Wednesday, January 08, 2020

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်ပြန်လည်တိုက်ခိုက်

Image may contain: one or more people, sky, cloud and outdoor
အီရတ်ရှိ အမေရိကန် လေတပ် စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်က ဒုံးကျည်များပစ်လွှတ် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုလိုက်ပါတယ်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က အီရန်ဟာ အီရတ်နိုင်ငံမြောက်ပိုင်းက Irbil မြို့နဲ့ အီရတ်အနောက်ပိုင်းရှိ Al Asad. မြို့မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးကလည်း အမေရိကန် စစ်အခြေစိုက်စခန်းတွေနဲ့ မဟာမိတ်အဖွဲ့တွေကို ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲကတည်းက ဒုံးကျည်အစင်းပေါင်း ဒါဇင်နဲ့ချီပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။
အီရန်ရဲ့ ပြန်လည်တိုက်ခိုက်မှုအခြေအနေကို အမေရိကန် သမ္မတကိုယ်တိုင် အနီးကပ်စောင့်ကြည့်နေပြီး အမေရိကန် လုံခြုံရေး အကြံပေးအဖွဲ့နဲ့တိုင်ပင်နေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂရစ်ဟမ်ကဆိုပါတယ်။
ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို နှစ်ဖက်စလုံးက အတည်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။ ယင်းသို့ အီရန်ရဲ့ပြန်လည်တိုက်ခိုက်မှုကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ဆက်လက်ပြီး အမေရိကန်အနေနဲ့ ကျူးကျော်ရန်စမှုတွေ ထပ်မံလုပ်ဆောင်လာမယ်ဆိုရင် ဆိုးရွားတဲ့အကျိူးဆက်တွေ ရင်ဆိုင်ရမယ်လို့ အီရန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Image may contain: one or more people, night, sky, tree and outdoor
Image may contain: one or more people, night and outdoor
သတင်း- ZMO
Ref; NHK၊ BBC
ဓာတ္ပုံ - EPA
(Unicode Version)
#InternationalNews
 အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်ပြန်လည်တိုက်ခိုက်
အီရတ်ရှိ အမေရိကန် လေတပ် စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်က ဒုံးကျည်များပစ်လွှတ် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုလိုက်ပါတယ်။
အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က အီရန်ဟာ အီရတ်နိုင်ငံမြောက်ပိုင်းက Irbil မြို့နဲ့ အီရတ်အနောက်ပိုင်းရှိ Al Asad. မြို့မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးကလည်း အမေရိကန် စစ်အခြေစိုက်စခန်းတွေနဲ့ မဟာမိတ်အဖွဲ့တွေကို ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲကတည်းက ဒုံးကျည်အစင်းပေါင်း ဒါဇင်နဲ့ချီပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။
အီရန်ရဲ့ ပြန်လည်တိုက်ခိုက်မှုအခြေအနေကို အမေရိကန် သမ္မတကိုယ်တိုင် အနီးကပ်စောင့်ကြည့်နေပြီး အမေရိကန် လုံခြုံရေး အကြံပေးအဖွဲ့နဲ့တိုင်ပင်နေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂရစ်ဟမ်ကဆိုပါတယ်။
ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို နှစ်ဖက်စလုံးက အတည်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။ ယင်းသို့ အီရန်ရဲ့ပြန်လည်တိုက်ခိုက်မှုကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ဆက်လက်ပြီး အမေရိကန်အနေနဲ့ ကျူးကျော်ရန်စမှုတွေ ထပ်မံလုပ်ဆောင်လာမယ်ဆိုရင် ဆိုးရွားတဲ့အကျိူးဆက်တွေ ရင်ဆိုင်ရမယ်လို့ အီရန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
သတင်း- ZMO
Ref; NHK၊ BBC
ဓာတ်ပုံ - EPA

No comments:

Post a Comment

My Blog List