Friday, January 10, 2020

AA အဖွဲ့နှင့်ပတ်သက်ဆက်နွယ်သူ ၂ ဦးဖမ်းဆီး ရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များ သည် ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်-စစ်တွေကားလမ်းဘေးရှိ ခမောင်းတောကျေးရွာရှိ ဈေးဆိုင်ရှေ့၌ မသင်္ကာဖွယ်ရပ်တန့်ထားသည့် ဆိုင်ကယ် ၁စီး အားစောင့်ကြည့်စဉ် နေ့လယ် ၁၁ နာရီခန့်တွင် ၎င်းဆိုင်ကယ်အား လာရောက်ယူဆောင်သည့် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူများဖြစ်သော မဲလုံး နှင့်မောင်ကျော် တို့ နှစ်ဦး အား စစ်ဆေးဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူများအား စိစစ်မေးမြန်းချက်အရ ၎င်းဆိုင်ကယ်မှာ မဲလမောင်း ကျေးရွာနေ AA အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဗျာကြီး၏ ဆိုင်ကယ်ဖြစ်ကြောင်း၊ ဗျာကြီးသည် ပထွေးဖြစ်သူ ဦးတင်ထွန်းနှင့် ရင်းနှီးသူဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ဇန်နဝါရီ ၁ ရက်တွင် ကြိမ်ချောင်းကျေးရွာဘက်သို့ ထွက်ခွာသွားရာမှ ပြန်လည် ရောက်ရှိခြင်းမရှိသေးကြောင်း သိရှိရသဖြင့် ဦးတင်ထွန်း၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်မိရပ်ဖများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်ပေါ်မှ မိုင်းထောင်ရာတွင်အသုံးပြုသည့် ကြေးရောင် စနက်တံ ၇ ခု၊ အရှည် ၁ လက်မခန့်ရှိ ပိုက်အမဲ ၃၀ ခုနှင့် ပျောက်ကျားဘောင်းဘီရှည် ၁ ထည်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါဖမ်းဆီးရမိသည့် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ် သူများအား အမ်းမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး ဦးတင်ထွန်းနှင့်ဗျာကြီး တို့နှစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။
Image may contain: shoes
(unicode)
AA အဖွဲ့နှင့်ပတ်သက်ဆက်နွယ်သူ၂ ဦးဖမ်းဆီး ရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်
..................................................................................................

နေပြည်တော်၊ ဇန်နဝါရီ - ၁၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များ သည် ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်-စစ်တွေကားလမ်းဘေးရှိ ခမောင်းတောကျေးရွာရှိ ဈေးဆိုင်ရှေ့၌ မသင်္ကာဖွယ်ရပ်တန့်ထားသည့် ဆိုင်ကယ် ၁စီး အားစောင့်ကြည့်စဉ် နေ့လယ် ၁၁ နာရီခန့်တွင် ၎င်းဆိုင်ကယ်အား လာရောက်ယူဆောင်သည့် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူများဖြစ်သော မဲလုံး နှင့်မောင်ကျော် တို့ နှစ်ဦး အား စစ်ဆေးဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသူများအား စိစစ်မေးမြန်းချက်အရ ၎င်းဆိုင်ကယ်မှာ မဲလမောင်း ကျေးရွာနေ AA အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဗျာကြီး၏ ဆိုင်ကယ်ဖြစ်ကြောင်း၊ ဗျာကြီးသည် ပထွေးဖြစ်သူ ဦးတင်ထွန်းနှင့် ရင်းနှီးသူဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ဇန်နဝါရီ ၁ ရက်တွင် ကြိမ်ချောင်းကျေးရွာဘက်သို့ ထွက်ခွာသွားရာမှ ပြန်လည် ရောက်ရှိခြင်းမရှိသေးကြောင်း သိရှိရသဖြင့် ဦးတင်ထွန်း၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်မိရပ်ဖများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်ပေါ်မှ မိုင်းထောင်ရာတွင်အသုံးပြုသည့် ကြေးရောင် စနက်တံ ၇ ခု၊ အရှည် ၁ လက်မခန့်ရှိ ပိုက်အမဲ ၃၀ ခုနှင့် ပျောက်ကျားဘောင်းဘီရှည် ၁ ထည်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါဖမ်းဆီးရမိသည့် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ် သူများအား အမ်းမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး ဦးတင်ထွန်းနှင့်ဗျာကြီး တို့နှစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။
#PeopleMedia #AA

No comments:

Post a Comment

My Blog List