Friday, January 10, 2020

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး


Image may contain: 1 person, crowd and indoor
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မော်တော်ယာဉ်အရောင်းပြခန်းမြား၊ မောျတောျယာဉျအရောငျးစငျတာမြား၊ ဘဏ်လုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ရာထူးအဆင့်သတ်မှတ်၍ မော်တော်ယာဉ်များ အရစ်ကျရောင်းချရေး အစီအစဉ်နှင့်ပတ်သက်၍ ဝယ်ယူခွင့်ပြုမည့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ရာထူးနှင့် လုပ်သက်သတ်မှတ်ရေးကိစ္စ၊ ချေးငွေကိစ္စ၊ အခွန်သက်သာခွင့် ကိစ္စများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ညွန်ကြားရေးမှူးချုပ် ဦးမင်းမင်းက နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်များ ထုတ်ပေးနေရမှု၊ စက်သုံးဆီစရိတ်နှင့် မော်တော်ယာဉ်ပြင်ဆင်စရိတ်များ ထုတ်ပေးနေရမှုကြောင့် ပြည်သူ့ဘဏ္ဍာငွေများ ကုန်ကျနေမှုကို သက်သာစေရန်၊ အချိန်ကာလကြာမြင့်စွာ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်လိုသည့် ရည်ရွယ်ချက်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မော်တော်ယာဉ် အရောင်းပြခန်းများ၊ မော်တော်ယာဉ် အရောင်းစင်တာများ၊ ဘဏ်လုပ်ငန်းများအကြား လိုအပ်သည့် အချက်အလက်များစုစည်းရန် ရည်ရွယ်ချက်များဖြင့် ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း။

မော်တော်ယာဉ် အရစ်ကျဝယ်ယူခွင့်ရရှိမည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းလုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မော်တော်ယာဉ်များအား အရစ်ကျဝယ်ယူခွင့်ရရှိသည့် နိုင်ငံ့ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနက ထောက်ခံပေးရမည်ဖြစ်ကြောင်း၊ ရာထူးအဆင့်ကိုလိုက်၍ ဈေးနှုန်းနှင့် မော်တော်ယာဉ်အမျိုးအစားကို သတ်မှတ်ထားပါကြောင်း။

အခွန်နှင့်ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခွန်သက်သာခွင့်ကို မော်တော်ယာဉ်အရစ်ကျ ဝယ်ယူခွင့်ရရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တိုက်ရိုက်လျောက်ထားရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် မော်တော်ယာဉ်အရောင်းပြခန်းမြား၊ မောျတောျယာဉျအရောငျးစငျတာမြား၊ ဘဏ်လုပ်ငန်းများမှ လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များက နိုင်ငံတော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ပေးရန်ကိစ္စ၊ လိုအပ်ချက်နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ညွန်ကြားရေးမှူးချုပ် ဦးမင်းမင်းက မော်တော်ယာဉ်အရောင်းပြခန်းမြား၊ မောျတောျယာဉျအရောငျးစငျတာမြား၊ ဘဏ်လုပ်ငန်းများမှ လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြီး ယခုဆွေးနွေးပွဲသည် လုပ်ငန်းစတင်နိုင်ရန်အတွက် အချက်အလက်စုစည်းရန် လုပ်ငန်းနှင့်ဆက်စပ်နေသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ရရှိလာသည့် အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ပေးပို့၍ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ရှင်းလင်းဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။

Myanmar Digital News

No comments:

Post a Comment

My Blog List