Wednesday, January 08, 2020

ဝေသာလီခေတ် ရခိုင်အမွေအနှစ် ကြေးဆီမီးခွက် လွှဲပြောင်းပေးအပ်

No photo description available.
အလှူရှင်၏ဆန္ဒအရ ဝေသာလီခေတ်က ရခိုင်အမွေအနှစ် ကြေး ဆီမီးခွက်အား ရခိုင်ပြည်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကို ဇန်နဝါရီ ၇ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ကျင်းပသည်။

"ဒီပစ္စည်းက ရခိုင်ပြည်နယ်မှာ လုံလုံခြုံခြုံနဲ့ ထိန်းထိန်းသိမ်းသိမ်း အဆင့် ရောက်ပြီဆိုရင် ကျွန်တော်တို့က ဒီပစ္စည်းကို လွှဲပြောင်းမှာဖြစ်ပါ တယ်။ ဒီပစ္စည်းကို ယူပြီးတာနဲ့ ဘဏ် (၅)မှာ save box ထားထားပါတယ်။ ရခိုင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်ကအဆင်သင့်ဖြစ်ပြီဆိုရင် ရခိုင်ပြည်နယ်ကို ပို့ပေးမှာဖြစ်ပါတယ်}ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုသည်။
အဆိုပါ ကြေးဆီမီးခွက်သည် သုတေသီတစ်ဦးဖြစ်သည့် ကွယ်လွန်သူ ဦးစံရွှေဘုက တောထဲမှ ရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် မြေးဖြစ်သူ ဒေါ်ခင်အေး ဇံက လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။
"အဘိုးက အသက် (၆၀) ကျော်မှာ ဆုံးသွားတယ်။ အဘွားနဲ့အမေက တောက်လျှောက်ထိန်းသိမ်းလာတာ နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့တယ်။ အမေက အသက် (၁၀၀)ပြည့်သွားပြီ။ အမေက ပြတိုက်မှာလှူချင်တယ်လို့ ပြောလာလို့ လှူခြင်းဖြစ်တယ်"ဟု အလှူရှင် ဒေါ်ခင်အေးဇံက ပြောဆိုသည်။
ကျောက်စာ အထောက်အထားများရှိသော ကြေးဆီမီးခွက်သည် ဝေသာလီခေတ်က ရှင်ဘုရင်များ သုံးစွဲခဲ့သည်ဟု သိရှိရပြီး ယနေ့အချိန်အထိ အစောင့်အရှောက်များရှိနေသည်ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောဆိုသည်။
"ရှေးဟောင်းပစ္စည်းတစ်ခုကို တစ်ဦးတစ်ယောက်တည်း လက်ထဲမှာ ထိန်းသိမ်းထားတာထက် အများပြည်သူကို မြင်တွေ့ရအောင် လာရောက်လှူဒါန်းတဲ့အတွက်အထူးပဲ ဝမ်းသာမိပါတယ်"ဟု ၎င်းက ပြောဆိုသည်။
ရခိုင်အမွေအနှစ်ပစ္စည်းကို ရခိုင်မြေသို့ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ ရခိုင်အမျိုးသားအမွေအနှစ်အဖြစ် စနစ်တကျ ထိန်းသိမ်းထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ ရခိုင်အမျိုးသားအမွေအနှစ်အဖြစ် စနစ်တကျ ထိန်းသိမ်းထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ရခိုင်ပြည်နယ်အစိုးရတို့ အလေးထားစောင့်ရှောက်ခွင့်ရရှိရန် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - အေးမြတ်မွန်(ယုဇန)
(Unicode Version)

No comments:

Post a Comment

My Blog List