Thursday, January 09, 2020

မ.ထ.သ စနစ်လက်ထက်တွင် သယ်ယူပို့ဆောင်ရေးစနစ်ကို ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဟု ဆို

Image may contain: 3 people, people standing and people sitting
မ.ထ.သ(ဗဟို)တွင် တာဝန်ယူခဲ့ချိန်၌ သယ်ယူပို့ဆောင်ရေးစနစ်ကိုကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ရန်ကုန်မြို့ရှိ YRTA ရုံးချုပ်တွင် ဇန်နဝါရီလ ၈ ရက်ကကျင်းပသည့် မီဒီယာများနှင့်အပတ်စဉ်ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ မ.ထ.သစနစ်တုန်းကတော့ ၅ နှစ်၊ ၆ နှစ်တာဝန်ထမ်းဆောင်ခဲ့တဲအချိန်မှာ သယ်ယူပို့ဆောင်ရေးစနစ်ကို ကောင်းမွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေမဲ့ ယခု YBS စနစ်လက်ထက်မှာတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ရဲ့လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော် ရဲရဲကြီးပြောရဲပါတယ်” ဟု YRTA မှတွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောသည်။
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် မ.ထ.သစနစ်ကို ဖျက်သိမ်း၍ YBS စနစ်သို့ပြောင်းလဲပြေးဆွဲခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် ၃ နှစ်ပြည့်ပြီဖြစ်သည်။
အဆိုပါ ၃ နှစ်တာကာလအတွင်း တစ်ဦးချင်းပိုင်ယာဉ်လိုင်းများကို အများပိုင်စနစ်အဖြစ်ဖော်ဆောင်နိုင်ခြင်း၊ ယာဉ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲနိုင်ခြင်း ၊ တက္ကစီယာဉ်များကို စီးတီးတက္ကစီအဖြစ် မှတ်ပုံတင် ပြုလုပ်ပေးနိုင်ခဲ့ခြင်း၊ Water Bus ပြေးဆွဲပေးနိုင်ခဲ့ခြင်းတို့ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့သော်လည်း ယာဉ်စီးခကို ကတ်ဖြင့်ပေးချေသည့်စနစ်မှာ လက်ရှိအချိန်ထိဖော်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၀၀ ၊ ယာဉ်အစီးရေ ၁၀၀ ဝန်းကျင်ဖြင့် နေ့စဉ်ခရီးသည်များကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
စုသက်နှင်း ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
မ.ထ.သ စနစ်လက်ထက်တွင် သယ်ယူပို့ဆောင်ရေးစနစ်ကို ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဟု ဆို
---- စုသက်နှင်း ( အကုန်သိ သတင်းဌာန ) ----
မ.ထ.သ(ဗဟို)တွင်တာဝန်ယူခဲ့ချိန်၌ သယ်ယူပို့ဆောင်ရေးစနစ်ကိုကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ရန်ကုန်မြို့ရှိ YRTA ရုံးချုပ်တွင် ဇန်နဝါရီလ ၈ ရက်ကကျင်းပသည့် မီဒီယာများနှင့်အပတ်စဉ်ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ မ.ထ.သစနစ်တုန်းကတော့ ၅ နှစ်၊ ၆ နှစ်တာဝန်ထမ်းဆောင်ခဲ့တဲအချိန်မှာ သယ်ယူပို့ဆောင်ရေးစနစ်ကို ကောင်းမွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေမဲ့ ယခု YBS စနစ်လက်ထက်မှာတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ရဲ့လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော် ရဲရဲကြီးပြောရဲပါတယ်” ဟု YRTA မှတွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောသည်။
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် မ.ထ.သစနစ်ကို ဖျက်သိမ်း၍ YBS စနစ်သို့ပြောင်းလဲပြေးဆွဲခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် ၃ နှစ်ပြည့်ပြီဖြစ်သည်။
အဆိုပါ ၃ နှစ်တာကာလအတွင်း တစ်ဦးချင်းပိုင်ယာဉ်လိုင်းများကို အများပိုင်စနစ်အဖြစ်ဖော်ဆောင်နိုင်ခြင်း၊ ယာဉ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲနိုင်ခြင်း ၊ တက္ကစီယာဉ်များကို စီးတီးတက္ကစီအဖြစ် မှတ်ပုံတင် ပြုလုပ်ပေးနိုင်ခဲ့ခြင်း၊ Water Bus ပြေးဆွဲပေးနိုင်ခဲ့ခြင်းတို့ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့သော်လည်း ယာဉ်စီးခကို ကတ်ဖြင့်ပေးချေသည့်စနစ်မှာ လက်ရှိအချိန်ထိဖော်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၀၀ ၊ ယာဉ်အစီးရေ ၁၀၀ ဝန်းကျင်ဖြင့် နေ့စဉ်ခရီးသည်များကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

No comments:

Post a Comment

My Blog List