Tuesday, January 07, 2020

ရန်ကုန်တိုင်း၌ ကိုယ်ထူကိုယ်ထ မီးလင်းရေး အစီအစဉ်အားလုံး ဖျက်သိမ်းမည်

Image may contain: 1 person
ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ မီးလင်းရေးအစီအစဉ်အားလုံး ဖျက်သိမ်း မည်ဖြစ်ပြီး မီးလင်းရေးအစီအစဉ်များကို တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ၆ ရက်တွင် ပြောဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်း အမှတ်အဖြစ် ဇန်နဝါရီ ၆ ရက် နံနက်၉ နာရီတွင် ပြုလုပ်သည့် ရန်ကုန်မြို့ကျောက်တန်းမြို့နယ် ကမာကလုတ် ကရင်ချောင်ကျေးရွာ၌ 33/11) KV, 5 MVA ဓာတ်အားခွဲစက်ရုံများ တပ်ဆင်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ကိုယ်ထူကိုယ်ထ မီးလင်းရေးအစီအစဉ် တွေ ရှေ့ကာလကရှိခဲ့ပါတယ်။ ဒီကိုယ်ထူ ကိုယ်ထ မီးလင်းရေး အစီအစဉ်တွေအားလုံး ဖျက်သိမ်းမှာ ဖြစ်ပါတယ်။ မီးလင်းရေးအစီအစဉ်တွေအားလုံး နိုင်ငံတော်ကပဲ ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချိန်တုန်းက ကိုယ်ထူကိုယ်ထမီးလင်းရေးတွေ လုပ်ခဲ့ရတဲ့အတွက် အရည်အသွေးမပြည့်မီတဲ့ကြိုးလိုင်းတွေဖြစ်နေပြီး လွှဲပြောင်းရယူဖို့ မရနိုင်ဘူးဆိုတဲ့ အခြေအနေအားလုံးကို တိုင်းဒေသကြီးဘတ်ဂျက်နဲ့ပဲ ဖြည့်ဆည်းပေးပြီးကျွန်တော်တို့ အားလုံးကို လွှဲပြောင်းရယူဆောင်ရွက်သွားတော့မှာဖြစ်ပါ တယ်။ ဒီကိစ္စက ရပ်ရွာတွေအတွင်းမှာ အလွန်အင်မတန်ရှုပ်ထွေးပြီးတော့ အင်မတန်သိမ်မွေ့တဲ့ ကိစ္စတစ်ရပ် ဖြစ်လာပါတယ်၊ ဘာကြောင့်လဲဆိုတော့ လျှပ်စစ်ကို ကိုယ်ထူကိုယ်ထမီးလင်းရတဲ့အတွက် ရွာထဲမှာရှိတဲ့ အိမ်ခြေတစ်ဝက်ကျော်လောက်က မီးမလင်းဘဲ ကျန်ခဲ့တဲ့ ရွာတွေအများကြီးကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ဒီအိမ်တွေက ပိုက်ဆံမပေးနိုင်လို့ မီးမလင်းရဘူးဆိုတဲ့ အခြေအနေမျိုးလည်း ရှိသလို လျှပ်စစ်ပျောက်ဆုံး ယူနစ်တွေနဲ့ ပတ်သက်ရင်လည်း ဖြေရှင်းဆောင်ရွက်ဖို့အတွက် တော်တော်ကို ခက်ခဲလာတဲ့ အခြေအနေကို တွေ့မြင်ရပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
လက်ရှိတွင် ကိုယ်ထူကိုယ်ထ မီးလင်းရေးလုပ်ငန်းများသည် ရပ်ရွာများတွင် မီးလင်းရေး၏ ရန်ပုံငွေအပေါ်တွင် စနစ်တကျသုံးစွဲကြခြင်းမရှိသည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရထံသို့ ပြဿနာပေါင်းစုံ၊ တိုင်ကြားမှုပေါင်းများစွာဖြင့်တိုင်ကြားမှုများစွာရှိနေကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။
"ယခင်ကတော့ လျှပ်စစ်ဈေးနှုန်းကသက်သာတဲ့အတွက်ပျောက်ဆုံးယူနစ်ကို တိုးကောက်ပြီးတော့ ယူတဲ့အခြေအနေမျိုးတွေရှိပါတယ်။ ဒီနေရာမှာလည်း ရပ်ရွာမှာ ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီတွေကနေ ကိုယ့်ရဲ့ ဩဇာအာဏာကို ထူထောင်တာမျိုးတွေလည်း တွေ့ရပါတယ်။ မီးလင်းဖို့အတွက်မီးလင်းရေးကော်မတီတွေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ကြရတာမျိုး၊ ပျောက်ဆုံးယူနစ်တွေအပေါ်မှာ ကိုယ်နဲ့ ခွဲဝေပြီးကောက်ယူတဲ့နေရာမှာလည်း ပြဿနာရပ်တွေများစွာ တွေ့ရပြီးကိုယ်ထူကိုယ်ထ မီးလင်းရေးရဲ့ ရန်ပုံငွေအပေါ်မှာလည်း စနစ်တကျ သုံးစွဲခြင်း မရှိတာတွေ့ရပါတယ်၊ ပြဿနာပေါင်းများစွာတိုင်ကြားမှုပေါင်းများစွာကို ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရကိုတိုင်ကြားလာတာတွေလည်း များစွာရှိနေပါတယ်။ ဒါကြောင့်ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုယ်ထူကိုယ်ထမီးလင်းရေးအစီအစဉ်တွေ အားလုံးကို ကျွန်တော်တို့ ရပ်ဆိုင်းပစ်ပြီး ဒါတွေအားလုံးကို ဝိုင်အီးအက်စ်စီကပဲ ဆက်လက်ဆောင်ရွက် တော့မှာ ဖြစ်ပါတယ်၊ နောက်မီးလင်းရေးအတွက်လည်း ကိုယ်ထူကိုယ်ထ ငွေကြေးကောက်ခံမှုတွေ မရှိတော့ပါဘူး။ နိုင်ငံတော်အစိုးရကပဲ အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ဖို့အတွက်တိုင်းဒေသကြီးမှာပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
သတင်း - စည်သူဟိန်း
(Unicode Version)

No comments:

Post a Comment

My Blog List