Tuesday, January 07, 2020

ချင်းစည်ပင်ဝန်ကြီး ဦးစိုးထက် ပျောက်ဆုံးနေခြင်းမဟုတ်ဘဲ တီးတိန်နယ်တွင် ကွင်းဆင်းနေ၍ ဖုန်းအဆက်အသွယ်မရခြင်းသာဖြစ်ဟုဆို

Image may contain: 1 person
ချင်းပြည်နယ်အစိုးရ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်သည် ပျောက်ဆုံးနေသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ပျောက်ဆုံးခြင်းမရှိဘဲ တီးတိန်မြို့နယ်၊ နယ်စပ်တွင် ကွင်းဆင်းမှုများ ဆောင်ရွက်နေ၍ ဖုန်းအဆက်အသွယ်မရ ဖြစ်နေခြင်းသာဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရထံမှ တရားဝင်ပြောဆိုချက်ကိုးကား၍ ချင်းပြည်နယ် လွှတ်တော်အမတ် ဦးအောင်သန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"မဟုတ်ပါဘူး။ သူက ဟိုဘက် နယ်စပ်ပေါ့ဗျာ။ လျှပ်စစ်အတွက် MoU ထိုးထားတဲ့ အဖွဲ့နဲ့ ချောင်းတွေကို Survey ဆင်းနေတယ်တဲ့။ Survey ဆင်းတော့ ဆက်သွယ်လို့မရဘူးပေါ့ဗျာ။ ဖုန်းလိုင်းက..။ ဟိုဘက်မှာ ပျောက်နေတာလည်းမဟုတ်ဘူး။ ဘာမှမ ဟုတ်ဘူး။ ကျနော်တို့ ချင်းတောင် တီးတိန်နယ်မှာ ကွင်းဆင်းနေတာ" ဟု ဦးအောင်သန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
AA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကလည်း ချင်းပြည်နယ်အစိုးရဝန်ကြီး ဦးစိုးထက် ပျောက်ဆုံးနေသည်ဆိုသော သတင်းများအပေါ် AA အနေဖြင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိဘဲ မသိရှိသေးဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ချင်းပြည်နယ်အစိုးရ ဝန်ကြီးဟောင်း ဦးဆလိုင်းအိုက်ဇက်ခင်ကလည်း လက်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက် ပျောက်ဆုံးနေသည်ဆိုသော သတင်းများ အပေါ် မဟုတ်မှန်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
Photo Credit - khonumthung

No comments:

Post a Comment

My Blog List