Thursday, January 09, 2020

ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ ယုံကြည်မှုရှိရှိဖြင့် လျှောက်လှမ်းလာဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား


Image may contain: 2 people, people sitting
NCA စာချုပ် လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အစိုးရကဖွင့်ပေးထား သည့် ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ် သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိဖြင့် လျှောက် လှမ်းလာခဲ့ကြရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောြကားသည်။
နေပြည်တော်ရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ဇန်နဝါရီ ၈ ရက်က ပြုလုပ်သော (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ၌ အဖွင့်အမှာစကားပြောကြား ရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
"နိုင်ငံရေးစားပွဲဝိုင်းတွေမှာ ဝင် ထိုင်ပြီး ကိုယ့်ရဲ့လိုအင်ဆန္ဒ၊ ကိုယ့်ရဲ့လို လားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြော ပြပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒီလို ဆွေးနွေးနိုင်ဖို့အတွက်လည်း ကျွန်မတို့ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးထားတာဖြစ်ပါတယ်။ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့လျှောက်လှမ်းလာခဲ့ကြဖို့ ကျွန်မအနေနဲ့ အလေးထား တိုက်တွန်းပြောကြားလိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
ယနေ့ တရားဝင် အစည်းအဝေးတွင် တွေ့ဆုံပြီး လက်ရှိအစိုးရ၏သက်တမ်းတွင်သာမက နောက်အစိုးရလက်ထက်တွင် ဆက်လက်ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းကြချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုမရပ်စဲနိုင်သေးသည့် အဖွဲ့များ၊ NCA လက်မှတ် မထိုးနိုင်သေးသည့်အဖွဲ့များ၊ ကျန်နေသေးသဖြင့် ယင်းအဖွဲ့များအားလုံးနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံပြီး ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရန်။ NCA တွင် ပါဝင်နိုင်ရန် အစိုးရ၏ NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင်ကကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။
"NCA ထီးရိပ်အောက်မှာ ရောက်ရှိလာဖို့ ကျွန်မတို့ အမြဲတမ်း ဖိတ်ခေါ်ကမ်းလှမ်းနေပါတယ်။ ဒီအဖွဲ့တွေ အနေနဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ စုပေါင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်သလို၊ လိုအပ်ရင် လိုအပ်သလို တစ်ဖွဲ့ချင်းနဲ့ သီးခြားဆွေးနွေးနိုင်ကြဖို့ကိုလည်း ကျွန်မတို့အစိုးရအနေနဲ့ တံခါးဖွင့်ထားပြီး ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့ကို NCA မှာလည်း အတိအလင်း ဖော်ပြထားပြီးဖြစ်ပါတယ်"ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
နှစ်ပေါင်း (၇၀)ကျော် ရှည်ကြာခဲ့ ပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကနေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းသည်သာလက်တွေ့ကျပြီး ထိရောက်နိုင်မယ်ဆိုတာသင်ခန်းစာရရှိခဲ့ကြပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် မမျှော်လင့်ဘဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေ များလာသည့်ကိစ္စနှင့်ပတ်သက်၍ လက်နက်ကိုင်ပြီး အားသာချက်ယူခြင်း၊ ဖြေရှင်းချက်အသစ်များကို စိတ်ကူးယဉ်ခြင်းမျိုးဖြင့် နိုင်ငံ၏ပြဿနာများကို ဖြေရှင်း၍မရနိုင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
နှစ်ပေါင်း (၇၀) ကျော် နိုင်ငံ၏ဒဏ်ရာဒဏ်ချက်များ၊ တိုင်းရင်းသားပြည်သူများ၊ အပြစ်မဲ့ကလေးသူငယ်များ၏ ဒုက္ခသံသရာလည်နေမှုများသည်လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးကျိုးကိုမျက်မြင်ကိုယ်ေတွ့ သက်သေပြခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
"လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ရမယ်။ ကျေးရွာတွေ ထိခိုက်ရမယ်။ပြည်သူတွေ ဒုက္ခသည်စခန်းတွေမှာဆင်းဆင်းရဲရဲ နေကြရမယ်။ ဒါတွေကမြင်သာတဲ့ ဆိုးကျိုးတွေပါ။ မမြင်သာတဲ့ဆိုးကျိုးတွေက တိုက်ပွဲဖြစ်ပွားရာဒေသ၊ဒေသခံတိုင်းရင်းသားတွေရဲ့ အနာဂတ်တွေ မှေးမှိန်ပျောက်ကွယ်သွားရတာပဲဖြစ်ပါတယ်" ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည်နှစ်ပေါင်း (၇၀) ကျော် မြန်မာ့နိုင်ငံရေးသမိုင်းက သတ်မှတ်ပြဋ္ဌာန်းပေးလိုက်သည့် နိုင်ငံ၏ ထွက်ပေါက်ဖြစ်ကြောင်း၎င်းက ပြောကြားသည်။
ယနေ့ အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများတက်ရောက်ခြဲ့ကသည်။
သတင်း - မင်းမင်းထွန်း
(Unicode Version)
ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ ယုံကြည်မှုရှိရှိဖြင့် လျှောက်လှမ်းလာဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

NCA စာချုပ် လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အစိုးရကဖွင့်ပေးထား သည့် ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ် သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိဖြင့် လျှောက် လှမ်းလာခဲ့ကြရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။
နေပြည်တော်ရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ဇန်နဝါရီ ၈ ရက်က ပြုလုပ်သော (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ၌ အဖွင့်အမှာစကားပြောကြား ရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
"နိုင်ငံရေးစားပွဲဝိုင်းတွေမှာ ဝင် ထိုင်ပြီး ကိုယ့်ရဲ့လိုအင်ဆန္ဒ၊ ကိုယ့်ရဲ့လို လားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြော ပြပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒီလို ဆွေးနွေးနိုင်ဖို့အတွက်လည်း ကျွန်မတို့ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးထားတာဖြစ်ပါတယ်။ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့လျှောက်လှမ်းလာခဲ့ကြဖို့ ကျွန်မအနေနဲ့ အလေးထား တိုက်တွန်းပြောကြားလိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
ယနေ့ တရားဝင် အစည်းအဝေးတွင် တွေ့ဆုံပြီး လက်ရှိအစိုးရ၏သက်တမ်းတွင်သာမက နောက်အစိုးရလက်ထက်တွင် ဆက်လက်ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းကြချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုမရပ်စဲနိုင်သေးသည့် အဖွဲ့များ၊ NCA လက်မှတ် မထိုးနိုင်သေးသည့်အဖွဲ့များ၊ ကျန်နေသေးသဖြင့် ယင်းအဖွဲ့များအားလုံးနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံပြီး ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရန်။ NCA တွင် ပါဝင်နိုင်ရန် အစိုးရ၏ NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင်ကကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။
"NCA ထီးရိပ်အောက်မှာ ရောက်ရှိလာဖို့ ကျွန်မတို့ အမြဲတမ်း ဖိတ်ခေါ်ကမ်းလှမ်းနေပါတယ်။ ဒီအဖွဲ့တွေ အနေနဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ စုပေါင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်သလို၊ လိုအပ်ရင် လိုအပ်သလို တစ်ဖွဲ့ချင်းနဲ့ သီးခြားဆွေးနွေးနိုင်ကြဖို့ကိုလည်း ကျွန်မတို့အစိုးရအနေနဲ့ တံခါးဖွင့်ထားပြီး ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့ကို NCA မှာလည်း အတိအလင်း ဖော်ပြထားပြီးဖြစ်ပါတယ်"ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
နှစျပေါငျး (၇၀)ကြောျ ရှညျကွာခဲ့ ပွီဖွစျသညျ့ ပွညျတှငျးလကျနကျကိုငျပဋိပက်ခကနေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းသည်သာလက်တွေ့ကျပြီး ထိရောက်နိုင်မယ်ဆိုတာသင်ခန်းစာရရှိခဲ့ကြပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် မမျှော်လင့်ဘဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေ မြားလာသညျ့ကိစ်စနှငျ့ပတျသကျ၍ လက်နက်ကိုင်ပြီး အားသာချက်ယူခြင်း၊ ဖြေရှင်းချက်အသစ်များကို စိတ်ကူးယဉ်ခြင်းမျိုးဖြင့် နိုင်ငံ၏ပြဿနာများကို ဖြေရှင်း၍မရနိုင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
နှစ်ပေါင်း (၇၀) ကျော် နိုင်ငံ၏ဒဏ်ရာဒဏ်ချက်များ၊ တိုင်းရင်းသားပြည်သူများ၊ အပြစ်မဲ့ကလေးသူငယ်များ၏ ဒုက္ခသံသရာလည်နေမှုများသည်လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးကျိုးကိုမျက်မြင်ကိုယ်တွေ့ သက်သေပြခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
"လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ရမယ်။ ကျေးရွာတွေ ထိခိုက်ရမယ်။ပြည်သူတွေ ဒုက္ခသည်စခန်းတွေမှာဆင်းဆင်းရဲရဲ နေကြရမယ်။ ဒါတွေကမြင်သာတဲ့ ဆိုးကျိုးတွေပါ။ မမြင်သာတဲ့ဆိုးကျိုးတွေက တိုက်ပွဲဖြစ်ပွားရာဒေသ၊ဒေသခံတိုင်းရင်းသားတွေရဲ့ အနာဂတ်တွေ မှေးမှိန်ပျောက်ကွယ်သွားရတာပဲဖြစ်ပါတယ်" ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည်နှစ်ပေါင်း (၇၀) ကျော် မြန်မာ့နိုင်ငံရေးသမိုင်းက သတ်မှတ်ပြဋ္ဌာန်းပေးလိုက်သည့် နိုင်ငံ၏ ထွက်ပေါက်ဖြစ်ကြောင်း၎င်းက ပြောကြားသည်။
ယနေ့ အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List