Friday, January 10, 2020

နိုင်ငံတော်အဆင့် ချီးမြှောက်ခံရသည့် တောကျောင်းကဆရာ


Image may contain: 2 people, people smiling, people standing, text that says 'စာအုပ်စာပေ လူ့မိတ်ဆွေ'
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ မွေးဖွားခဲ့သည့် ရခိုင်လူမျိုးတယောက်။ သူ့ဘဝတွင် ကျောင်းဆရာ တယောက် ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့။ မိဘများက သာမန်တောင်သူလယ်သမားတွေမို့ လယ်ယာလုပ်ငန်းခွင်၌သာ သူ့ဘဝကို ထာဝရမြှုပ်နှံရတော့မည်ဟု ထင်ခဲ့ဖူးသည်။ ဒါကြောင့်ပင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွ် ၁ဝ တန်းစာမေးပွဲ ဖြေပြီးသည့် နောက်ဇာတိဖြစ်သည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာသို့ သူပြန်သွားခဲ့သည်။ သူ့စိတ်ကူးထားတာက ၁ဝ တန်းအောင်လျှင် အဝေးသင်တက်ပြီး မိဘအလုပ်ကို ကူညီမည်။ သို့သော် ကံဇာတ်ဆရာက သူ့ကိုကျောင်းဆရာဖြစ်စေခဲ့သည်။ ဆရာကောင်းများ၏ကျေးဇူးကြောင့် ဆရာဦးရန်နိုင်ဦး တယောက် ကျောင်းဆရာဘဝကို ရောက်ခဲ့ရခြင်းဖြစ်သည်။
''၁ဝ တန်းဖြေပြီးတော့ ကျွန်တော် ရွာပြန်သွားတယ်။ ရွာမှာနေရင်းနဲ့ အောင်စာရင်းကိုစောင့်မယ်။ အောင်ရင် အဝေးသင်တက်မယ်ပေါ့။ ဒါပေမဲ့ ၁ဝ တန်းသင်ခဲ့တဲ့ ဆရာနဲ့ ဆရာမနဲ့က ဖောင်ဖြည့်တဲ့အခါ ပညာရေးကောလိပ်ကို ဦးစားပေးပြီးလျှောက်လိုက်တယ်။ ကျွန်တော် ရန်ကုန်ပြန်လာတဲ့အချိန်မှာ မင်းနဲ့ ကျောင်းဆရာအလုပ်ပဲလိုက်တယ်ဆိုပြီးတော့ ပညာရေးကောလိပ်ကို ဦးစားပေးလျှောက်လိုက်ပြီဆိုပြီး ပြောတယ်။ အဲဒါနဲ့ ပညာရေးကောလိပ်တက်ဖြစ်သွားပြီး ကျောင်းဆရာဖြစ်လာတာ''ဟု ဆရာဦးရန်နိုင်ဦးက ပြောသည်။

ရန်ကင်းပညာရေးကောလိပ်၌ ၂ နှစ်တက်ခဲ့ပြီးနောက် ၂ဝဝရ ခုနှစ်တွင် မှော်ဘီမြို့နယ် ဘိုတဲကုန်းကျေးရွာရှိ မူလတန်းကျောင်းတွင် မူလတန်းပြဆရာအဖြစ် သူ၏ကျောင်းဆရာဘဝကို စတင်ခဲ့သည်။

ဘိုတဲကုန်းတွင် သုံးနှစ်တာဝန်ထမ်းဆောင်ပြီးနောက် ညောင်အင်းကုန်းကျေးရွာသို့ ပြောင်းရသည်။ ထို့နောက် အမက ညောင်အင်းကုန်းတွင် ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုစဉ်က မူလွန်ကျောင်းဖြစ်ပြီး လက်ရှိအချိန်တွင် လ(ခွဲ)ကျောင်းဖြစ်နေသည့် မှော်ဘီမြို့နယ် ကုလားကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်ကြီးအဖြစ် ဆရာဦးရန်နိုင်ဦးတယောက် တာဝန်ထမ်းဆောင်နေခဲ့သည်မှာ လက်ရှိအချိန်အထိပင် ဖြစ်သည်။

ဆရာရန်နိုင်ဦးကို လူမှုကွန်ရက် Facebook တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့သည့် ကျောင်းဆရာလေးအဖြစ် လူသိများသည်။

သူ့လို တောကျောင်းက ကျောင်းဆရာတယောက်ကို နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တယောက် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိ မြန်မာခေါင်းဆောင်တယောက် လာရောက်အားပေးလိမ့်မယ်လို့ ဘယ်တုံးကမှ အိပ်မက်တောင် မမက်ဖူးခဲ့။ သို့သော် သူတာဝန်ထမ်းဆောင်းရာကျောင်းသို့ ဒေါ်အောင်ဆန်း စုကြည် အမှန်တကယ်ရောက်လာခဲ့သည်။

''အမေစုက နေပြည်တော်မှာလုပ်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ပွဲတခုမှာ ကျောင်းဆရာတွေရှားနေတဲ့ အတွက် ပညာတတ်ယောကျ်ားလေးတွေ ကျောင်းဆရာလုပ်ကြဖို့နဲ့ ဆရာအလုပ်က ဘယ်လောက်အထိ မွန်မြတ်တဲ့အလုပ်ဖြစ်ကြောင်း ထည့်ပြောသွားတာ။ အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းက မူလွန်ကျောင်း အုပ်တွေကိုယ်စား ကျွန်တော်တက်ခွင့်ရခဲ့တယ်။ အဲဒီမှာတင် ဘယ်လောက်ပဲပဲအခက်အခဲရှိရှိ ကျောင်းဆရာ ဘဝကို မစွန့်လွှတ်ဘူးဆိုတဲ့ အတွေးဝင်သွားတယ်။ အဲဒီအကြောင်းကို ကျွန်တော်တို့ရွာမှာ စာပေဟောပြော ပွဲလာဟောတဲ့ ဆရာမဒေါ်သန်းမြင့်အောင်ကို ရင်ဖွင့်လိုက်မိတာ''ဟု ၎င်းက ပြောသည်။

ပညာရေးလောက၌ ဆရာမမြား မြားပွားနပွေီး ဆရာရှားပါးနခြေိနျတှငျ ဆရာဦးရနျနိုငျဦးလို ငယျရှယျ ပွီးထကျမွကျသညျ့ ကြောငျးဆရာတယောကျသညျ နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလ်၏ မိန့်ခွန်းတခုကို နား ထောင်ပြီးနောက် အလုပ်ထွက်မည့်အစီအစဉ်ကို စွန့်လွှတ်လိုက်ကြောင်း စာရေးဆရာမသန်းမြင့်အောင်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ပြုလုပ်သည့် စာရေးဆရာများနှင့်တွေ့ဆုံ ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစကားပါးလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျောင်းဆရာလေးတာဝန်ကျရာကျောင်း၏လိပ်စာကို တောင်းယူထားခဲ့ပြီး ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ကိုယ်တိုင်ရောက်အောင်သွားခဲ့ခြင်းဖြစ်သည်။

''ပြန်တွေးလိုက်ရင် အိပ်မက်လိုပါပဲ။ ခွန်အား တွေ အများကြီးရလိုက်တယ်။ အခုလာမယ့် ဇန်နဝါရီ ၂၅ ရက်ဆိုရင် အမေစုလာတာ တနှစ်ပြည့်ပြီ။ ဒါပေမဲ့ စိတ်ထဲမှာ မနေ့တနေ့ကလိုပဲ။ ကျောင်းကို သေသေ ချာချာ လိုက်ကြည့်တယ်။ ကလေးတွေနဲ့စကားပြောတယ်။ နားထောင်တယ်။ ဟန်ပြလာတာမဟုတ်မှန်း အရမ်းသိသာပါတယ်။ ပညာရေးလောကကို တိုးတက်ပြောင်းလဲချင်တဲ့စိတ်အမေစုမှာ အမှန်တကယ် ရှိနေမှန်း လက်တွေ့သိလိုက်ရတယ်''ဟု ဆရာဦးရန်နိုင်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်လာရောက်စဉ်က ကုလားကုန်းကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် သင်ကြားရေးဝန်ထမ်း ၁၇ ဦးရှိပြီး ဆရာဦးရန်ဦးတယောက်မှလွဲ၍ အားလုံးမှာဆရာမ များသာဖြစ်ကြသည်။ ယခုတနှစ်ခန့်ကြာပြီးနောက် တွင် သင်ကြားရေးဝန်ထမ်း ၁၃ ဦးသာရှိတော့ပြီး ကျောင်းဆရာကတော့ မပြောင်းမလဲဆရာရန်နိုင်ဦး တဦးတည်း။

''အခုထိ ကျောင်းမှာဆရာဆိုလို့ ကျွန်တော်တယောက်ပဲရှိတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ ပညာရေးကောလိပ်ကို ယောကျ်ားလေးတွေလည်းတက်တာ များလာတော့ သိပ်မကြာခင် ကျောင်းဆရာရှားနေတဲ့ ပြဿနာ ပြေလည်သွားလိမ့်လို့ မျှော်လင့်ပါတယ်''ဟု ၎င်းက ပြောသည်။

ကုလားကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် ဆရာဦးရန်နိုင်ဦးနှင့် ဆရာ ဆရာမများ၊ မိဘဆရာအသင်းနှင့် ကျောင်းသူကျောင်းသားများ၏ စုပေါင်းအင်အားကြောင့် ၂ဝ၁၈ ခုနှစ်တွင် မြို့နယ်အဆင့် (မူလတန်း)ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြည်ရေး(ပထမဆု)နှင့် ၂ဝ၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မူလတန်းအဆင့် ကျောင်းကျန်းမာရေးစံပြအဆင့်မြင့်ကျောင်း (ဒုတိယ)ဆုကို ရရှိခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ချိန်တွင် ကျောင်းမှ မိဘဆရာအသင်းတာဝန်ရှိသူများက စာသင်ဆောင်လိုအပ်နေမှုအခြေအနေကို တင်ပြနိုင်ခဲ့ကြသည်။ ထို့နောက် လပိုင်းအတွင်း ကျောင်းဆောင် သစ်တဆောင်ဆောက်လုပ်ခွင့်ရရှိခဲ့ကာ လက်ရှိအချိန်တွင် ကျောင်းဆောင်သစ်တည်ဆောက်ရန်အတွက် ဘတ်ဂျက်ကျပြီးဖြစ်သောကြောင့် မကြာမီတည်ဆောက်တော့မည်ဟု ၎င်းက ပြောသည်။

အလျား ၁၃ဝ၊ အနံ ၄ဝ ရှိ နှစ်ထပ်စာသင်ဆောင်ကို ၂ဝ၂ဝ ပြည့်နှစ် ဇွန်လကျောင်းဖွင့်ချိန် မရောက်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ကျောင်းသားအင်အား များပြားလာသည့်အတွက် လိုအပ်ချက်အရ တည်ဆောက်ရခြင်းဖြစ်ကြောင်း ဆရာဦးရန်နိုင်ဦးကပြောသည်။ လက်ရှိအချိန်၌ ကုလားကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၆၆ ဦး ပညာသင်ကြားနေ သည်။

စစ်အစိုးရခေတ်နှင့် သမ္မတဦးသိန်းစိန်အစိုးရခေတ်ကို ဖြတ်သန်းခဲ့သည့် ပညာရေးဝန်ထမ်းတဦးအနေဖြင့် NLD အစိုးရလက်ထက်တွင် ပညာရေး ကဏ္ဍ၌ တိုးတက်မှုများရှိလာနေသည်ဟု ဆရာဦးရန် နိုင်ဦးက သုံးသပ်သည်။
''ပညာရေးကဏ္ဍကတော့ NLD အစိုးရလက်ထက်မှာ တိုးတက်လာပါတယ်။ သင်ရိုးတွေကအစ အရင်နဲ့မတူ တော့ပါဘူး။ ဆရာ၊ ဆရာမတွေကို မွမ်းမံသင်တန်းတွေပေးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာကြပါတယ်။ ကျွန်တော့်ကျောင်းက ဆရာမတွေကိုယ်တိုင် ယုံကြည်မှုပိုရှိလာနေတာကို တွေ့နေပါတယ်''ဟု ၎င်းက ပြောသည်။

သို့သော် ပညာရေးကဏ္ဍ၌ ပြောင်းလဲသင့်သည့်ကိစ္စရပ်များရှိနေသေးပြီး အောက်ခြေဝန်ထမ်းများ၏ဘဝကို စာနာနားလည်ဖို့လိုကြောင်း ၎င်းက ထောက်ပြသည်။

''အမှန်ဆို၊ ဒီလောကအကြောင်းကိုသိချင်ရင် လောကသားတွေရဲ့ အောက်ခြေအနေအထားကိုသိဖို့ အများကြီးလိုအပ်ပါတယ်။ ပညာရေးစနစ် တိုးတက်အောင်မြင်ဖို့ဆိုရင် Top to bottom ထက် bottom to top က ပိုအဆင်ပြေမှာပါ။ မြေပြင်အခြေအနေကိုသိရှိပြီး ဆောင်ရွက်ဖြည့်ဆည်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အောက်ခြေမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဂဃနဏသိနိုင်ပါမှ ပိုမိုတိုးတက် အောင်မြင်မှာပါ''ဟု ဆရာဦးရန်နိုင်ဦး၏ အခြေခံပညာရေးလောက၏ပြုပြင်စရာများကို ဖေန်ထောက်ပြသည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သော ဆရာဦးရန်နိုင်ဦးသည် လူပျိုတဦးဖြစ်ပြီး ပညာရေးကောလိပ်မှ ဒီပလိုမာ ရရှိခဲ့ပြီးနောက် အဝေးသင်တက်ကာ မြန်မာစာအဓိကဖြင့် ဘွဲ့ရခဲ့သည်။ လက်ရှိအချိန်တွင် ပညာရေး တက္ကသိုလ်မှ ပညာရေးဘွဲ့ (B.Ed) ရရှိအောင် ကြိုးစားနေသည်။

''ကျွန်တော်အခု B.Ed ကို စာပေးစာယူနဲ့ ဖြေ နေပါတယ်။ B.Ed ရပြီးရင် အထက်တန်းပြ ၃ နှစ်လုပ်မယ်။ ပြီးတာနဲ့ အလယ်တန်းကျောင်းအုပ်လျှောက်မယ်''ဟု ၎င်းက ဆိုသည်။

ဆရာဦးရန်နိုင်ဦးတွင် တိကျခိုင်မာသည့် ရည်မှန်းချက်တခုလည်း ရှိနေသည်။

''လောလောဆယ် ကိုယ့်ကိုယ်ကိုယ် ပညာပြည့်ဝအောင် ကြိုးစားနေပါတယ်။ တာဝန်ကြီးကြီး ထမ်းဆောင်ခွင့်ရတဲ့အချိန်ကျရင် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပြီးတော့ တာဝန်ထမ်းဆောင် ချင်ပါတယ်''ဟု ၎င်းက ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် နိမ့်ကျခဲ့သည့် မြန်မာ့ပညာရေးလောကအတွက် ဆရာရန်နိုင်ဦးကဲ့သို့ ဆရာများမြောက်မြားစွာ လိုအပ်ပါသည်။ ထို့ပြင် မူဝါဒချမှတ်သူများနှင့် အကောင်အထည်ဖော်မည့်သူများ သဟဇာတဖြစ်မှသာ မြန်မာ့ပညာရေးလောကခေါင်းမော့လာနိုင်မည်ဟု ယုံကြည်မိပါသည်။

နန္ဒမျိုးဆောင်

နိုင်ငံတော်အဆင့် ချီးမြှောက်ခံရသည့် တောကျောင်းကဆရာ
------ ------ ------ ----- -----

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ မွေးဖွားခဲ့သည့် ရခိုင်လူမျိုးတယောက်။ သူ့ဘဝတွင် ကျောင်းဆရာ တယောက် ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့။ မိဘများက သာမန်တောင်သူလယ်သမားတွေမို့ လယ်ယာလုပ်ငန်းခွင်၌သာ သူ့ဘဝကို ထာဝရမြှုပ်နှံရတော့မည်ဟု ထင်ခဲ့ဖူးသည်။ ဒါကြောင့်ပင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၁ဝ တန်းစာမေးပွဲ ဖြေပြီးသည့် နောက်ဇာတိဖြစ်သည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာသို့ သူပြန်သွားခဲ့သည်။ သူ့စိတ်ကူးထားတာက ၁ဝ တန်းအောင်လျှင် အဝေးသင်တက်ပြီး မိဘအလုပ်ကို ကူညီမည်။ သို့သော် ကံဇာတ်ဆရာက သူ့ကိုကျောင်းဆရာဖြစ်စေခဲ့သည်။ ဆရာကောင်းများ၏ကျေးဇူးကြောင့် ဆရာဦးရန်နိုင်ဦး တယောက် ကျောင်းဆရာဘဝကို ရောက်ခဲ့ရခြင်းဖြစ်သည်။

''၁ဝ တန်းဖြေပြီးတော့ ကျွန်တော် ရွာပြန်သွားတယ်။ ရွာမှာနေရင်းနဲ့ အောင်စာရင်းကိုစောင့်မယ်။ အောင်ရင် အဝေးသင်တက်မယ်ပေါ့။ ဒါပေမဲ့ ၁ဝ တန်းသင်ခဲ့တဲ့ ဆရာနဲ့ ဆရာမနဲ့က ဖောင်ဖြည့်တဲ့အခါ ပညာရေးကောလိပ်ကို ဦးစားပေးပြီးလျှောက်လိုက်တယ်။ ကျွန်တော် ရန်ကုန်ပြန်လာတဲ့အချိန်မှာ မင်းနဲ့ ကျောင်းဆရာအလုပ်ပဲလိုက်တယ်ဆိုပြီးတော့ ပညာရေးကောလိပ်ကို ဦးစားပေးလျှောက်လိုက်ပြီဆိုပြီး ပြောတယ်။ အဲဒါနဲ့ ပညာရေးကောလိပ်တက်ဖြစ်သွားပြီး ကျောင်းဆရာဖြစ်လာတာ''ဟု ဆရာဦးရန်နိုင်ဦးက ပြောသည်။

ရန်ကင်းပညာရေးကောလိပ်၌ ၂ နှစ်တက်ခဲ့ပြီးနောက် ၂ဝဝ၇ ခုနှစ်တွင် မှော်ဘီမြို့နယ် ဘိုတဲကုန်းကျေးရွာရှိ မူလတန်းကျောင်းတွင် မူလတန်းပြဆရာအဖြစ် သူ၏ကျောင်းဆရာဘဝကို စတင်ခဲ့သည်။

ဘိုတဲကုန်းတွင် သုံးနှစ်တာဝန်ထမ်းဆောင်ပြီးနောက် ညောင်အင်းကုန်းကျေးရွာသို့ ပြောင်းရသည်။ ထို့နောက် အမက ညောင်အင်းကုန်းတွင် ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုစဉ်က မူလွန်ကျောင်းဖြစ်ပြီး လက်ရှိအချိန်တွင် လ(ခွဲ)ကျောင်းဖြစ်နေသည့် မှော်ဘီမြို့နယ် ကုလားကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်ကြီးအဖြစ် ဆရာဦးရန်နိုင်ဦးတယောက် တာဝန်ထမ်းဆောင်နေခဲ့သည်မှာ လက်ရှိအချိန်အထိပင် ဖြစ်သည်။

ဆရာရန်နိုင်ဦးကို လူမှုကွန်ရက် Facebook တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့သည့် ကျောင်းဆရာလေးအဖြစ် လူသိများသည်။

သူ့လို တောကျောင်းက ကျောင်းဆရာတယောက်ကို နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တေယာက် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိ မြန်မာခေါင်းဆောင်တယောက် လာရောက်အားပေးလိမ့်မယ်လို့ ဘယ်တုံးကမှ အိပ်မက်တောင် မမက်ဖူးခဲ့။ သို့သော် သူတာဝန်ထမ်းဆောင်းရာကျောင်းသို့ ဒေါ်အောင်ဆန်း စုကြည် အမှန်တကယ်ရောက်လာခဲ့သည်။

''အမေစုက နေပြည်တော်မှာလုပ်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ပွဲတခုမှာ ကျောင်းဆရာတွေရှားနေတဲ့ အတွက် ပညာတတ်ယောကျ်ားလေးတွေ ကျောင်းဆရာလုပ်ကြဖို့နဲ့ ဆရာအလုပ်က ဘယ်လောက်အထိ မွန်မြတ်တဲ့အလုပ်ဖြစ်ကြောင်း ထည့်ပြောသွားတာ။ အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းက မူလွန်ကျောင်း အုပ်တွေကိုယ်စား ကျွန်တော်တက်ခွင့်ရခဲ့တယ်။ အဲဒီမှာတင် ဘယ်လောက်ပဲပဲအခက်အခဲရှိရှိ ကျောင်းဆရာ ဘဝကို မစွန့်လွှတ်ဘူးဆိုတဲ့ အတွေးဝင်သွားတယ်။ အဲဒီအကြောင်းကို ကျွန်တော်တို့ရွာမှာ စာပေဟောပြော ပွဲလာဟောတဲ့ ဆရာမဒေါ်သန်းမြင့်အောင်ကို ရင်ဖွင့်လိုက်မိတာ''ဟု ၎င်းက ပြောသည်။

ပညာရေးလောက၌ ဆရာမများ များပြားနေပြီး ဆရာရှားပါးနေချိန်တွင် ဆရာဦးရန်နိုင်ဦးလို ငယ်ရွယ် ပြီးထက်မြက်သည့် ကျောင်းဆရာတယောက်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းတခုကို နား ထောင်ပြီးနောက် အလုပ်ထွက်မည့်အစီအစဉ်ကို စွန့်လွှတ်လိုက်ကြောင်း စာရေးဆရာမသန်းမြင့်အောင်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ပြုလုပ်သည့် စာရေးဆရာများနှင့်တွေ့ဆုံ ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစကားပါးလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျောင်းဆရာလေးတာဝန်ကျရာကျောင်း၏လိပ်စာကို တောင်းယူထားခဲ့ပြီး ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ကိုယ်တိုင်ရောက်အောင်သွားခဲ့ခြင်းဖြစ်သည်။

''ပြန်တွေးလိုက်ရင် အိပ်မက်လိုပါပဲ။ ခွန်အား တွေ အများကြီးရလိုက်တယ်။ အခုလာမယ့် ဇန်နဝါရီ ၂၅ ရက်ဆိုရင် အမေစုလာတာ တနှစ်ပြည့်ပြီ။ ဒါပေမဲ့ စိတ်ထဲမှာ မနေ့တနေ့ကလိုပဲ။ ကျောင်းကို သေသေ ချာချာ လိုက်ကြည့်တယ်။ ကလေးတွေနဲ့စကားပြောတယ်။ နားထောင်တယ်။ ဟန်ပြလာတာမဟုတ်မှန်း အရမ်းသိသာပါတယ်။ ပညာရေးလောကကို တိုးတက်ပြောင်းလဲချင်တဲ့စိတ်အမေစုမှာ အမှန်တကယ် ရှိနေမှန်း လက်တွေ့သိလိုက်ရတယ်''ဟု ဆရာဦးရန်နိုင်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်လာရောက်စဉ်က ကုလားကုန်းကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် သင်ကြားရေးဝန်ထမ်း ၁၇ ဦးရှိပြီး ဆရာဦးရန်ဦးတယောက်မှလွဲ၍ အားလုံးမှာဆရာမ များသာဖြစ်ကြသည်။ ယခုတနှစ်ခန့်ကြာပြီးနောက် တွင် သင်ကြားရေးဝန်ထမ်း ၁၃ ဦးသာရှိတော့ပြီး ကျောင်းဆရာကတော့ မပြောင်းမလဲဆရာရန်နိုင်ဦး တဦးတည်း။

''အခုထိ ကျောင်းမှာဆရာဆိုလို့ ကျွန်တော်တယောက်ပဲရှိတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ ပညာရေးကောလိပ်ကို ယောကျ်ားလေးတွေလည်းတက်တာ များလာတော့ သိပ်မကြာခင် ကျောင်းဆရာရှားနေတဲ့ ပြဿနာ ပြေလည်သွားလိမ့်လို့ မျှော်လင့်ပါတယ်''ဟု ၎င်းက ပြောသည်။

ကုလားကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် ဆရာဦးရန်နိုင်ဦးနှင့် ဆရာ ဆရာမများ၊ မိဘဆရာအသင်းနှင့် ကျောင်းသူကျောင်းသားများ၏ စုပေါင်းအင်အားကြောင့် ၂ဝ၁၈ ခုနှစ်တွင် မြို့နယ်အဆင့် (မူလတန်း)ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြည်ရေး(ပထမဆု)နှင့် ၂ဝ၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မူလတန်းအဆင့် ကျောင်းကျန်းမာရေးစံပြအဆင့်မြင့်ကျောင်း (ဒုတိယ)ဆုကို ရရှိခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ချိန်တွင် ကျောင်းမှ မိဘဆရာအသင်းတာဝန်ရှိသူများက စာသင်ဆောင်လိုအပ်နေမှုအခြေအေနကို တင်ပြနိုင်ခဲ့ကြသည်။ ထို့နောက် လပိုင်းအတွင်း ကျောင်းဆောင် သစ်တဆောင်ဆောက်လုပ်ခွင့်ရရှိခဲ့ကာ လက်ရှိအချိန်တွင် ကျောင်းဆောင်သစ်တည်ဆောက်ရန်အတွက် ဘတ်ဂျက်ကျပြီးဖြစ်သောကြောင့် မကြာမီတည်ဆောက်တော့မည်ဟု ၎င်းက ပြောသည်။

အလျား ၁၃ဝ၊ အနံ ၄ဝ ရှိ နှစ်ထပ်စာသင်ဆောင်ကို ၂ဝ၂ဝ ပြည့်နှစ် ဇွန်လကျောင်းဖွင့်ချိန် မရောက်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ကျောင်းသားအင်အား များပြားလာသည့်အတွက် လိုအပ်ချက်အရ တည်ဆောက်ရခြင်းဖြစ်ကြောင်း ဆရာဦးရန်နိုင်ဦးကပြောသည်။ လက်ရှိအချိန်၌ ကုလားကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၆၆ ဦး ပညာသင်ကြားနေ သည်။

စစ်အစိုးရခေတ်နှင့် သမ္မတဦးသိန်းစိန်အစိုးရခေတ်ကို ဖြတ်သန်းခဲ့သည့် ပညာရေးဝန်ထမ်းတဦးအနေဖြင့် NLD အစိုးရလက်ထက်တွင် ပညာရေး ကဏ္ဍ၌ တိုးတက်မှုများရှိလာနေသည်ဟု ဆရာဦးရန် နိုင်ဦးက သုံးသပ်သည်။
''ပညာရေးကဏ္ဍကတော့ NLD အစိုးရလက်ထက်မှာ တိုးတက်လာပါတယ်။ သင်ရိုးတွေကအစ အရင်နဲ့မတူ တော့ပါဘူး။ ဆရာ၊ ဆရာမတွေကို မွမ်းမံသင်တန်းတွေပေးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာကြပါတယ်။ ကျွန်တော့်ကျောင်းက ဆရာမတွေကိုယ်တိုင် ယုံကြည်မှုပိုရှိလာနေတာကို တွေ့နေပါတယ်''ဟု ၎င်းက ပြောသည်။

သို့သော် ပညာရေးကဏ္ဍ၌ ပြောင်းလဲသင့်သည့်ကိစ္စရပ်များရှိနေသေးပြီး အောက်ခြေဝန်ထမ်းများ၏ဘဝကို စာနာနားလည်ဖို့လိုကြောင်း ၎င်းက ထောက်ပြသည်။

''အမှန်ဆို၊ ဒီလောကအကြောင်းကိုသိချင်ရင် လောကသားတွေရဲ့ အောက်ခြေအနေအထားကိုသိဖို့ အများကြီးလိုအပ်ပါတယ်။ ပညာရေးစနစ် တိုးတက်အောင်မြင်ဖို့ဆိုရင် Top to bottom ထက် bottom to top က ပိုအဆင်ပြေမှာပါ။ မြေပြင်အခြေအနေကိုသိရှိပြီး ဆောင်ရွက်ဖြည့်ဆည်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အောက်ခြေမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဂဃနဏသိနိုင်ပါမှ ပိုမိုတိုးတက် အောင်မြင်မှာပါ''ဟု ဆရာဦးရန်နိုင်ဦး၏ အခြေခံပညာရေးလောက၏ပြုပြင်စရာများကို ဖေန်ထောက်ပြသည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သော ဆရာဦးရန်နိုင်ဦးသည် လူပျိုတဦးဖြစ်ပြီး ပညာရေးကောလိပ်မှ ဒီပလိုမာ ရရှိခဲ့ပြီးနောက် အဝေးသင်တက်ကာ မြန်မာစာအဓိကဖြင့် ဘွဲ့ရခဲ့သည်။ လက်ရှိအချိန်တွင် ပညာရေး တက္ကသိုလ်မှ ပညာရေးဘွဲ့ (B.Ed) ရရှိအောင် ကြိုးစားနေသည်။

''ကျွန်တော်အခု B.Ed ကို စာပေးစာယူနဲ့ ဖြေ နေပါတယ်။ B.Ed ရပြီးရင် အထက်တန်းပြ ၃ နှစ်လုပ်မယ်။ ပြီးတာနဲ့ အလယ်တန်းကျောင်းအုပ်လျှောက်မယ်''ဟု ၎င်းက ဆိုသည်။

ဆရာဦးရန်နိုင်ဦးတွင် တိကျခိုင်မာသည့် ရည်မှန်းချက်တခုလည်း ရှိနေသည်။

''လောလောဆယ် ကိုယ့်ကိုယ်ကိုယ် ပညာပြည့်ဝအောင် ကြိုးစားနေပါတယ်။ တာဝန်ကြီးကြီး ထမ်းဆောင်ခွင့်ရတဲ့အချိန်ကျရင် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပြီးတော့ တာဝန်ထမ်းဆောင် ချင်ပါတယ်''ဟု ၎င်းက ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် နိမ့်ကျခဲ့သည့် မြန်မာ့ပညာရေးလောကအတွက် ဆရာရန်နိုင်ဦးကဲ့သို့ ဆရာများမြောက်မြားစွာ လိုအပ်ပါသည်။ ထို့ပြင် မူဝါဒချမှတ်သူများနှင့် အကောင်အထည်ဖော်မည့်သူများ သဟဇာတဖြစ်မှသာ မြန်မာ့ပညာရေးလောကခေါင်းမော့လာနိုင်မည်ဟု ယုံကြည်မိပါသည်။

နန္ဒမျိုးဆောင်

No comments:

Post a Comment

My Blog List