Friday, January 10, 2020

ယူကရိန်းလေယာဉ်ကို အီရန်ကပစ်ချသည့် သက်သေအထောက် အထားပြရန် အီရန်အစိုးရစိန်ခေါ်

Image may contain: outdoor

ကနေဒါဝန်ကြီးချုပ် ထရူးဒေါ့က တီဟီရန်လေဆိပ်က ထွက်ခွာခဲ့တဲ့ ယူကရိန်းလေယာဉ်ကို အီရန်က ပစ်ချခဲ့ဖွယ် ရှိကြောင်းပြောကြားချက်ကို အီရန်အစိုးရက အထောက်အထားမျှဝေဖို့ ထုတ်ပြန်လိုက်ပါတယ်။

အီရန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ထရူးဒေါ့ပြောကြားတဲ့ ထောက်လှမ်းရေးအရင်းအမြစ်တွေကရရှိတယ်လို့တဲ့ သက်သေအထောက်အထားတွေကို ပြသဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ Boeing ကို လေယာဉ်ပျက် ကျတဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် လေယာဉ်ပျက်ကျမှုမှာပါဝင်ခဲ့တဲ့နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်တွေကို စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခွင့်ပြု ဖို့ ပြင်ဆင်နေတယ်လို့လည်းပြောပါတယ်။
အီရန်က ယူကရိန်းလေယာဉ်ကို ၎င်းတို့ပစ်ချခဲ့ခြင်းမရှိဘူးလို့လည်း ငြင်းဆိုထားပါတယ်။
Ref; AFP
(Unicode)
ယူကရိန်းလေယာဉ်ကို အီရန်ကပစ်ချသည့် သက်သေအထောက် အထားပြရန် အီရန်အစိုးရစိန်ခေါ်
…………………………………………………………

ကနေဒါဝန်ကြီးချုပ် ထရူးဒေါ့က တီဟီရန်လေဆိပ်က ထွက်ခွာခဲ့တဲ့ ယူကရိန်းလေယာဉ်ကို အီရန်က ပစ်ချခဲ့ဖွယ် ရှိကြောင်းပြောကြားချက်ကို အီရန်အစိုးရက အထောက်အထားမျှဝေဖို့ ထုတ်ပြန်လိုက်ပါတယ်။
အီရန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ထရူးဒေါ့ပြောကြားတဲ့ ထောက်လှမ်းရေးအရင်းအမြစ်တွေကရရှိတယ်လို့တဲ့ သက်သေအထောက်အထားတွေကို ပြသဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ Boeing ကို လေယာဉ်ပျက် ကျတဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် လေယာဉ်ပျက်ကျမှုမှာပါဝင်ခဲ့တဲ့နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်တွေကို စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခွင့်ပြု ဖို့ ပြင်ဆင်နေတယ်လို့လည်းပြောပါတယ်။
အီရန်က ယူကရိန်းလေယာဉ်ကို ၄င်းတို့ပစ်ချခဲ့ခြင်းမရှိဘူးလို့လည်း ငြင်းဆိုထားပါတယ်။
Ref; AFP
#PeopleMedia #International

No comments:

Post a Comment

My Blog List