Wednesday, January 08, 2020

အမေရိကန်သံအမတ်ကြီးက မြန်မာကို အကျပ်အတည်းတွေကနေ ရုန်းထွက်စေလို

Image may contain: 1 person, eyeglasses and suit, text that says 'RFA'
၂၀၁၇ တပ်မတော် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း အမြောက်အမြားဟာလည်း မြန်မာမှာ စီးပွားရေးမလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ အဲဒီအကျပ်အတည်းတွေကနေ မြန်မာကို ရုန်းထွက်စေလိုကြောင်း အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“ကျနော်တို့က မြန်မာကို ဒီပြဿနာကနေ ရုန်းထွက်စေချင်တယ်။ ဒီလိုပြဿနာတွေနဲ့ ဒုက္ခရောက်နေတာကို ကျနော်တို့ ဘဝင်မကျပါဘူး။”
အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှာ သံအမတ်ကြီး စကော့မာစီရယ်နဲ့ ကျောင်းသားတွေ တွေ့ဆုံပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။ ဖြစ်ပျက်ခဲ့တဲ့ ၂၀၁၇ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ တရားမျှတမှုနဲ့ တာဝန်ခံမှုကိုလည်း မြင်တွေ့လိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါမှလည်း ရှေ့လျှောက် ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်သွားမယ့်လမ်းကြောင်းဟာ ပီပြင်လာမှာဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၉ ဒီဇင်ဘာလတုန်းက နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်လျှောက်လဲခဲ့ရာမှာ “တပ်မတော်သားတချို့ဟာ တချို့ကိစ္စတွေမှာ အင်အားအလွန်အကျွံမ သုံးစွဲဘူးလို့ ငြင်းဆိုဖို့ ခက်ကြောင်း၊ အရပ်သားနဲ့ အာဆာတိုက်ခိုက်ရေးသမားတွေ၊ နိုင်ငံတကာဥပဒေတွေကို ကွဲကွဲပြားပြားမသိရှိကြောင်း၊ ဒါ့အပြင် အရပ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ရွာတွေ၊ အရပ်သားပိုင်ဆိုင်မှုတွေကို လုယူတာတွေ၊ ဖျက်ဆီးတာတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တာတွေလည်း ရှိနိုင်ပါတယ်” လို့ပြောဆိုခဲ့ ကြောင်း အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန တွေ့ဆုံပွဲမှာ ပြန်ပြောခဲ့ပါတယ်။
လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ နောက်ဆုံးအစီရင်ခံစာဟာ သိပ်မကြာခင်မှာ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပြီးတော့၊ အဲဒီအထဲမှာ ဘာတွေပါမလဲဆိုတာ မသိနိုင်ပေမယ့် အမေရိကန်အနေနဲ့ အဲဒီကော်မရှင်ရဲ့ အစီရင်ခံစာမှာ အချက်အလက်အသစ်တွေ ပါဝင်ဖို့ မျှော်လင့်ကြောင်းလည်း သံအမတ်ကြီး စကော့မာစီရယ် ကပြောပါတယ်။
နိုင်ငံတကာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ဝန်ခံထွက်ဆိုခဲ့သလိုမျိုး မြန်မာနိုင်ငံအစိုးရအနေနဲ့ ၂၀၁၇ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အသိအမှတ်ပြု ဝန်ခံပြီးတော့နဲ့ တရားမျှတမှုကို တကယ်ဆောင်ကျဉ်းပေးဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ တပ်မတော်ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံကြရပါတယ်။ အဲဒီပြစ်မှုတွေအတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
အမေရိကန်ဟာ ရခိုင်ပြည်နယ်ကိစ္စရပ်အပြင်၊ တခြားကဏ္ဍအသီးသီးတွေမှာလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ အရာရှိတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာတွေရှိကြောင်း၊ အဲဒီလို တိုးမြှင့်ဆောင်ရွက်ချက်တွေထဲက တစ်ခုဖြစ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံခေါင်းဆောင်တွေကို အမေရိကန်မှာ ကျင်းပမယ့် လာမယ့် ၂၀၂၀ အာဆီယံ- အမေရိကန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားတာလည်း ပါဝင်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
အမေရိကန်က မြန်မာကို ဆက်လက်ထောက်ပံ့တဲ့အနေနဲ့ ဒီနှစ်မှာလည်း မြန်မာကို ထောက်ပံ့မယ့်ငွေတွေကို တိုးမြှင့်ချထားပေးတာကို ဘဏ္ဍာရေးဝန်ကြီးက အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်းနဲ့ အရှေ့တောင်အာရှ အာဆီယံနိုင်ငံထဲမှာ မြန်မာနိုင်ငံက အများဆုံးရရှိထားတာဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
RFA
Unicode
အမေရိကန်သံအမတ်ကြီးက မြန်မာကို အကျပ်အတည်းတွေကနေ ရုန်းထွက်စေလို
~~~~~~~~~~

- Zawgyi

No comments:

Post a Comment

My Blog List