Thursday, January 09, 2020

၀န်ကြီးများရုံးငှားရမ်းလုပ်ကိုင်ခွင့်ရရှိသောကုမ္ပဏီသည် စာချုပ်ပါအချက်အလက်များကိုမလိုက်နာမှုများရှိနေဟု ဆို

Image may contain: one or more peopleImage may contain: outdoor
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးကိုငှားရမ်းလုပ်ကိုင်ခွင့်ရထားသောကုမ္ပဏီသည် စာချုပ်ပါအချက်အလက်အချို့ကိုမလိုက်နာမှုများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောသည်။
ဇန်နဝါရီလ (၈)ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့၌ စာရင်းစစ်ချုပ်အစီရင်ခံစာတင်သွင်းရာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“၂၉-၁-၁၉ရက်က စစ်ဆေးခဲ့မှုအရ ရင်းနှီးမြုပ်နှံမှုကော်မရှင်နဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုများမရှိခြင်း၊ ငှားရမ်းခ ပေးသွင်းမှုအချိန်ကျော်မှုအတွက်လည်း လျော်ကြေးများပေးသွင်းခြင်းမရှိခြင်းတို့တွေ့ရပါတယ်။ ဒါအပြင် စာချုပ်အပိုဒ်ခွဲများ၏လိုက်နာရမယ့်အချက်အလက်တွေကိုလည်းအနော်မာအနုပညာကုမ္ပဏီအနေဖြင့် လိုက်နာမှုမရှိတာကိုတွေ့ရပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောသည်။
ဝန်ကြီးများရုံးကို ထိန်းသိမ်းပြုပြင်များနှင့် ငှားရမ်းလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အနော်မာအနုပညာကုမ္ပဏီကို ၂၀၁၅ ခုနှစ်မှစတင်ကာ နှစ်(၅၀)လုပ်ကိုင်ခွင့်ပေးထားကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းလများကလည်း အဆိုပါဝန်ကြီးများရုံးများတွင် Spa ဖွင့်လှစ်ခဲ့သည့်အပေါ် ကန့်ကွက်မှုများကြောင့်ပိတ်သိမ်းပေးခဲ့ရကာ နိုင်ငံခြားအရက်ရောင်းချခွင့်လိုင်စင် လျှောက်ထားမှုများလည်း ရှိခဲ့သည်။
ဝန်ကြီးများရုံးမြေဧက(၁၅.၉၆၃)ဧကကို တစ်နှစ်လျှင် ကျပ်သန်း ၃၀၀ ဖြင့်ငှားရမ်းထားခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်စုပေါင်းရုံးတစ်နှစ်ငှားရမ်းခနှင့်နှိုင်းယှဉ်ပါက ၁.၈၀၉ ဘီလျံခန့်နစ်နာနေသဖြင့် နှစ်ရှည်ငှားရမ်းခကိုတိုးမြှင့်သင့်ကြောင်းလည်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
Image may contain: sky and outdoor

ထက်ဝေလင်း(အကုန်သိသတင်းဌာန) 
<<< Unicode Version >>>
၀န်ကြီးများရုံးငှားရမ်းလုပ်ကိုင်ခွင့်ရရှိသောကုမ္ပဏီသည် စာချုပ်ပါအချက်အလက်များကိုမလိုက်နာမှုများရှိနေဟု ဆို
-------- ထက်ဝေလင်း(အကုန်သိသတင်းဌာန) -------
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးကိုငှားရမ်းလုပ်ကိုင်ခွင့်ရထားသောကုမ္ပဏီသည် စာချုပ်ပါအချက်အလက်အချို့ကိုမလိုက်နာမှုများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောသည်။
ဇန်နဝါရီလ (၈)ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့၌ စာရင်းစစ်ချုပ်အစီရင်ခံစာတင်သွင်းရာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“၂၉-၁-၁၉ရက်က စစ်ဆေးခဲ့မှုအရ ရင်းနှီးမြုပ်နှံမှုကော်မရှင်နဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုများမရှိခြင်း၊ ငှားရမ်းခ ပေးသွင်းမှုအချိန်ကျော်မှုအတွက်လည်း လျော်ကြေးများပေးသွင်းခြင်းမရှိခြင်းတို့တွေ့ရပါတယ်။ ဒါအပြင် စာချုပ်အပိုဒ်ခွဲများ၏လိုက်နာရမယ့်အချက်အလက်တွေကိုလည်းအနော်မာအနုပညာကုမ္ပဏီအနေဖြင့် လိုက်နာမှုမရှိတာကိုတွေ့ရပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောသည်။
ဝန်ကြီးများရုံးကို ထိန်းသိမ်းပြုပြင်များနှင့် ငှားရမ်းလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အနော်မာအနုပညာကုမ္ပဏီကို ၂၀၁၅ ခုနှစ်မှစတင်ကာ နှစ်(၅၀)လုပ်ကိုင်ခွင့်ပေးထားကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းလများကလည်း အဆိုပါဝန်ကြီးများရုံးများတွင် Spa ဖွင့်လှစ်ခဲ့သည့်အပေါ် ကန့်ကွက်မှုများကြောင့်ပိတ်သိမ်းပေးခဲ့ရကာ နိုင်ငံခြားအရက်ရောင်းချခွင့်လိုင်စင် လျှောက်ထားမှုများလည်း ရှိခဲ့သည်။
ဝန်ကြီးများရုံးမြေဧက(၁၅.၉၆၃)ဧကကို တစ်နှစ်လျှင် ကျပ်သန်း ၃၀၀ ဖြင့်ငှားရမ်းထားခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်စုပေါင်းရုံးတစ်နှစ်ငှားရမ်းခနှင့်နှိုင်းယှဉ်ပါက ၁.၈၀၉ ဘီလျံခန့်နစ်နာနေသဖြင့် နှစ်ရှည်ငှားရမ်းခကိုတိုးမြှင့်သင့်ကြောင်းလည်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment

My Blog List