Thursday, January 09, 2020

ဆင်ဆာစနစ်သုံးမီးပွိုင့်များတပ်ဆင်အသုံးပြုနေသော်လည်း ဖမ်းဆီးအရေးယူမှုမပြုလုပ်နိုင်သေးဟုဆို

Image may contain: sky, cloud, car and outdoorImage may contain: night, car and outdoor
ရန်ကုန်မြို့တွင်း၌ ဆင်ဆာစနစ်သုံးမီးပွိုင့်များပြောင်းလဲတပ်ဆင်ကာအသုံးပြုနေပြီဖြစ်သော်လည်း ဖမ်းဆီးအရေးယူမှုပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြောကျပ်တည်းမှုကိုဖြေရှင်းဆောင်ရွက်ရန် မီးပွိုင့်ပေါင်း ၁၅၄ ပွိုင့်ကို ခေတ်မီဆင်ဆာစနစ်သုံးမီးပွိုင့်များ ပြောင်းလဲတပ်ဆင်ခဲ့ခြင်းဖြစ်သည်။
“မီးပွိုင့်တွေက မြေပြင်မှာတော့ အလုပ်လုပ်နေပြီ။ ရာခိုင်နှုန်းအားဖြင့်တော့ ပြောလို့မရသေးဘူး။ CCTV ကင်မရာတွေကအစ အကုန်အလုပ်လုပ်နေပြီ။ ဖမ်းဆီးအရေးယူမှုတော့ မပြုလုပ်သေးဘူး။ ဘာလို့ဆို သူတို့ကတရားဝင်တောင်မလွှဲရသေးဘူး”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်အစိုးရလက်ထက်တွင် အဆိုပါမီးပွိုင့်စနစ်ကိုပြောင်းလဲတပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်တွင်အပြီးတပ်ဆင်ရမည်ဖြစ်သော်လည်း သတ်မှတ်ချိန်တွင် လုပ်ငန်းများမပြီးပြတ်သဖြင့် တစ်ရက်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ဒဏ်ကြေးများပေးဆောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် မီးပွိုင့်များတပ်ဆင်ပြီးစီးသော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကပေးရန်ကျန်ရှိနေသည့် ငွေကြေးများကိုပေးဆောင်ခြင်းမရှိသေးသည့်အတွက် ကုမ္ပဏီဘက်မှမီးပွိုင့်ကိုမအပ်နှံသေးခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။
Image may contain: cloud, sky and outdoor

စုသက်နှင်း ( အကုန်သိ သတင်းဌာန ) 
<<< Unicode Version >>>
ဆင်ဆာစနစ်သုံးမီးပွိုင့်များတပ်ဆင်အသုံးပြုနေသော်လည်း ဖမ်းဆီးအရေးယူမှုမပြုလုပ်နိုင်သေးဟုဆို
---- စုသက်နှင်း ( အကုန်သိ သတင်းဌာန ) ----
ရန်ကုန်မြို့တွင်း၌ ဆင်ဆာစနစ်သုံးမီးပွိုင့်များပြောင်းလဲတပ်ဆင်ကာအသုံးပြုနေပြီဖြစ်သော်လည်း ဖမ်းဆီးအရေးယူမှုပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြောကျပ်တည်းမှုကိုဖြေရှင်းဆောင်ရွက်ရန် မီးပွိုင့်ပေါင်း ၁၅၄ ပွိုင့်ကို ခေတ်မီဆင်ဆာစနစ်သုံးမီးပွိုင့်များ ပြောင်းလဲတပ်ဆင်ခဲ့ခြင်းဖြစ်သည်။
“မီးပွိုင့်တွေက မြေပြင်မှာတော့ အလုပ်လုပ်နေပြီ။ ရာခိုင်နှုန်းအားဖြင့်တော့ ပြောလို့မရသေးဘူး။ CCTV ကင်မရာတွေကအစ အကုန်အလုပ်လုပ်နေပြီ။ ဖမ်းဆီးအရေးယူမှုတော့ မပြုလုပ်သေးဘူး။ ဘာလို့ဆို သူတို့ကတရားဝင်တောင်မလွှဲရသေးဘူး”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်အစိုးရလက်ထက်တွင် အဆိုပါမီးပွိုင့်စနစ်ကိုပြောင်းလဲတပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်တွင်အပြီးတပ်ဆင်ရမည်ဖြစ်သော်လည်း သတ်မှတ်ချိန်တွင် လုပ်ငန်းများမပြီးပြတ်သဖြင့် တစ်ရက်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ဒဏ်ကြေးများပေးဆောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် မီးပွိုင့်များတပ်ဆင်ပြီးစီးသော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကပေးရန်ကျန်ရှိနေသည့် ငွေကြေးများကိုပေးဆောင်ခြင်းမရှိသေးသည့်အတွက် ကုမ္ပဏီဘက်မှမီးပွိုင့်ကိုမအပ်နှံသေးခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

No comments:

Post a Comment

My Blog List