Tuesday, January 07, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people smiling, people standing
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကွာလာလမ်ပူမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီး H.E. Ms. Akua Sekyiwa Ahenkora အား ယနေ့ ဇန်နဝါရီ ၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

လက်ခံတွေ့ဆုံမှုတွင် မြန်မာ-ဂါနာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိသည်။
Image may contain: 2 people, people sitting and indoor
Image may contain: 2 people, people smiling, people standing and indoor
Credit - Ministry of Foreign Affairs Myanmar
<Zawgyi>
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ဇန်နဝါရီ ၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကွာလာလမ်ပူမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီး H.E. Ms. Akua Sekyiwa Ahenkora အား ယနေ့ ဇန်နဝါရီ ၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
လက်ခံတွေ့ဆုံမှုတွင် မြန်မာ-ဂါနာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိသည်။
Credit - Ministry of Foreign Affairs Myanmar

No comments:

Post a Comment

My Blog List