Wednesday, January 08, 2020

ကျောင်းပိတ်ရက်ပြင်ဆင်ခြင်းကိုကန့်ကွက်သည့်လှုပ်ရှားမှု မကွေးပညာရေးကောလိပ်တွင် စတင်

Image may contain: 3 people, people standing and outdoor
ကျောင်းပိတ်ရက်ပြင်ဆင်ခြင်းကန့်ကွက်သည့်လှုပ်ရှားမှုကို မကွေးပညာရေးကောလိပ်၊ ကျောင်းသားသမဂ္ဂက စတင်လိုက်ပြီဖြစ်သည်။
အခြေခံပညာကျောင်းပိတ်ရက်များကို မတ်လတွင်မပိတ်တော့ဘဲ စာမေးပွဲရက်များ နောက်ဆုတ်ခဲ့သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် မကွေးပညာရေးကောလိပ်၊ ကျောင်းသားသမဂ္ဂက ဇန်နဝါရီလ ၇ ရက်တွင် စတစ်ကာကမ်ပိန်းဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ကစတေကာကမ်ပိန်းပေါ့။ စတေကာကပ်တယ်။ ပြီးတော့ လက်ကမ်းစာစောင်ဝေတယ်ပေါ့။ ကျောင်းသား၊ကျောင်းသူပေါင်း ၅၉၀ လောက်လှုပ်ရှားတယ်ဗျ။ကန့်ကွက်တာကတော့ ဒီလိုကျောင်းပိတ်ရက်ကို ပြင်လိုက်တဲ့အပေါ် အခြေခံပညာမှာဆရာ၊ဆရာမတွေအဆင်မပြေမှုလေးတွေရှိတယ်ပေါ့။ အဓိကပြင်တာက ကလေးတွေကိုစာသင်ရက်တိုးတာမဟုတ်ဘဲနဲ့ စာမေးပွဲကာလကိုနောက်ကိုဆုတ်လိုက်တာမျိုးပေါ့။ အဲဒီသဘောမျိုးသက်ရောက်တယ်ဗျ။ အခုလို ကျွန်တော်တို့လှုပ်ရှားတာ ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်တဲ့တစ်ခုခုကို လိုလားတယ်ဗျ။ အကျိုးသက်ရောက်မှုလည်းရှိစေချင်တယ်။ တကယ်လို့မှ ပြင်ဆင်ချက်ကိုမလုပ်ဘူးဆိုရင် ဒီထက်ပြင်းထန်တဲ့လှုပ်ရှားမှုကိုဆက်လုပ်မှာပါ’’ဟု မကွေးပညာရေးကောလိပ်၊ ကျောင်းသားသမဂ္ဂအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး- ၂ ကိုကျော်ဇင်ဝင်းက ပြောသည်။
အခြေခံပညာကျောင်းပိတ်ရက်များကို မတ်လတွင်မပိတ်တော့ဘဲ စာမေးပွဲရက်များ နောက်ဆုတ်ခဲ့ခြင်းမှာ ကောင်းကျိုးထက်ဆိုးကျိုးများနေသဖြင့် ဆရာဆရာမများအဖွဲ့ချုပ်ကလည်းးကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကလည်း ပြင်ဆင်ရန်မရှိကြောင်း ပြန်လည်ပြောကြားထားသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင် အခြေခံပညာကျောင်းပေါင်း ၄၀၀၀၀ ကျော်နှင့် ဆရာ၊ဆရာမဦးရေ သိန်းနှင့်ချီရှိကြောင်း သိရသည်။
Image may contain: 1 person, standing and outdoor
Image may contain: 4 people, people standing, outdoor and nature
Image may contain: one or more people and text

မင်းသီဟန် ( အကုန်သိ သတင်းဌာန ) 
<<< Unicode Version >>>
ကျောင်းပိတ်ရက်ပြင်ဆင်ခြင်းကိုကန့်ကွက်သည့်လှုပ်ရှားမှု မကွေးပညာရေးကောလိပ်တွင် စတင်
-------- မင်းသီဟန် ( အကုန်သိ သတင်းဌာန ) --------
ကျောင်းပိတ်ရက်ပြင်ဆင်ခြင်းကန့်ကွက်သည့်လှုပ်ရှားမှုကို မကွေးပညာရေးကောလိပ်၊ ကျောင်းသားသမဂ္ဂက စတင်လိုက်ပြီဖြစ်သည်။
အခြေခံပညာကျောင်းပိတ်ရက်များကို မတ်လတွင်မပိတ်တော့ဘဲ စာမေးပွဲရက်များ နောက်ဆုတ်ခဲ့သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် မကွေးပညာရေးကောလိပ်၊ ကျောင်းသားသမဂ္ဂက ဇန်နဝါရီလ ၇ ရက်တွင် စတစ်ကာကမ်ပိန်းဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ကစတေကာကမ်ပိန်းပေါ့။ စတေကာကပ်တယ်။ ပြီးတော့ လက်ကမ်းစာစောင်ဝေတယ်ပေါ့။ ကျောင်းသား၊ကျောင်းသူပေါင်း ၅၉၀ လောက်လှုပ်ရှားတယ်ဗျ။ကန့်ကွက်တာကတော့ ဒီလိုကျောင်းပိတ်ရက်ကို ပြင်လိုက်တဲ့အပေါ် အခြေခံပညာမှာဆရာ၊ဆရာမတွေအဆင်မပြေမှုလေးတွေရှိတယ်ပေါ့။ အဓိကပြင်တာက ကလေးတွေကိုစာသင်ရက်တိုးတာမဟုတ်ဘဲနဲ့ စာမေးပွဲကာလကိုနောက်ကိုဆုတ်လိုက်တာမျိုးပေါ့။ အဲဒီသဘောမျိုးသက်ရောက်တယ်ဗျ။ အခုလို ကျွန်တော်တို့လှုပ်ရှားတာ ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်တဲ့တစ်ခုခုကို လိုလားတယ်ဗျ။ အကျိုးသက်ရောက်မှုလည်းရှိစေချင်တယ်။ တကယ်လို့မှ ပြင်ဆင်ချက်ကိုမလုပ်ဘူးဆိုရင် ဒီထက်ပြင်းထန်တဲ့လှုပ်ရှားမှုကိုဆက်လုပ်မှာပါ’’ဟု မကွေးပညာရေးကောလိပ်၊ ကျောင်းသားသမဂ္ဂအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး- ၂ ကိုကျော်ဇင်ဝင်းက ပြောသည်။
အခြေခံပညာကျောင်းပိတ်ရက်များကို မတ်လတွင်မပိတ်တော့ဘဲ စာမေးပွဲရက်များ နောက်ဆုတ်ခဲ့ခြင်းမှာ ကောင်းကျိုးထက်ဆိုးကျိုးများနေသဖြင့် ဆရာဆရာမများအဖွဲ့ချုပ်ကလည်းးကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကလည်း ပြင်ဆင်ရန်မရှိကြောင်း ပြန်လည်ပြောကြားထားသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင် အခြေခံပညာကျောင်းပေါင်း ၄၀၀၀၀ ကျော်နှင့် ဆရာ၊ဆရာမဦးရေ သိန်းနှင့်ချီရှိကြောင်း သိရသည်။

No comments:

Post a Comment

My Blog List