Thursday, January 09, 2020

တရားဝင်ငြိမ်းချမ်းရေးအစည်းအဝေးများသို့ ပြန်လည်ပါဝင်ပြီဟု KNU ကြေညာ

တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်အကောင်အထည်ဖော် မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)သို့ ကရင်အမျိုးသားအ စည်းအရုံး (KNU)အထွေထွေအ တွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး တက်ရောက်ခြင်းသည် တရားဝင် အစည်းအဝေးများသို့ ပြန်လည် ပါဝင်သည်ဟု သတ်မှတ်ခံယူ ကြောင်း KNU က ကြေညာချက် ထုတ်ပြန်သည်။

နေပြည်တော်၌ ဇန်နဝါရီ ၈ ရက်က ကျင်းပသည့် JICM အ စည်းအဝေးမတိုင်မီ ဇန်နဝါရီ ၇ ရက်တွင် KNU က အဖွဲ့၏သ ဘောထားကို ထုတ်ပြန်ခြင်းဖြစ် သည်။ KNU သည် ၂၀၁၈ နှစ်ကုန်ပိုင်းကစ၍ ငြိမ်းချမ်းရေး ဆိုင်ရာတရားဝင်အစည်းအဝေး များ၌ ပါဝင်မှုယာယီရပ်ဆိုင်း ကြောင်း ကြေညာခဲ့ရာ တစ်နှစ် ကျော်အကြာတွင် ယခုကဲ့သို့ ပြန် လည်ပါဝင်ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်က တောက် လျှောက်သွားနေတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ကာလတုန်း က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သွား တဲ့ အခင်းအကျင်းတွေဟာ ကျွန် တော်တို့ NCA ကနေ လွဲချော်နေ တဲ့ပုံစံမျိုးမြင်တဲ့အတွက်ကြောင့် ပြန်လည်ပြီးတော့ ဒါညှိနှိုင်းဖို့လို လာတဲ့အတွက် အလွတ်သဘော နဲ့ ကူးချည်သန်းချည် အကြိမ် တော်တော်များလုပ်ခဲ့ပါတယ်။ အဲဒီရဲ့ရလဒ်က အခုပြန်ပြီး တည့် မတ်နိုင်တဲ့သဘောလို့ ယုံကြည်ပါ တယ်’’ ဟု ပဒိုစောတာဒိုမူးက တရားဝင်အစည်းအဝေးများတွင် ပြန်လည်ပါဝင်မှုအခြေအနေကို ရှင်းပြသည်။
KNU အနေဖြင့် အလွတ်သ ဘောအစည်းအဝေးများမှတစ် ဆင့် မှန်ကန်ပြီး တရားမျှတသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်ပေါ် ရေး၊ ၂၀၂၀ အလွန်ကာလဆက် လက်အကောင်အထည်ဖော်ရ မည့် NCA ပါပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာအကောင်အ ထည်ဖော်မှုလုပ်ငန်းစဉ်၊ ဒီမိုက ရေစီဖက်ဒရယ်စနစ်တို့ကို အခြေ ခံသော ပြည်ထောင်စုတည် ဆောက်ရေးလုပ်ငန်းစဉ်များအ တွက် ဆိုင်ရာသဘောတူညီမှုရရှိ ရေး တပ်မတော်၊ အစိုးရ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ပါဝင်ပတ်သက်သည့် Stakeholder များနှင့် တွေ့ဆုံ ဆွေးနွေးပြီး အဆိုပါလုပ်ငန်းစဉ် များ ဆက်လက်ဆွေးနွေးရန် သ ဘောတူညီမှုရရှိခဲ့သည်ဟု ကြေ ညာချက်၌ ဖော်ပြသည်။
ဒီမိုကရေစီဖက်ဒရယ်တည် ဆောက်မှုနှင့် အပစ်အခတ်ရပ်စဲ ရေးခိုင်မာရေး လုပ်ငန်းစဉ်များ ချမှတ်ဆွေးနွေး အကောင်အ ထည်ဖော်ခြင်းမှတစ်ဆင့် NCA ကို မှန်ကန်စွာအကောင်အထည် ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း KNU ကဆိုသည်။
7Day

No comments:

Post a Comment

My Blog List