း ဒီမိုကရေစီကို နောက်ကြောင်း ပြန်ရာ ရောက်သည်ဟုဆို
ဇန္နဝါရီ ၆
ဝေဝေဖြိုး
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူများ သိသင့်သိထိုက်သည့် ၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ စစ်ဆေး တွေ့ရှိချက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ကန့်သတ်၊တားမြစ်ထားခြင်းသည် ဒီမိုကရေစီကို နောက်ကြောင်းပြန်ရာရောက်ကြေ ာင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည် ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။
ယခုလ ၆ ရက်က ရန်ကုန်မြို့ အိုလံဗစ်တာတာဝါရှိ Myanmar Press Freedom Center တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ ဘယ်ရောက် နေလဲ ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်မတို့ ရန်ကုန် စောင့်ကြည့်အဖွဲ့အနေနဲ့ လိုအပ်တာတွေကို လုပ်ခဲ့တဲ့အခါမှာ ထင်ထင်ရှားရှား တွေ့တာက ဒီအစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်း ကော်မတီက သာလျှင် ရထားတာကို ကျွန်မတို့တွေ့ရတယ်။ ကျန်တဲ့ သက်ဆိုင်တဲ့ ကော်မတီတွေဖြစ်တဲ့ ကျန်တဲ့ လွှတ်တော်ကော်မတီတွေ တောင်းမှ မရတာကို ကျွန်မတို့တွေ့ရတယ်။ ကျွန်မတို့နိုင်ငံက ဒီမိုကရေစီ စနစ်ကို ရှင်သန်အောင် ရှေ့ကိုသွားနေတဲ့အချိန်မှာ အခု ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ ့ စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်းအပေါ်မှာ ကန့်သတ်လိုက်ခြင်း ၊တားမြစ်လိုက်ခြင်းဟာဆိုရင် ဒါဟာ ဒီမိုကရေစီကို နောက်ကြောင်း ပြန်ရာရောက်ပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး စာရင်း စစ်ချုပ် အစီရင်ခံစာသည် လွှတ်တော်သို့ ရောက်ရှိ လာသော်လည်း အစိုးရအဖွဲ့၏ တားမြစ်ချက် ကြောင့် ယနေ့အချိန်ထိ ပြည်သူ့ငွေစာရင်း ကော်မတီမှလွဲ၍ မည်သည့် လွှတ်တော် ကိုယ်စားလှယ်မှ မရရှိခြင်းကို တွေ့ရှိရသည် ဟုဆိုသည်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စာရင်းစစ်ချုပ် တစ်ဦးတည်းကသာလျှင် အစိုးရ၏ ပြည်သူ့ဘဏ္ဍာ ငွေသုံးစွဲမှု ဖြစ်စဉ်များစာရင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်သကဲ့သို့ လုပ်ငန်းဆောင်ရွက်မှု များကိုလည်း စစ်ဆေးနိုင်သောကြောင့် အစိုးရ၏ ပြည်သူ့ဘဏ္ဍာ သုံးစွဲမှုနှင့်ပတ်သက်၍ စာရင်းစစ်ချုပ် တစ်ဦးတည်းကသာလျှင် ထိန်းကျောင်းနိုင်သည့် တစ်ခုတည်းသော ယန္တယားဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထု သိရှိခွင့်ရှိသည့် ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်း မည်သည့် နေရာတွင် ရောက်နေသည်ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိ သူများနှင့် ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ အပါအဝင် အကြီးအကဲများကို မေးခွန်းထုတ်လိုသည်ဟု ဆိုသည်။
" စာရင်းစစ်ချုပ်က ငွေသုံးတဲ့ သူတွေကို စစ်မယ်။ ပြီးရင် သူ့ရဲ့တွေ့ရှိချက်ကို လွှတ်တော်ကို တင်မယ်။ အစိုးရအဖွဲ့ကိုတင်မယ်။ တပြိုင်နက်တည်း တင်ရတာနော်။စာရင်းစစ်ချုပ်က သူ့ရဲ့ အစီရင်ခံစာကို အတိအကျကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြောထားတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေမှာ အတိအကျကို ပြောထားတယ်။ အဲ့တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကျွန်မတို့ရထားတဲ့ အခွင့်အရေးကို တစ်စုံတစ်ယောက်သော သူက တားမြစ်တဲ့အတွက်၊ ကန့်သတ်တဲ့အတွက်ကြောင့် ကျွန်မတို့ ပြည်သူလူထုက ဒီအခွင့်အရေး ဆုံးရှုံးလျှက် ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့က မေးခွန်းထုတ်စရာ ပေါ်လာပါတယ်"ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
ယခုလ ၈ ရက်၌ ပြုလုပ်မည့် ၁၁ကြိမ်မြောက် တိုင်းလွှတ်တော်ပုံမှန်အစည်း အဝေးတွင် စာရင်းစစ်ချုပ်အစီရင်ခံစာမူ ရင်းအား တင် မတင်ကို စောင့်ကြည့်သွားမည်ဖြစ်ပြီး မတင်ပါက သက်သေ အထောက်အထားများနှင့် နိုင်ငံတော်သမ္မတထံ စာတင်သွားမည်ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်ငွေ ၄၆၅ ဒသမ ၇ ဘီလီယံခန့် သုံးစွဲခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့ထားသော်လည်း ယခုအချိန်ထိ လွှတ်တော်သို့ တင်သွင်းမှု မရှိသေးကြောင်း ၎င်းကဆိုသည်။
ထို့ပြင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေနှင့်လည်း စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်း ပေါ်ထွက်မလာခြင်း၏ နောက်ကွယ်တွင် လုပ်ပိုင်ခွင့် ရှိသူများ၏ တာဝန်ပျက်ကွက်မှုကြောင့် နိုင်ငံတော်အား နစ်နာစေမှုများကို ဖော်ထုတ်ရန် ဖြစ်စေ ၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ တစ်စုံတစ်ဦး တစ်ဖွဲ့အား အကျိုးရှိစေခြင်းတို့ကို ဖော်ထုတ်နိုင်ရန်ဖြစ်စေ ၊ အစီရင်ခံစာပါ ကိစ္စများနှင့် စပ်လျဉ်း၍ ကျော်စောသတင်းအဖြစ် မှတ်ယူနိုင်ရန် ဖြစ်စေ မျက်ခြေမပြတ် စောင့်ကြည့်ဖော်ထုတ် သင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့က တိုက်တွန်းထားသည်။
No comments:
Post a Comment