Thursday, January 09, 2020

အီရတ်ကသံရုံး နဲ့ အစိုးရရုံးဝင်းထဲ ဒုံးကျည်နှစ်စင်းကျရောက်၊ အသေအပျောက်မရှိလို့ အီရတ်စစ်တပ်ထုတ်ပြန်

Image may contain: sky and outdoor
အီရတ်နိုင်ငံမြို့တော်ဘဂ္ဂဒက် အစိုးရရုံးနဲ့သံရုံးတွေရှိတဲ့ အစိမ်းရောင်နယ်မြေထဲ ဒုံးကျည်နှစ်စင်းထိမှန်ခဲ့တယ်လို့ အီရတ်စစ်တပ်က ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အသေအပျောက်မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပေမယ့် အသေးစိတ်အချက်အလက်တွေတော့ ထုတ်ပြန်ချက်မှာမပါသေးပါဘူး။
Katyusha ဒုံးကျည်နှစ်စင်း အစိမ်းရောင်နယ်မြေထဲကျရောက်ခဲ့ပြီး အသေအ ပျောက်မရှိ၊ အသေးစိတ်အချက်အလက်များဆက်လက်ထုတ်ပြန်ရန်ရှိဟု အီရတ် စစ်တပ်ကထုတ်ပြန်တာပါ။
ပတ်ဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကားသံတွေကြားနေရတယ်လို့ အီရတ်ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒုံးကျည်တစ်စင်း အမေရိကန်သံရုံးနဲ့ မီတာ ၁၀၀ ခန့်အကွာကိုကျရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။
Photo- Raw Story

----------------------------------------------------------------------
(Zawgyi)
အီရတ်ကသံရုံး နဲ့ အစိုးရရုံးဝင်းထဲ ဒုံးကျည်နှစ်စင်းကျရောက်၊ အသေအပျောက်မရှိလို့ အီရတ်စစ်တပ်ထုတ်ပြန်
ဇန္နဝါရီ ၉
နိုင်ငံတကာသတင်း

အီရတ်နိုင်ငံမြို့တော်ဘဂ္ဂဒက် အစိုးရရုံးနဲ့သံရုံးတွေရှိတဲ့ အစိမ်းရောင်နယ်မြေထဲ ဒုံးကျည်နှစ်စင်းထိမှန်ခဲ့တယ်လို့ အီရတ်စစ်တပ်က ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ပါတယ်။
ဒါပေမဲ့ အသေအပျောက်မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပေမယ့် အသေးစိတ်အချက်အလက်တွေတော့ ထုတ်ပြန်ချက်မှာမပါသေးပါဘူး။
Katyusha ဒုံးကျည်နှစ်စင်း အစိမ်းရောင်နယ်မြေထဲကျရောက်ခဲ့ပြီး အသေအ ပျောက်မရှိ၊ အသေးစိတ်အချက်အလက်များဆက်လက်ထုတ်ပြန်ရန်ရှိဟု အီရတ် စစ်တပ်ကထုတ်ပြန်တာပါ။
ပတ်ဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကားသံတွေကြားနေရတယ်လို့ အီရတ်ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒုံးကျည်တစ်စင်း အမေရိကန်သံရုံးနဲ့ မီတာ ၁၀၀ ခန့်အကွာကိုကျရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။
Source- Reuters #ဥကၠာ #TheFifthWaveNews
Photo- Raw Story

No comments:

Post a Comment

My Blog List