Wednesday, January 08, 2020

ဗစ်တိုရီးယားအမည်ရင်းထုတ်ဖော်ခဲ့သူများကိုတရားစွဲဆိုရန် ယခုလဒုတိယအပတ်အတွင်း နို့တစ်စာ ပေးပို့ပေးသွားမည်

Image may contain: 2 peopleImage may contain: text that says 'We Save You Victoria'
ဗစ်တိုရီးယားအမည်နှင့်နေရပ်တို့ထုတ်ဖော်ခဲ့သူများကိုတရားစွဲဆိုရန် ယခုဇန်နဝါရီလဒုတိယအပတ်အတွင်း နို့တစ်စာများပေးပို့မည်ဖြစ်ကြောင်း လွတ်လပ်သောရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဇန်နဝါရီလ ၇ ရက်၌ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“နို့တစ်စာကို ဇန်နဝါရီလ ဒုတိယပတ်မတိုင်မီ၊ ဒုတိယပတ်အတွင်းပေးပို့မှာပါ။ နောက်တစ်ခါ ရာဇသတ်ကြီးပုဒ်မ- ၂၂ အရ ပြည်သူ့ဝန်ထမ်းပါရင် သမ္မတတို့၊ ဝန်ကြီးဌာနတို့ကိုအကြောင်းကြားရတယ်လေ။ နောက်တစ်ခါတရားမကြောင်းစွဲရင်လည်း တရားမဥပဒေပုဒ်မ- ၈၀ အရ ကျွန်တော်တို့ကနို့တစ်စာပေးရတယ်။ ခင်ဗျားတို့ကိုတရားစွဲတော့မယ်ဆိုတာ။ အဲဒါပါရင်ဆောင်ရွက်ဖို့ရှိတာလေးတွေကြိုလုပ်ဖို့ပါ။ အခုကတရားစွဲမယ့်အထဲ နိုင်ငံဝန်ထမ်းပါနေတယ်’’ဟု လွတ်လပ်သောရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
ဖြစ်စဉ်မှာ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းတွင်တက်ရောက်နေသည့် ၃ နှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ကျောင်းမှ ဒရိုင်ဘာအောင်ကြီးအားပုဒ်မ- ၃၇၆ ဖြင့် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးသို့တရားစွဲဆိုတင်ပို့ခဲ့သည်။
သက်သေ ၁၉ ဦးအားစစ်ဆေးပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ဒရိုင်ဘာအောင်ကြီးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၂) အရ တရားရှင်လွှတ်ပေးခဲ့သည်။
ထို့နောက် ဒရိုင်ဘာအောင်ကြီးအားလွှတ်ပေးခြင်းမှာ စောလွန်းကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ရဲအရာရှိများက ဗစ်တိုရီးယားအပါအဝင် ၎င်းမိဘများ၏အမည်ရင်း၊ နေရပ်၊ အလုပ်အကိုင်များကိုထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
Image may contain: house, tree, sky and outdoor
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ဗစ်တိုရီးယားအမည်ရင်းထုတ်ဖော်ခဲ့သူများကိုတရားစွဲဆိုရန် ယခုလဒုတိယအပတ်အတွင်း နို့တစ်စာ ပေးပို့ပေးသွားမည်
-------- မင်းသီဟန် ( အကုန်သိ သတင်းဌာန ) --------
ဗစ်တိုရီးယားအမည်နှင့်နေရပ်တို့ထုတ်ဖော်ခဲ့သူများကိုတရားစွဲဆိုရန် ယခုဇန်နဝါရီလဒုတိယအပတ်အတွင်း နို့တစ်စာများပေးပို့မည်ဖြစ်ကြောင်း လွတ်လပ်သောရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဇန်နဝါရီလ ၇ ရက်၌ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“နို့တစ်စာကို ဇန်နဝါရီလ ဒုတိယပတ်မတိုင်မီ၊ ဒုတိယပတ်အတွင်းပေးပို့မှာပါ။ နောက်တစ်ခါ ရာဇသတ်ကြီးပုဒ်မ- ၂၂ အရ ပြည်သူ့ဝန်ထမ်းပါရင် သမ္မတတို့၊ ဝန်ကြီးဌာနတို့ကိုအကြောင်းကြားရတယ်လေ။ နောက်တစ်ခါတရားမကြောင်းစွဲရင်လည်း တရားမဥပဒေပုဒ်မ- ၈၀ အရ ကျွန်တော်တို့ကနို့တစ်စာပေးရတယ်။ ခင်ဗျားတို့ကိုတရားစွဲတော့မယ်ဆိုတာ။ အဲဒါပါရင်ဆောင်ရွက်ဖို့ရှိတာလေးတွေကြိုလုပ်ဖို့ပါ။ အခုကတရားစွဲမယ့်အထဲ နိုင်ငံဝန်ထမ်းပါနေတယ်’’ဟု လွတ်လပ်သောရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
ဖြစ်စဉ်မှာ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းတွင်တက်ရောက်နေသည့် ၃ နှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ကျောင်းမှ ဒရိုင်ဘာအောင်ကြီးအားပုဒ်မ- ၃၇၆ ဖြင့် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးသို့တရားစွဲဆိုတင်ပို့ခဲ့သည်။
သက်သေ ၁၉ ဦးအားစစ်ဆေးပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ဒရိုင်ဘာအောင်ကြီးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၂) အရ တရားရှင်လွှတ်ပေးခဲ့သည်။
ထို့နောက် ဒရိုင်ဘာအောင်ကြီးအားလွှတ်ပေးခြင်းမှာ စောလွန်းကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ရဲအရာရှိများက ဗစ်တိုရီးယားအပါအဝင် ၎င်းမိဘများ၏အမည်ရင်း၊ နေရပ်၊ အလုပ်အကိုင်များကိုထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List