Friday, January 10, 2020

ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အနှစ်ချုပ်အစီရင်ခံစာနှင့် အကျဉ်းချုပ် ကွာဟချက်များကို နိုင်ငံတော် သမ္မတထံ တင်ပြမည်

Image may contain: 6 people, table and indoor
ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အနှစ်ချုပ် အစီရင်ခံစာနှင့် အကျဉ်းချုပ်ကွာဟချက်များကို နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဖြစ် ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။
ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာ မူရင်းနှင့် အကျဉ်းချုပ်ကွာဟချက်ကို ထုတ်ဖော်သွားမည်ဟု ပြောကြားထားသည့်အပေါ် ဇန်နဝါရီ ၉ ရက်က ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်းနဲ့ ကွာဟချက်တွေ ရှိနိုင်တယ်လေ။ မူရင်းပျောက်နေတယ်။ မူရင်းအစားအနှစ်ချုပ်ကိုပဲ ထုတ် ပေးတယ်။ မူရင်းပျောက်နေတယ်ဆိုကတည်းက ထိမ်ချန်ထားတာရှိတာပေါ့။ မရှိဘဲနဲ့တော့ ဘယ်ထုတ်မလဲ။ မူရင်းနဲ့ အနှစ်ချုပ် မှာ ကွာဟတာတွေကို အန်တီတို့ ဖော်ထုတ်သွားမယ်။ ဖော်ထုတ်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမယ်။ သမ္မတကြီး ဆီကို တင်ပြသွားမယ်။ စောင့်ကြည့်မယ်ဆိုတာ အန်တီတို့ အခုရန်ကုန်တိုင်း လွှတ်တော်ကို အစအဆုံးစောင့်ကြည့်သွားမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
၆ လကြာ လွှတ်တော်ကိုယ်စားလှယ်များကြား ဖော်ထုတ်ခဲ့ခြင်းမပြုခဲ့သော ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဇန်နဝါရီ ၈ ရက်က ချပြဆွေးနွေးခဲ့သည်။
အဆိုပါ စာရင်းစစ်ချုပ် အစီရင်ခံစာ ၂၀၁၇ - ၂၀၁၈ အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြီးခဲ့သည့်အစည်းအဝေးတွင် လွှတ် တော်အကြီးအမှူးနှင့် ပြည်သူ့ငွေစာရင်း ကော်မတီတို့ကိုသာ တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကို ဖြန့်ဝေခြင်းမပြုခဲ့ပေ။
Image may contain: one or more people, people sitting, table and indoor
Image may contain: 1 person, text that says 'Myanmar Press Freedom Center'
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အနှစ်ချုပ်အစီရင်ခံစာနှင့် အကျဉ်းချုပ် ကွာဟချက်များကို နိုင်ငံတော် သမ္မတထံ တင်ပြမည်
----- မင်းသီဟန် ( အကုန်သိ သတင်းဌာန ) ----
ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အနှစ်ချုပ် အစီရင်ခံစာနှင့် အကျဉ်းချုပ်ကွာဟချက်များကို နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဖြစ် ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။
ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာ မူရင်းနှင့် အကျဉ်းချုပ်ကွာဟချက်ကို ထုတ်ဖော်သွားမည်ဟု ပြောကြားထားသည့်အပေါ် ဇန်နဝါရီ ၉ ရက်က ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်းနဲ့ ကွာဟချက်တွေ ရှိနိုင်တယ်လေ။ မူရင်းပျောက်နေတယ်။ မူရင်းအစားအနှစ်ချုပ်ကိုပဲ ထုတ် ပေးတယ်။ မူရင်းပျောက်နေတယ်ဆိုကတည်းက ထိမ်ချန်ထားတာရှိတာပေါ့။ မရှိဘဲနဲ့တော့ ဘယ်ထုတ်မလဲ။ မူရင်းနဲ့ အနှစ်ချုပ် မှာ ကွာဟတာတွေကို အန်တီတို့ ဖော်ထုတ်သွားမယ်။ ဖော်ထုတ်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမယ်။ သမ္မတကြီး ဆီကို တင်ပြသွားမယ်။ စောင့်ကြည့်မယ်ဆိုတာ အန်တီတို့ အခုရန်ကုန်တိုင်း လွှတ်တော်ကို အစအဆုံးစောင့်ကြည့်သွားမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
၆ လကြာ လွှတ်တော်ကိုယ်စားလှယ်များကြား ဖော်ထုတ်ခဲ့ခြင်းမပြုခဲ့သော ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဇန်နဝါရီ ၈ ရက်က ချပြဆွေးနွေးခဲ့သည်။
အဆိုပါ စာရင်းစစ်ချုပ် အစီရင်ခံစာ ၂၀၁၇ - ၂၀၁၈ အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြီးခဲ့သည့်အစည်းအဝေးတွင် လွှတ် တော်အကြီးအမှူးနှင့် ပြည်သူ့ငွေစာရင်း ကော်မတီတို့ကိုသာ တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကို ဖြန့်ဝေခြင်းမပြုခဲ့ပေ။

No comments:

Post a Comment

My Blog List