Thursday, January 09, 2020

ဝူဟန်နမိုးနီးယားရောဂါကြောင့် မန္တလေးလေဆိပ်တွင် ကျန်းမာရေးစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်


Image may contain: cloud, sky, tree, outdoor and nature
တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဝူဟန်နမိုးနီးယားရောဂါ မြန်မာနိုင်ငံကို ဝင်ရောက်မှု မရှိစေဖို့ မန္တလေး လေဆိပ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် ကပြောပါတယ်။ သံသယလူနာတွေအတွက်လည်း အသင့်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဓါတ်ခွဲအတည်ပြုနိုင်ခြင်းမရှိသေးတဲ့ အဲဒီဗိုင်းရပ်နမိုးနီးယားတစ်မျိုးနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ကြိုတင်ပြင်ဆင်မှုတွေ နဲ့ စောင့်ကြပ်ကြည့်ရှုမှုတွေလုပ်ဆောင်ဖို့ ဇန်နဝါရီ ၅ ရက်က အကြောင်းကြားစာပို့ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့နဲ့ ဝူဟန်မြို့ဟာ တိုက်ရိုက်လေကြောင်းလိုင်းရှိနေသလို တရုတ်ပြည်နဲ့ပြေးဆွဲနေတဲ့ အခြား လေကြောင်းလိုင်းတွေကလည်း ၁၀ ခုလောက်ရှိနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ နမိုးနီးယားရောဂါဟာ လူပေါင်း(၄၄)ယောက် ကူးစက်ခံထားရပြီး (၁၁)ယောက်က အခြေအနေဆိုးရွာနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်း - ဏေဏီ

No comments:

Post a Comment

My Blog List