Wednesday, January 08, 2020

ကုလသမဂ္ဂအစည်းအဝေးတက်မယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန် ပြည်ဝင်ခွင့်ဗီဇာမပေး

Image may contain: 1 person
ဇန်နဝါရီ ၉ ရက် ကြာသပတေးနေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး တက်ဖို့ရှိနေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးမိုဟာမက် ဂျာဗက်ဇာရစ်ဖ်ကို အမေရိကန် က ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ငြင်းဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိ တစ်ဦးကပြောပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေချိန်မှာ အခုလိုအသိပေးတာပါ။
၁၉၄၇ ခုနှစ်၊ ကုလသမဂ္ဂရုံးချုပ်များဆိုင်ရာသဘောတူညီချက်အရ အမေရိကန်ဟာ နိုင်ငံခြားသံတမန်တွေကို ကုလသမဂ္ဂဆီဝင်ခွင့်ပေးရမှာပါ။ ဒါပေမဲ့ လုံခြုံရေး၊ အကြမ်းဖက်မှုနဲ့ နိုင်ငံခြားရေးမူဝါဒအကြောင်းပြချက်တွေနဲ့ ပြည်ဝင်ခွင့်ငြင်းဆိုနိုင် တယ်လို့ အမေရိကန်ဘက်ကပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ချက်ချင်းမှတ်ချက်မပြုသေးပါဘူး။
ကုလသမဂ္ဂပြောခွင့်ရသူ စတီဖန်ဂျူရှာရစ်ကလည်း ဇာရစ်ကို အမေရိကန်က ပြည် ဝင်ခွင့်ပေးတာငြင်းထားတဲ့ကိစ္စအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးဟာ အီရန်စစ်ဗိုလ်ချုပ်ကာဆမ်ဆိုလီမာနီကို အမေရိ ကန်လုပ်ကြံခဲ့တာအတွက် အမေရိကန်ကိုလူသိရှင်ကြားဝေဖန်ခွင့်ရမှာပါ။
Source- Reuters
Photo- Press TV

------------------------------------------------------------------------

#TheFifthWaveNews
Photo- Press TV

No comments:

Post a Comment

My Blog List